Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တော​လည် 30:2

Judson Bible

လူ​ယောက်ျား​သည် ထာ​ဝ​ရ​ဘု​ရား​အား သ​စ္စာ​က​တိ​ပြု​သော်​လည်း​ကောင်း၊ ကိုယ်​စိတ်​ဝိ​ညာဉ်၌ ချည်​နှောင်၍ ကျိန်​ဆို​ခြင်း​ကို​ပြု​သော်​လည်း​ကောင်း၊ မိ​မိ​ပြော​သော​စ​ကား​ကို မ​ဖျက်​ဘဲ၊ မိ​မိ​နှုတ်​ထွက်​ရှိ​သည်​အ​တိုင်း ပြု​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

36 ပူးပေါင်းရင်းမြစ်များ  

သင်​ဆု​တောင်း​သော​အ​ခါ နား​ထောင်​တော်​မူ​မည်။ သ​စ္စာ​က​တိ​ထား​သည်​အ​တိုင်း၊ သ​စ္စာ​ဝတ်​ဖြေ​ရ​သော​အ​ခွင့် ရှိ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​အား သ​စ္စာ​က​တိ​ထား​သည် အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား၏ လူ​များ​ရှေ့၌ သ​စ္စာ​ဝတ်​ကို ဖြေ​မည်။

ထာ​ဝ​ရ​ဘု​ရား​အား သ​စ္စာ​က​တိ​ထား​သည်​အ​တိုင်း၊

ဖြောင့်​မတ်​စွာ စီ​ရင်​တော်​မူ​ချက်​တို့​ကို စောင့်​ပါ​မည်​ဟု အ​ကျွန်ုပ်​ကျိန်​ဆို​သည် အ​တိုင်း​ပြု​ပါ​မည်။

သူ​တစ်​ပါး၏​အ​သ​ရေ​ကို ပျက်​စေ​ခြင်း​ငှာ​ပြော​ဆို​ခြင်း၊ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ၏ အ​ကျိုး​ကို​ပြစ်​မှား​ခြင်း၊ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ​ကို​လည်း ကဲ့​ရဲ့​ခြင်း​ကို​ရှောင်​ထ​သော၊

အ​ကျွန်ုပ်​သည် မ​ဟာ​ပ​ရိ​သတ်​အ​လယ်​မှာ ကိုယ်​တော်​ကို ချီး​မွမ်း၍၊ ကိုယ်​တော်​ကို ကြောက်​ရွံ့​သော​သူ​တို့​ရှေ့​မှာ၊ သ​စ္စာ​က​တိ​ထား​သည်​အ​တိုင်း သ​စ္စာ​ဝတ်​ကို ဖြေ​ပါ​မည်။

ကျေး​ဇူး​ချီး​မွမ်း​ခြင်း​ယဇ်​ကို ဘု​ရား​သ​ခင်​အား​ပူ​ဇော်​လော့။ သ​စ္စာ​က​တိ​ထား​သည်​အ​တိုင်း၊ အ​မြင့်​ဆုံး​သော​အ​ရာ၌ သ​စ္စာ​ဝတ်​ကို​ဖြေ​လော့။

ထို​သို့​သော​သူ​သည် မိတ်​ဆွေ​ဖြစ်​သော​သူ​ကို​ပြစ်​မှား၍ သ​စ္စာ​ပျက်​တတ်၏။

အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​သည် ရှေ့​တော်၌​သ​စ္စာ​ပြု​ပါ​သည်​ဖြစ်၍၊ သ​စ္စာ​ဝတ်​ကို​ဖြေ​လျက် ကိုယ်​တော်​ကို ချီး​မွမ်း​ပါ​မည်။

သ​စ္စာ​က​တိ​ပြု​ကြ​လော့။ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား သ​စ္စာ​ဝတ်​ကို​လည်း ဖြေ​ကြ​လော့။ ကိုယ်​တော်၏​ပတ်​လည်၌​နေ​သော သူ​အ​ပေါင်း​တို့​သည် ကြောက်​ရွံ့​ရို​သေ​ဖွယ်​သော ဘု​ရား​ထံ​တော်​သို့ လက်​ဆောင်​ကို ဆောင်​ခဲ့​ကြ​စေ။

သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​ကို မု​သား​နှင့်​ဆိုင်၍ မ​မြွက်​မ​ဆို​နှင့်။ အ​ကြောင်း​မူ​ကား၊ နာ​မ​တော်​ကို မု​သား​နှင့်​ဆိုင်၍ မြွက်​ဆို​သော​သူ​ကို အ​ပြစ်​မ​ရှိ​ဟု ထာ​ဝ​ရ​ဘု​ရား​မှတ်​တော်​မ​မူ။

ဘု​ရား​အ​မှု၌ စ​ကား​လွန်​မိ​သော​သူ၊ သ​စ္စာ​က​တိ​ထား​ပြီး​မှ မေး​မြန်း​သော​သူ​သည် ကျော့​ကွင်း​နှင့် တွေ့​မိ​ပြီ။

တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ကောင်း​သော​အ​မှု၊ မ​ကောင်း​သော​အ​မှု​ကို ပြု​မည်​ဟု အ​ကျိုး​အ​ပြစ်​ကို​မ​သိ​ဘဲ ကျိန်​ဆို​လျက် သ​စ္စာ​ပြု၍ နောက်​တစ်​ဖန်​သိ​လျှင်၊ အ​ရင်​ကျိန်​ဆို​လျက် သ​စ္စာ​ပြု​လေ​ရာ​ရာ၌ အ​ပြစ်​တစ်​စုံ​တစ်​ခု​ရောက်​သော်​လည်း​ကောင်း၊

ငြိမ်​သက်​ခြင်း၏ ဝမ်း​မြောက်​စ​ရာ​သ​တင်း​စ​ကား​ကို ကြား​ပြော​သော​သူ၏ ခြေ​တို့​ကို တောင်​ပေါ်​မှာ ကြည့်​ကြ​လော့။ အို ယု​ဒ​အ​မျိုး၊ သင်၏​ဓ​မ္မ​ပွဲ​ကို​ခံ​လော့။ သ​စ္စာ​က​တိ​ထား​သည်​အ​တိုင်း သ​စ္စာ​ဝတ်​ကို ဖြေ​လော့။ အ​ဓ​မ္မ​လူ​သည် ရှင်း​ရှင်း​ပယ်​ဖြတ်​ခြင်း​ကို ခံ​ရ​သော​ကြောင့် နောက်​တစ်​ဖန်​သင့်​ကို မ​ကျော်​မ​နင်း​ရ။

ဣ​သ​ရေ​လ​အ​မျိုး​က​လည်း၊ ကိုယ်​တော်​သည်​ဤ​လူ​မျိုး​ကို အ​ကျွန်ုပ်​တို့​လက်​သို့ အပ်​တော်​မူ​လျှင်၊ သူ​တို့​မြို့​များ​ကို ရှင်း​ရှင်း​ဖျက်​ဆီး​ပါ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​အား သ​စ္စာ​က​တိ​ပြု​လေ၏။

လင်​အိမ်၌​ရှိ​စဉ်​အ​ခါ၊ သ​စ္စာ​က​တိ​ပြု​သော်​လည်း​ကောင်း၊ ကျိန်​ဆို​ခြင်း​အား​ဖြင့် ကိုယ်​စိတ်​ဝိ​ညာဉ်၌ ချည်​နှောင်​သော်​လည်း​ကောင်း၊

သူ​ငယ်​များ​အ​ဖို့ မြို့​တို့​ကို​လည်း​ကောင်း၊ သိုး​များ​အ​ဖို့ သိုး​ခြံ​တို့​ကို​လည်း​ကောင်း တည်​လုပ်​ကြ​လော့။ ယ​ခု​ပြော​သ​မျှ​အ​တိုင်း ပြု​ကြ​လော့​ဟု​ဆို​လျှင်၊

လမ်း​ပြ​သော​လူ​ကန်း​တို့၊ သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ ဗိ​မာန်​တော်​ကို​တိုင်​တည်၍ ကျိန်​ဆို​ခြင်း​ကို ပြု​လျှင် မ​တည်။ ဗိ​မာန်​တော်၏ ရွှေ​ကို​တိုင်​တည်၍ ကျိန်​ဆို​ခြင်း​ကို​ပြု​လျှင် တည်​သည်​ဟု သင်​တို့​ဆို​ကြ၏။-

တစ်​နည်း​ကား၊ ယဇ်​ပ​လ္လင်​ကို တိုင်​တည်၍ ကျိန်​ဆို​ခြင်း​ကို​ပြု​လျှင် မ​တည်။ ယဇ်​ပ​လ္လင်​ပေါ်​မှာ​ရှိ​သော ပူ​ဇော်​သ​ကာ​ကို တိုင်​တည်၍ ကျိန်​ဆို​ခြင်း​ကို​ပြု​လျှင် တည်​သည်​ဟု သင်​တို့​ဆို​ကြ၏။-

မိုး​လင်း​သော​အ​ခါ ယု​ဒ​လူ​တို့​သည် သင်း​ဖွဲ့၍၊ ငါ​တို့​သည် ပေါ​လု​ကို မ​သတ်​မီ​တိုင်​အောင် အ​လျှင်း​မ​စား​မ​သောက်​ရ​ဟု ကိုယ်​ကို​ကျိန်​ဆို၍ ဓိ​ဋ္ဌာန်​ပြု​ကြ၏။-

ထို​သူ​တို့​သည် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် လူ​အ​ကြီး​အ​ကဲ​တို့​ထံ​သို့​သွား၍၊ အ​ကျွန်ုပ်​တို့​သည် ပေါ​လု​ကို မ​သတ်​မီ​တိုင်​အောင် အ​လျှင်း​မ​စား​မ​သောက်​ရ​ဟု ကိုယ်​ကို​ကျိန်​ဆို၍ ဓိ​ဋ္ဌာန်​ပြု​ကြ​ပါ​ပြီ။-

သို့​ရာ​တွင် သူ​တို့၏ အ​လို​သို့​မ​လိုက်​ပါ​နှင့်။ ပေါ​လု​ကို​မ​သတ်​မီ​တိုင်​အောင် အ​လျှင်း​မ​စား​မ​သောက်​ရ​ဟု ကိုယ်​ကို​ကျိန်​ဆို၍ ဓိ​ဋ္ဌာန်​ပြု​သော ယု​ဒ​လူ​လေး​ကျိပ်​မ​က၊ လမ်း​နား၌ ပေါ​လု​ကို​ချောင်း၍ နေ​ကြ​ပါ၏။ ယ​ခု​ပင် ကိုယ်​တော်​ဝန်​ခံ​မည့်​စ​ကား​ကို ထို​သူ​တို့​သည် ဆိုင်း​လင့်၍ အ​သင့်​ရှိ​နှင့်​ပါ​ပြီ​ဟု လျှောက်​လေ၏။

ငါ​သည် သင်​တို့​ကို သ​နား​သော​ကြောင့်​သာ ယ​ခု​တိုင်​အောင် ကော​ရိ​န္သု​မြို့​သို့​မ​လာ​ဟု ငါ့​စိတ်​ဝိ​ညာဉ်​ဘက်၌ ဘု​ရား​သ​ခင်​ကို ငါ​တိုင်​တည်၏။-

ထို​အ​ခါ ယေ​ဖ​သ​သည် ဂိ​လဒ်​ပြည်​သား အ​သက်​ကြီး​သူ​တို့​နှင့်​သွား၍ သူ့​ကို လူ​များ​တို့၏​အထွတ် ဗိုလ်​ချုပ်​မင်း​အ​ရာ၌ ခန့်​ထား​ကြ၏။ ယေ​ဖ​သ​သည်​လည်း ထို​စ​ကား​အ​လုံး​စုံ​တို့​ကို မိ​ဇ​ပါ​မြို့​မှာ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ပြန်​ကြား​လျှောက်​ထား၏။

နှစ်​လ​စေ့​သော​အ​ခါ အ​ဘ​ထံ​သို့ ပြန်​လာ၍၊ အ​ဘ​သည် သ​စ္စာ​က​တိ​ရှိ​သည်​အ​တိုင်း​ပြု​လေ၏။ ထို​မိန်း​မ​သည် ယောက်ျား​နှင့် မ​ဆက်​ဆံ​သော​သူ​ဖြစ်၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ