ဖမ်းရသောလူ၊ တိရစ္ဆာန်နှင့်တကွ၊ လက်ရဥစ္စာအလုံးစုံတို့ကို သိမ်းသွား၍၊
သူတို့သားမယား၊ သူငယ်အပေါင်းကိုလည်းကောင်းသိမ်းယူ၍၊ အိမ်တို့၌ရှိသမျှကိုလည်း လုယက်ဖျက်ဆီးကြ၏။
မိဒျန်အမျိုးသားတို့နေသော မြို့ရွာရှိသမျှတို့ကို မီးရှို့ကြ၏။
မောဘလွင်ပြင် ယော်ဒန်မြစ်နား၊ ယေရိခေါမြို့တစ်ဖက်၌ တပ်ချလျက်နေသော မောရှေ၊ ယဇ်ပုရောဟိတ်ဧလာဇာ၊ ဣသရေလအမျိုးသား ပရိသတ်တို့ထံသို့ ဆောင်ခဲ့ကြ၏။
မိန်းမ၊ သူငယ်၊ တိရစ္ဆာန်အစရှိသော မြို့၌တွေ့သော ဥစ္စာရှိသမျှကို ကိုယ်ဖို့သိမ်း၍၊ သင်၏ဘုရားသခင်ထာဝရဘုရား ပေးတော်မူသော သင်၏ရန်သူလက်မှရသော ဥစ္စာကိုစားရမည်။
ထိုမြို့များ၌ လက်ရဥစ္စာနှင့် တိရစ္ဆာန်ရှိသမျှတို့ကို ဣသရေလလူတို့သည် ကိုယ်အဖို့သိမ်းယူကြ၏။ လူတို့ကို မဖျက်ဆီးမီတိုင်အောင် ရှိသမျှတို့ကို ဓားနှင့်လုပ်ကြံကြ၏။ တစ်ယောက်ကိုမျှ အရှင်မကျန်ကြွင်းစေကြ။
ရွှေငွေကိုလည်းကောင်း၊ ကြေးဝါတန်ဆာ၊ သံတန်ဆာရှိသမျှတို့ကိုလည်းကောင်း၊ ထာဝရဘုရားအဖို့ သန့်ရှင်းစေ၍၊ ဘဏ္ဍာတော်ထဲသို့ သွင်းထားရကြမည်ဟု လူများတို့အား ယောရှုသည်မှာထားလေ၏။
ယေရိခေါမြို့နှင့် မင်းကြီးအားပြုသကဲ့သို့ အာဣမြို့နှင့်မင်းကြီးအား ပြုရမည်။ သို့ရာတွင် လုယူသောဥစ္စာ၊ တိရစ္ဆာန်များကို ကိုယ်အဖို့သိမ်းရမည်။ မြို့နောက်မှာ ကင်းတပ်ကိုထားရမည်ဟု ယောရှုအားမိန့်တော်မူသည်အတိုင်း၊