Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တော​လည် 31:8

Judson Bible

အ​သေ​သတ်​ခြင်း​ကို ခံ​ရ​သော​သူ​တို့​တွင် ဧ​ဝိ၊ ရေ​ကင်၊ ဇု​ရ၊ ဟု​ရ၊ ရေ​ဘ​တည်း​ဟူ​သော မိ​ဒျန်​မင်း​ကြီး​ငါး​ပါး​ပါ​ကြ၏။ ဗော​ရ​သား​ဗာ​လမ်​ကို​လည်း ဓား​နှင့်​သတ်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

မ​တ​ရား​သော​သူ​သည် မာ​န​စိတ်​ရှိ၍၊ ဆင်း​ရဲ​သော​သူ​ကို ညှဉ်း​ဆဲ​တတ်​ပါ၏။ မိ​မိ​ပြု​သော ပ​ရိ​ယာယ်​အား​ဖြင့် ထို​သူ​ကို ဖမ်း​ဆီး​တတ်​ပါ၏။

ထာ​ဝ​ရ​ဘု​ရား​သည် တ​ရား​စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​ခြင်း​အား​ဖြင့် ထင်​ရှား​တော်​မူ၏။ မ​တ​ရား​သော​သူ​သည် မိ​မိ​လုပ်​သော အ​လုပ်​ထဲ​မှာ ကျော့​မိ​ခြင်း​ကို​ခံ​ရ၏။

ဖြောင့်​သော​သ​ဘော​သည် ဖြောင့်​မတ်​သော​သူ​တို့​ကို ပဲ့​ပြင်​တတ်၏။ ကောက်​သော​သ​ဘော​မူ​ကား၊ လွန်​ကျူး​သော​သူ​တို့​ကို ဖျက်​ဆီး​တတ်၏။

မ​တ​ရား​သော​အ​စေ​ခံ​သည် မိ​မိ​စောင့်​သော​အ​မှု​ကို ဖျက်​တတ်၏။ သ​စ္စာ​ရှိ​သော​သံ​တ​မန်​မူ​ကား၊ ကျန်း​မာ​ခြင်း​အ​ကြောင်း ဖြစ်၏။

ကု​ရှန်​ပြည်၌ တဲ​တို့​သည် ဆင်း​ရဲ​ခံ​ခြင်း၊ မိ​ဒျန်​ပြည်၌ ကု​လား​ကာ​တို့​သည် လှုပ်​ရှား​ခြင်း​ကို ငါ​မြင်၏။

ဗာ​လမ်​က၊ မော​ဘ​ရှင်​ဘု​ရင် ဇိ​ဖော်​သား​ဗာ​လက်​သည် အ​ကျွန်ုပ်​ဆီ​သို့ လူ​ကို​စေ​လွှတ်၍၊

နွား​သည် မြက်​ပင်​ကို​လှမ်း၍​စား​သ​ကဲ့​သို့ ဤ​အ​လုံး​အ​ရင်း​သည် ငါ​တို့​ပတ်​လည်၌​ရှိ​သ​မျှ​ကို လှမ်း၍​စား​လိမ့်​မည်​ဟု ပူ​ပန်​သော​စိတ်​ရှိ​လျက်၊ မိ​ဒျန်​ပြည်​သား အ​သက်​ကြီး​သူ​တို့​အား ဆို​ကြ၏။ ထို​အ​ခါ ဇိ​ဖော်​သား​ဗာ​လက်​သည်၊ မော​ဘ​ရှင်​ဘု​ရင်​ဖြစ်​သည်​နှင့်၊

အ​မ္မုန်​ပြည်၌​စီး​သော မြစ်၏​အ​နား​မှာ​ရှိ​သော ပေ​သော်​မြို့​နေ ဗော​ရ​သား​ဗာ​လမ်​ကို ခေါ်​ပင့်​ခြင်း​ငှာ၊ သံ​တ​မန်​တို့​ကို​စေ​လွှတ်၍၊ အဲ​ဂု​တ္တု​ပြည်​မှ​ရောက်​လာ​သော လူ​တစ်​မျိုး​သည် မြေ​မျက်​နှာ​ကို​ဖုံး​လွှမ်း​လျက် ငါ့​အ​နား၌​နေ​ရာ​ချ​ကြ​ပြီ။

ယာ​ကုပ်​အ​မျိုး​မြေ​မှုန့်​ကို အ​ဘယ်​သူ​ရေ​တွက်​နိုင်​သ​နည်း။ ဣ​သ​ရေ​လ​အ​မျိုး​လေး​စု​တစ်​စု​ကို​မျှ အ​ဘယ်​သူ​ရေ​တွက်​နိုင်​သ​နည်း။ ဖြောင့်​မတ်​သော​သူ​သေ​သ​ကဲ့​သို့ ငါ​သေ​ပါ​စေ​သော။ ငါ့​အ​ဆုံး​သည် သူ၏​အ​ဆုံး​ကဲ့​သို့ ဖြစ်​ပါ​စေ​သော​ဟု မြွက်​ဆို၏။

ယ​ခု​မူ​ကား၊ ငါ့​အ​ဆွေ​အ​မျိုး​တို့​ထံ​သို့ ငါ​သွား​တော့​မည်။ နား​ထောင်​ပါ။ နောင်​ကာ​လ၌ ဤ​လူ​မျိုး​သည် မင်း​ကြီး၏​လူ​မျိုး၌ အ​ဘယ်​သို့ ပြု​မည်​အ​ရာ​ကို မင်း​ကြီး​အား​ကြား​ပြော​ပါ​မည်​ဟု ဗာ​လက်​မင်း​အား​ပြန်​ဆို​ပြီး​မှ၊

ဗာ​လမ်​သည်​ထ၍ မိ​မိ​နေ​ရာ​အ​ရပ်​သို့​ပြန်​သွား၏။ ဗာ​လက်​မင်း​သည်​လည်း သွား​လေ၏။

အ​သေ​သတ်​ခြင်း​ကို​ခံ​ရ​သော မိ​ဒျန်​မိန်း​မ​အ​မည်​ကား၊ မိ​ဒျန်​အ​မျိုး၌ ထင်​ရှား​သော​အ​ဆွေ​အ​မျိုး​တွင် အ​ကဲ​အ​မှူး​ဇု​ရ၏​သ​မီး ကော​ဇ​ဘိ​ဖြစ်​သ​တည်း။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ ပေ​ဂု​ရ​ဘု​ရား​အ​မှု၌ ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​စေ​ခြင်း​ငှာ၊ ဤ​မိန်း​မ​တို့​သည် ဗာ​လမ်​ပေး​သော အ​ကြံ​ကို​လိုက်၍ ပြု​ကြ​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား၏​ပ​ရိ​သတ်၌ ဘေး​ရောက်​လေ​သည်​တ​ကား။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ မိ​ဒျန်​မိန်း​မ​များ၊ သူ​ငယ်​များ​တို့​ကို လက်​ရ​သိမ်း​ယူ၍၊ သိုး၊ ဆိတ်၊ နွား​အ​စ​ရှိ​သော ဥ​စ္စာ​အ​လုံး​စုံ​တို့​ကို လု​ယူ​ကြ၏။

ဖြောင့်​မတ်​သော​လမ်း​ထဲ​က​ထွက်၍ လွှဲ​သွား​သ​ဖြင့်၊ ဗော​သော်၏​သား​ဗာ​လမ်၏​လမ်း​ကို လိုက်​ကြ၏။-

သူ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ကာ​ဣ​န​နောက်​သို့ လိုက်​ကြ၏။ အ​ခ​ကို​ရ​ခြင်း​ငှာ ဗာ​လမ်​မှား​ယွင်း​သ​ကဲ့​သို့ အ​လွန်​မှား​ယွင်း​ခြင်း ရှိ​ကြ၏။ ကော​ရ၏​ငြင်း​ခုံ​ခြင်း​အ​ပြစ်​နှင့် ဖျက်​ဆီး​ခြင်း​သို့ ရောက်​ကြ၏။-

သား​ရဲ​ကို ဖမ်း​မိ​ကြ၏။ သား​ရဲ၏ တံ​ဆိပ်​လက်​မှတ်​ကို ခံ၍၊ သူ၏​ရုပ်​တု​ကို ကိုး​ကွယ်​သော​သူ​တို့​ကို လှည့်​ဖြား၍ သား​ရဲ​ရှေ့၌ နိ​မိတ်​များ​ကို ပြ​တတ်​သော မိ​စ္ဆာ​ပ​ရော​ဖက်​ကို​လည်း ဖမ်း​မိ​ကြ၏။ အ​သက်​ရှင်​လျက်​ရှိ​သော ထို​သူ​နှစ်​ဦး​ကို ကန့်​နှင့် လောင်​သော​မီး​အိုင်​ထဲ​သို့ ချ​ပစ်​ကြ၏။-

သို့​သော်​လည်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ရုပ်​တု​ရှေ့​မှာ ပူ​ဇော်​သော​ယဇ်​ကောင်​ကို စား​စေ​ခြင်း​ငှာ လည်း​ကောင်း၊ မ​တ​ရား​သော မေ​ထုန်​ကို ပြု​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ထိ​မိ၍ လဲ​စ​ရာ​အ​ရာ​ကို သူ​တို့​ရှေ့၌ ချ​ထား​မည်​အ​ကြောင်း၊ ဗာ​လက်​မင်း​ကို အ​ကြံ​ပေး​သော​သူ​တည်း​ဟူ​သော ဗာ​လမ်၏​အ​ယူ​ကို စွဲ​လမ်း​သော​သူ​တို့​သည် သင်၏​နေ​ရာ၌​ရှိ​ကြ​သည်​ဖြစ်၍၊ သင်၌ အ​နည်း​ငယ်​သော​အ​ပြစ်​တင်​စ​ရာ ရှိ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ