ဤရွေ့ကား၊ မယားနှင့် လင်စပ်ကြား၌လည်းကောင်း၊ အဘအိမ်မှာ အသက်နုငယ်သောသမီးနှင့် အဘစပ်ကြား၌လည်းကောင်း၊ မောရှေအားဖြင့် ထာဝရဘုရားထားတော်မူသော ပညတ်တရားဖြစ်သတည်း။
ဤရွေ့ကား စင်ကြယ်သည်၊ မစင်ကြယ်သည်ကိုစီရင်စေခြင်းငှာ နူနာစွဲသော ပိတ်အဝတ်၊ သိုးမွေးအဝတ်၊ ရက်ကန်းပင်၊ ရက်ကန်းသား၊ သားရေအသုံးအဆောင်တို့နှင့်ဆိုင်သောတရား ဖြစ်သတည်းဟု မိန့်တော်မူ၏။
ထိုစကားကို ကြားသောနေ့နောက်မှ၊ လင်သည် ပယ်အံ့သောငှာပြုလျှင်၊ မယားအပြစ်ကို ကိုယ်တိုင်ခံရမည်။
တစ်ဖန် ထာဝရဘုရားက၊ မိဒျန်အမျိုးသားတို့သည် ဣသရေလအမျိုးသားတို့ကို ပြစ်မှားသောအပြစ်အလျောက် ဣသရေလအမျိုးသားဘက်၌နေ၍ တရားစီရင်လော့။ သို့ပြီးမှ သင်သည် မိမိလူမျိုးစည်းဝေးရာသို့ သွားရမည်ဟု မောရှေအားမိန့်တော်မူ၏။