Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တော​လည် 31:3

Judson Bible

မော​ရှေ​သည်​လည်း လူ​များ​တို့​ကို​ခေါ်၍၊ အ​ချို့​တို့​သည် လက်​နက်​ကို​ကိုင်​လျက်၊ မိ​ဒျန်​အ​မျိုး​သား​တို့​သို့​စစ်​ချီ၍ ထာ​ဝ​ရ​ဘု​ရား​ဘက်၌ တ​ရား​စီ​ရင်​စေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​သည်​ငါ့​ရှေ့​မှာ ဖြောင့်​သော​အ​ကျင့်​ကို​ကျင့်၍ ကောင်း​မွန်​စွာ ပြု​သော​ကြောင့်​လည်း​ကောင်း၊ ငါ​အ​လို​ရှိ​သ​မျှ​အ​တိုင်း အာ​ဟပ်​အ​မျိုး၌ စီ​ရင်​သော​ကြောင့်​လည်း​ကောင်း၊ သင့်​သား​မြေး လေး​ဆက်​တိုင်​အောင် ဣ​သ​ရေ​လ​နိုင်​ငံ ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ​ထိုင်​ရ​မည်​ဟု ယေ​ဟု​အား မိန့်​တော်​မူ​သော်​လည်း၊

ငါ့​ကျွန်​ပ​ရော​ဖက်​တို့​ကို​သတ်​သော​အ​ပြစ်၊ ထာ​ဝ​ရ​ဘု​ရား၏ ပ​ရော​ဖက်​အ​ပေါင်း​ကို သတ်​သော​အ​ပြစ်​အ​လျောက်၊ ယေ​ဇ​ဗေ​လ၌ ငါ​ဒဏ်​ပေး​မည်​အ​ကြောင်း၊ သင်​သည် သင့်​သ​ခင်​အာ​ဟပ်​အ​မျိုး​ကို လုပ်​ကြံ​ရ​မည်။

အ​ကြောင်း​မူ​ကား၊ အာ​မ​လက်​လူ​မျိုး၏​လက်​သည် ထာ​ဝ​ရ​ဘု​ရား၏ ရာ​ဇ​ပ​လ္လင်​တော်၏​ရန်​ဘက်​ဖြစ်​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ကာ​လ​အ​စဉ်​အ​ဆက် အာ​မ​လက်​အ​မျိုး​ကို​စစ်​တိုက်​တော်​မူ​လိမ့်​မည်​ဟု ဆို​သ​တည်း။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏​ရန်​သူ​တို့​ကို ဒဏ်​ပေး​ရ​သော​နေ့၊ အ​မျက်​တော်​ကို ဖြေ​ရ​သော​နေ့​ရက် ဖြစ်​သည်​နှင့်​အ​ညီ၊ ဓား​တော်​သည် ကိုက်​စား၍ ဝ​လိမ့်​မည်။ သူ​တို့​အ​သွေး​နှင့် ယစ်​မူး​လိမ့်​မည်။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့၊ မြောက်​မျက်​နှာ၌ ဥ​ဖ​ရတ်​မြစ်​နား​မှာ ယဇ်​ပူ​ဇော်​စ​ရာ​အ​ကြောင်း​ရှိ၏။

ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​အ​မျက်​တော်​ပြေ​ခြင်း၊ ဗိ​မာန်​တော်​ကို ဖျက်​ဆီး​သော​အ​ပြစ်​နှင့် အ​လျောက် ဒဏ်​ပေး​ခြင်း​သ​တင်း​ကို ဇိ​အုန်​မြို့၌ ကြား​ပြော​အံ့​သော​ငှာ၊ ဗာ​ဗု​လုန်​ပြည်​မှ ပြေး​လွတ်​သော​သူ​တို့၏ အ​သံ​ကို ကြား​ရ၏။

ငါ့​ပ​ဋိ​ညာဉ်​ဘက်၌​နေ၍၊ တ​ရား​စီ​ရင်​ရ​သော​ဓား​ဘေး​ကို သင်​တို့​အ​ပေါ်​မှာ ငါ​သက်​ရောက်​စေ​မည်။ သင်​တို့​သည်​မြို့​ထဲ၌၊ စု​ဝေး​သော​အ​ခါ၊ ကာ​လ​နာ​ဘေး​ကို ငါ​စေ​လွှတ်၍၊ ရန်​သူ​လက်​သို့​ရောက်​စေ​မည်။

သူ​သည် မိ​မိ​ဘု​ရား​သ​ခင်​ဘက်၌ စိတ်​အား​ကြီး၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​သော​ကြောင့်၊ သူ​မှ​စ၍ သား​စဉ်​မြေး​ဆက်​တို့​သည် ထို​ပ​ဋိ​ညာဉ်​တည်း​ဟူ​သော ထာ​ဝ​ရ​ယဇ်​ပု​ရော​ဟိတ်​အ​ရာ​နှင့်​ဆိုင်​သော ပ​ဋိ​ညာဉ်​ကို​ရ​ပြီ​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။

ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ်​တို့​တွင် တစ်​မျိုး​တစ်​မျိုး​ထဲ​က၊ လူ​တစ်​ထောင်​စီ​ရွေး၍ စစ်​ချီ​စေ​ဟု စီ​ရင်​သည်​အ​တိုင်း၊

ဣ​သ​ရေ​လ​အ​မျိုး၌ မင်း​တို့​သည် အ​ဦး​ပြု​သော​ကြောင့်​လည်း​ကောင်း၊ ဆင်း​ရဲ​သား​တို့​သည် စေ​တ​နာ​စိတ်​နှင့် မိ​မိ​ကိုယ်​ကို လှူ​သော​ကြောင့်​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။

မေ​ရော​ဇ​မြို့​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ဘက်၊ စစ်​သူ​ရဲ​တို့​နှင့်​ဝိုင်း၍ ထာ​ဝ​ရ​ဘု​ရား​ဘက်​သို့ မ​ကူ​ကြ​သော​ကြောင့်၊ မေ​ရော​ဇ​မြို့​ကို ကျိန်​ကြ​လော့။ မြို့​သား​တို့​ကို ပြင်း​စွာ ကျိန်​ကြ​လော့​ဟု ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​သည် မှာ​ထား၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ