Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တော​လည် 30:3

Judson Bible

မိန်း​မ​သည် အ​ဘ​အိမ်၌​အ​သက်​ငယ်​စဉ်​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​အား သ​စ္စာ​က​တိ​ပြု​သော်​လည်း​ကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ဘု​ရား​သ​ခင် အ​ကျိန်​တိုက်​ပြီး​သော နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး​ကို ပုန်​ကန်​လေ၏။ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ မ​ပြန်​မည်​အ​ကြောင်း၊ မိ​မိ​လည်​ပင်း​ကို​လည်း​ကောင်း၊ မိ​မိ​နှ​လုံး​ကို​လည်း​ကောင်း ခိုင်​မာ​စေ၏။

ကျေး​ဇူး​ချီး​မွမ်း​ခြင်း​ယဇ်​ကို ဘု​ရား​သ​ခင်​အား​ပူ​ဇော်​လော့။ သ​စ္စာ​က​တိ​ထား​သည်​အ​တိုင်း၊ အ​မြင့်​ဆုံး​သော​အ​ရာ၌ သ​စ္စာ​ဝတ်​ကို​ဖြေ​လော့။

လူ​သည်​သ​စ္စာ​က​တိ​ပြု၍​ပူ​ဇော်​လျှင်၊ ပူ​ဇော်​အပ်​သော​သူ​သည်၊ သင်​အ​ဖိုး​ဖြတ်​သည်​အ​တိုင်း ထာ​ဝ​ရ​ဘု​ရား၏​ဘ​ဏ္ဍာ​တော် ဖြစ်​ရ​မည်။

လူ​ယောက်ျား​သည် ထာ​ဝ​ရ​ဘု​ရား​အား သ​စ္စာ​က​တိ​ပြု​သော်​လည်း​ကောင်း၊ ကိုယ်​စိတ်​ဝိ​ညာဉ်၌ ချည်​နှောင်၍ ကျိန်​ဆို​ခြင်း​ကို​ပြု​သော်​လည်း​ကောင်း၊ မိ​မိ​ပြော​သော​စ​ကား​ကို မ​ဖျက်​ဘဲ၊ မိ​မိ​နှုတ်​ထွက်​ရှိ​သည်​အ​တိုင်း ပြု​ရ​မည်။

ထို​သ​စ္စာ​စ​ကား၊ ကိုယ်​စိတ်​ဝိ​ညာဉ်၌ ချည်​နှောင်​သော​စ​ကား​ကို အ​ဘ​သည်​ကြား​လျက် တိတ်​ဆိတ်​စွာ​နေ​လျှင် ထို​သ​စ္စာ​စ​ကား​ရှိ​သ​မျှ​တို့​နှင့် ကိုယ်​စိတ်​ဝိ​ညာဉ်၌ ချည်​နှောင်​သော စ​ကား​ဟူ​သ​မျှ​တို့​သည် တည်​ရ​ကြ​မည်။

ယောက်ျား​ဖြစ်​စေ၊ မိန်း​မ​ဖြစ်​စေ၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မိ​မိ​ကို​ခြား​နား​စေ၍၊ နာ​ဇ​ရိ​သ​စ္စာ​ပြု​ခြင်း​ငှာ မိ​မိ​ကို မိ​မိ​ခွဲ​ထား​သော​အ​ခါ၊

သင်​တို့၏ မိန်း​မ​တို့​သည် အ​သင်း​တော်၌ တိတ်​ဆိတ်​စွာ နေ​ကြ​စေ။ သူ​တို့​သည် ဟော​ပြော​ရ​သော အ​ခွင့်​မ​ရှိ​ကြ။ ပ​ညတ်​တ​ရား​စီ​ရင်​သည်​အ​တိုင်း သူ​တို့​သည် ယောက်ျား၏​အုပ်​စိုး​ခြင်း​ကို ဝန်​ခံ​ရ​ကြ​မည်။-

ပ​ရိ​သတ်​အ​ကဲ​အ​မှူး​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို တိုင်​တည်၍ ကျိန်​ဆို​ခြင်း​ကို ပြု​သော​ကြောင့်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သူ​တို့​ကို မ​လုပ်​ကြံ​ကြ။ ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် အ​ကဲ​အ​မှူး​တို့​ကို အ​ပြစ်​တင်​ကြ၏။

ယေ​ဖ​သ​သည် သူ့​ကို​မြင်​လျှင်၊ မိ​မိ​အ​ဝတ်​ကို​ဆုတ်၍၊ အို ငါ့​သ​မီး၊ သင်​သည် ငါ့​ကို အ​လွန်​နှိမ့်​ချ​ပြီ​တ​ကား။ ငါ့​ကို နှောင့်​ယှက်​သော​သူ​တစ်​ယောက် ဖြစ်​ပါ​သည်​တ​ကား။ ထာ​ဝ​ရ​ဘု​ရား​အား ငါ​လျှောက်​ထား​ပြီ။ နုတ်​ရ​သော​အ​ခွင့်​မ​ရှိ​ဟု ဆို​သော်၊

အို​ကောင်း​ကင် ဗိုလ်​ခြေ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏ ကျွန်​မ​ကို မေ့​လျော့​တော်​မ​မူ​ဘဲ၊ ကိုယ်​တော်​ကျွန်​မ၏ ဆင်း​ရဲ​ခြင်း​ကို ကြည့်​ရှု​အောက်​မေ့​သ​ဖြင့်၊ သား​ယောက်ျား​ကို ပေး​သ​နား​တော်​မူ​လျှင်၊ သူ၏​ဆံ​ပင်​ရိတ်​ခြင်း​ကို အ​လျှင်း​မ​ပြု။ တစ်​သက်​လုံး ထာ​ဝ​ရ​ဘု​ရား၏​ကျွန်​ဖြစ်​စေ​ခြင်း​ငှာ ကျွန်​မ​အပ်​ပါ​မည်​ဟု သ​စ္စာ​က​တိ​ပြု​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ