တစ်ပါးအမျိုးသားတို့သည် သူတို့ကို နေရင်းအရပ်သို့ ပို့ဆောင်ကြလိမ့်မည်။ ဣသရေလအမျိုးသားတို့သည် တစ်ပါးအမျိုးသားတို့ကို ထာဝရဘုရား၏ပြည်တော်တွင်၊ ကျွန်နှင့် ကျွန်မအရာ၌ထား၍ စေစားကြလိမ့်မည်။ အထက်က သိမ်းသွားဖူးသော သူတို့ကို တစ်ဖန် သိမ်းယူခဲ့ကြလိမ့်မည်။ ညှဉ်းဆဲဖူးသောသူတို့ကိုလည်း အုပ်စိုးကြလိမ့်မည်။