Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တော​လည် 30:12

Judson Bible

သို့​မ​ဟုတ် လင်​သည်​ကြား​သော​နေ့၌ ရှင်း​ရှင်း​ပယ်​ဖျက်​လျှင်၊ သ​စ္စာ​က​တိ​နှင့်​လည်း​ကောင်း၊ စိတ်​ဝိ​ညာဉ်၌ ချည်​နှောင်​ခြင်း​နှင့်​လည်း​ကောင်း ဆိုင်​သော​စ​ကား​မည်​မျှ မ​တည်​ရ။ လင်​သည် ပယ်​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​လည်း လွှတ်​တော်​မူ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ငါ​တို့​မှ​စ၍ ငါ​တို့​ဘိုး​ဘေး၊ ရှင်​ဘု​ရင်၊ မှူး​မတ်​တို့​သည် ယု​ဒ​မြို့​များ၊ ယေ​ရု​ရှ​လင်​လမ်း​များ၌ ပြု​ဖူး​သ​ကဲ့​သို့၊ ကောင်း​ကင်​မိ​ဖု​ရား​အ​ဖို့ နံ့​သာ​ပေါင်း​ကို​မီး​ရှို့၍၊ သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ​ကို ပြု​ခြင်း​ငှာ၊ ကိုယ်​အ​လို​အ​လျောက် စီ​ရင်​သည်​အ​တိုင်း ဆက်​ဆက်​ပြု​မည်။ အ​ထက်​က ဝ​စွာ​စား​ရ​ကြ၏။ ဘေး​နှင့်​လွတ်၍ ချမ်း​သာ​စွာ​နေ​ရ​ကြ၏။

ကောင်း​ကင်​မိ​ဖု​ရား​အ​ဖို့ နံ့​သာ​ပေါင်း​ကို​မီး​ရှို့၍၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​ကို ပြု​သော​အ​ခါ၊ ငါ​တို့၏ ယောက်ျား​မ​ပါ​ဘဲ မုန့်​ပြား​တို့​ကို​လုပ်၍၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​ပြု​လျက် ကိုး​ကွယ်​သ​လော​ဟု ပြန်​ပြော​ကြ၏။

ယဇ်​ပု​ရော​ဟိတ်​သည်၊ ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​တို့​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​ရ​သ​ဖြင့်၊ သူ​တို့​သည် သ​တိ​လစ်၍​ပြစ်​မှား​သော​ကြောင့်၊ ထို​အ​ပြစ်​ကို လွှတ်​ရ​လိမ့်​မည်။ သူ​တို့​သည်​လည်း သ​တိ​လစ်​သော​အ​ပြစ်​ကြောင့်၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​နှင့်​တ​ကွ၊ မီး​ဖြင့်​ပြု​သော​ပူ​ဇော်​သ​ကာ​ကို ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ဆောင်​ခဲ့​ရ​ကြ​မည်။

ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ သ​တိ​လစ်၍ ပြစ်​မှား​မိ​သော​ထို​သူ​အ​ဖို့ ယဇ်​ပု​ရော​ဟိတ်​သည် အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​ရ​သ​ဖြင့် ထို​အ​ပြစ်​ကို​လွှတ်​ရ​လိမ့်​မည်။

လင်​သည်​ကြား​သော်​လည်း မ​မြစ်​တား တိတ်​ဆိတ်​စွာ​နေ​လျှင်၊ ထို​သ​စ္စာ​က​တိ​ရှိ​သ​မျှ ကိုယ်​စိတ်​ဝိ​ညာဉ်၌ ချည်​နှောင်​ခြင်း​ရှိ​သ​မျှ​တို့​သည် တည်​ရ​ကြ​မည်။

ခပ်​သိမ်း​သော​သ​စ္စာ​က​တိ၊ ခြိုး​ခြံ​စွာ​ကျင့်​ခြင်း​နှင့် ဆိုင်​သ​မျှ​သော အ​ချည်​အ​နှောင်​ကျိန်​ဆို​ခြင်း​တို့​ကို၊ လင်​သည် တည်​စေ​ပိုင်​သော​အ​ခွင့်၊ ပယ်​ပိုင်​သော​အ​ခွင့် ရှိ၏။

သို့​မ​ဟုတ် အ​ဘ​သည်​ကြား​သော​နေ့၌ မြစ်​တား​လျှင်၊ ထို​သ​စ္စာ​စ​ကား​မည်​မျှ၊ ကိုယ်​စိတ်​ဝိ​ညာဉ်၌ ချည်​နှောင်​သော​စ​ကား​မည်​မျှ မ​တည်​ရ။ အ​ဘ​မြစ်​တား​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား လွှတ်​တော်​မူ​မည်။

သို့​မ​ဟုတ် လင်​သည်​ကြား​သော​နေ့၌ မြစ်​တား​လျှင်၊ ထို​သ​စ္စာ​စ​ကား၊ ကိုယ်​စိတ်​ဝိ​ညာဉ်၌ ချည်​နှောင်​သော​စ​ကား​ကို လင်​သည်​ပယ်၍၊ ထာ​ဝ​ရ​ဘု​ရား​လည်း လွှတ်​တော်​မူ​မည်။

ယောက်ျား၏​ခေါင်း​ကား ခ​ရစ်​တော်​ဖြစ်​သည်​ကို​လည်း​ကောင်း၊ မိန်း​မ၏​ခေါင်း​ကား ယောက်ျား​ဖြစ်​သည်​ကို​လည်း​ကောင်း၊ ခ​ရစ်​တော်၏​ခေါင်း​ကား ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​သည်​ကို​လည်း​ကောင်း၊ သင်​တို့ သိ​မှတ်​စေ​ခြင်း​ငှာ ငါ​အ​လို​ရှိ၏။-

ခင်​ပွန်း​ဧ​လ​ကာ​န​က၊ စိတ်​ရှိ​သည် အ​တိုင်း​ပြု​လော့။ နို့​နှင့်​မ​ကွာ​မီ​တိုင်​အောင် နေ​လော့။ ထာ​ဝ​ရ​ဘု​ရား၏ က​တိ​တော်​သာ တည်​ပါ​စေ​သော​ဟု ဝန်​ခံ၍၊ မ​ယား​သည် သူ​ငယ်​ကို​နို့​တိုက်​လျက် နို့​မ​ကွာ​မီ​တိုင်​အောင် မ​သွား​ဘဲ​နေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ