သို့မဟုတ် လင်သည်ကြားသောနေ့၌ မြစ်တားလျှင်၊ ထိုသစ္စာစကား၊ ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်သောစကားကို လင်သည်ပယ်၍၊ ထာဝရဘုရားလည်း လွှတ်တော်မူမည်။
မိန်းမကိုလည်း၊ သင်၌ကိုယ်ဝန်ဆောင်ခြင်းဝေဒနာကို ငါအလွန်များပြားစေမည်။ ပင်ပန်းစွာဝေဒနာကိုခံ၍ သားဖွားရမည်။ ကိုယ်ခင်ပွန်း၏အလိုသို့လိုက်၍၊ သူ၏အုပ်စိုးခြင်းကိုလည်းခံရမည်ဟု မိန့်တော်မူ၏။
ကောင်းကင်မိဖုရားအဖို့ နံ့သာပေါင်းကိုမီးရှို့၍၊ သွန်းလောင်းရာ ပူဇော်သကာကို ပြုသောအခါ၊ ငါတို့၏ ယောက်ျားမပါဘဲ မုန့်ပြားတို့ကိုလုပ်၍၊ သွန်းလောင်းရာ ပူဇော်သကာပြုလျက် ကိုးကွယ်သလောဟု ပြန်ပြောကြ၏။
တစ်စုံတစ်ယောက်သောသူသည် ကောင်းသောအမှု၊ မကောင်းသောအမှုကို ပြုမည်ဟု အကျိုးအပြစ်ကိုမသိဘဲ ကျိန်ဆိုလျက် သစ္စာပြု၍ နောက်တစ်ဖန်သိလျှင်၊ အရင်ကျိန်ဆိုလျက် သစ္စာပြုလေရာရာ၌ အပြစ်တစ်စုံတစ်ခုရောက်သော်လည်းကောင်း၊
သို့မဟုတ် အဘသည်ကြားသောနေ့၌ မြစ်တားလျှင်၊ ထိုသစ္စာစကားမည်မျှ၊ ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်သောစကားမည်မျှ မတည်ရ။ အဘမြစ်တားသောကြောင့်၊ ထာဝရဘုရား လွှတ်တော်မူမည်။
လင်သည်ကြားလျှင်လည်းကောင်း၊ ကြားသောနေ့၌ တိတ်ဆိတ်စွာနေလျှင်လည်းကောင်း၊ ထိုသစ္စာစကား၊ ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်သောစကား တည်ရမည်။
လင်သေသောမိန်းမ၊ လင်နှင့်ကွာသောမိန်းမသည် ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်သော သစ္စာကတိအလုံးစုံတို့သည် တည်ရကြမည်။
သင်တို့၏ မိန်းမတို့သည် အသင်းတော်၌ တိတ်ဆိတ်စွာ နေကြစေ။ သူတို့သည် ဟောပြောရသော အခွင့်မရှိကြ။ ပညတ်တရားစီရင်သည်အတိုင်း သူတို့သည် ယောက်ျား၏အုပ်စိုးခြင်းကို ဝန်ခံရကြမည်။-
မိန်းမသည် မိမိကိုယ်ကိုမပိုင်၊ လင်သည်ပိုင်၏။ ထိုနည်းတူ ယောက်ျားသည်လည်း မိမိကိုယ်ကိုမပိုင်၊ မယားသည်ပိုင်၏။-
ခင်ပွန်းဧလကာနက၊ စိတ်ရှိသည် အတိုင်းပြုလော့။ နို့နှင့်မကွာမီတိုင်အောင် နေလော့။ ထာဝရဘုရား၏ ကတိတော်သာ တည်ပါစေသောဟု ဝန်ခံ၍၊ မယားသည် သူငယ်ကိုနို့တိုက်လျက် နို့မကွာမီတိုင်အောင် မသွားဘဲနေ၏။