Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တော​လည် 30:7

Judson Bible

လင်​သည်​ကြား​လျှင်​လည်း​ကောင်း၊ ကြား​သော​နေ့၌ တိတ်​ဆိတ်​စွာ​နေ​လျှင်​လည်း​ကောင်း၊ ထို​သ​စ္စာ​စ​ကား၊ ကိုယ်​စိတ်​ဝိ​ညာဉ်၌ ချည်​နှောင်​သော​စ​ကား တည်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

မိန်း​မ​ကို​လည်း၊ သင်၌​ကိုယ်​ဝန်​ဆောင်​ခြင်း​ဝေ​ဒ​နာ​ကို ငါ​အ​လွန်​များ​ပြား​စေ​မည်။ ပင်​ပန်း​စွာ​ဝေ​ဒ​နာ​ကို​ခံ၍ သား​ဖွား​ရ​မည်။ ကိုယ်​ခင်​ပွန်း၏​အ​လို​သို့​လိုက်၍၊ သူ၏​အုပ်​စိုး​ခြင်း​ကို​လည်း​ခံ​ရ​မည်​ဟု မိန့်​တော်​မူ၏။

ကောင်း​ကင်​မိ​ဖု​ရား​အ​ဖို့ နံ့​သာ​ပေါင်း​ကို​မီး​ရှို့၍၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​ကို ပြု​သော​အ​ခါ၊ ငါ​တို့၏ ယောက်ျား​မ​ပါ​ဘဲ မုန့်​ပြား​တို့​ကို​လုပ်၍၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​ပြု​လျက် ကိုး​ကွယ်​သ​လော​ဟု ပြန်​ပြော​ကြ၏။

မိန်း​မ​သည် လင်​ရှိ​လျက်၊ သ​စ္စာ​က​တိ​ပြု၍ ကိုယ်​စိတ်​ဝိ​ညာဉ်၌ ချည်​နှောင်​ခြင်း​ငှာ နှုတ်​မြွက်​သော​အ​ခါ၊

သို့​မ​ဟုတ် လင်​သည်​ကြား​သော​နေ့၌ မြစ်​တား​လျှင်၊ ထို​သ​စ္စာ​စ​ကား၊ ကိုယ်​စိတ်​ဝိ​ညာဉ်၌ ချည်​နှောင်​သော​စ​ကား​ကို လင်​သည်​ပယ်၍၊ ထာ​ဝ​ရ​ဘု​ရား​လည်း လွှတ်​တော်​မူ​မည်။

ဥ​ပ​မာ​ကား၊ လင်​ရှိ​သော​မိန်း​မ​သည် လင်​မ​သေ​မီ​တိုင်​အောင်၊ ပ​ညတ်​တ​ရား​အား​ဖြင့် လင်၌ ချည်​နှောင်​လျက်​ရှိ၏။ လင်​သေ​လျှင်​မူ​ကား လင်​ဝတ်​နှင့်​လွတ်၏။-

အို​ကောင်း​ကင် ဗိုလ်​ခြေ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏ ကျွန်​မ​ကို မေ့​လျော့​တော်​မ​မူ​ဘဲ၊ ကိုယ်​တော်​ကျွန်​မ၏ ဆင်း​ရဲ​ခြင်း​ကို ကြည့်​ရှု​အောက်​မေ့​သ​ဖြင့်၊ သား​ယောက်ျား​ကို ပေး​သ​နား​တော်​မူ​လျှင်၊ သူ၏​ဆံ​ပင်​ရိတ်​ခြင်း​ကို အ​လျှင်း​မ​ပြု။ တစ်​သက်​လုံး ထာ​ဝ​ရ​ဘု​ရား၏​ကျွန်​ဖြစ်​စေ​ခြင်း​ငှာ ကျွန်​မ​အပ်​ပါ​မည်​ဟု သ​စ္စာ​က​တိ​ပြု​လေ၏။

ခင်​ပွန်း​ဧ​လ​ကာ​န​က၊ စိတ်​ရှိ​သည် အ​တိုင်း​ပြု​လော့။ နို့​နှင့်​မ​ကွာ​မီ​တိုင်​အောင် နေ​လော့။ ထာ​ဝ​ရ​ဘု​ရား၏ က​တိ​တော်​သာ တည်​ပါ​စေ​သော​ဟု ဝန်​ခံ၍၊ မ​ယား​သည် သူ​ငယ်​ကို​နို့​တိုက်​လျက် နို့​မ​ကွာ​မီ​တိုင်​အောင် မ​သွား​ဘဲ​နေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ