Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တော​လည် 3:38

Judson Bible

မော​ရှေ​နှင့် အာ​ရုန်​မှ​စ၍ အာ​ရုန်၏​သား​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ဖို့၊ သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို​စောင့်​လျက်၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​အ​ရှေ့​မျက်​နှာ၌ နေ​ရာ​ချ​ရ​မည်။ သူ​တို့​အ​မျိုး​မှ​တစ်​ပါး၊ အ​ခြား​သော​သူ​သည်​ချဉ်း​ကပ်​လျှင် အ​သေ​သတ်​ခြင်း​ကို​ခံ​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ပ​ရိ​သတ်​စည်း​ဝေ​ရာ တဲ​တော်​ကို​လည်း​ကောင်း၊ သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​အိမ်​တော်၌ အ​မှု​တော်​ကို ဆောင်​ရွက်​သော ညီ​အစ်​ကို​အာ​ရုန်​သား​တို့​ကို​လည်း​ကောင်း စောင့်​ရ​ကြ​မည်။

တဲ​တော်​ကို ယူ​သွား​ချိန်​ရောက်​သော​အ​ခါ၊ လေ​ဝိ​သား​တို့​သည်​ရုပ်​သိမ်း​ရ​မည်။ နေ​ရာ​ချ​ချိန်​ရောက်​သော​အ​ခါ ထူ​ထောင်​ပြန်​ရ​မည်။ လေ​ဝိ​အ​မျိုး​သား​မှ​တစ်​ပါး အ​ခြား​သော​အ​မျိုး​သား​သည် ချဉ်း​ကပ်​လျှင်၊ အ​သေ​သတ်​ခြင်း​ကို​ခံ​ရ​မည်။

ဣ​သ​ရေ​လ​အ​မျိုး​သား​စည်း​ဝေး​ရာ၊ ပ​ရိ​သတ်​အ​ပေါ်​မှာ အ​မျက်​တော်​မ​သက်​ရောက်​စေ​ခြင်း​ငှာ၊ လေ​ဝိ​သား​တို့​သည် သက်​သေ​ခံ​ချက် တဲ​တော်​ပတ်​လည်၌ နေ​ရာ​ချ၍ သက်​သေ​ခံ​ချက်​တဲ​တော်​ကို စောင့်​ရှောက်​ရ​မည်​ဟု၊

နေ​ထွက်​ရာ​အ​ရှေ့​မျက်​နှာ၌၊ ယု​ဒ​တပ်​အ​လံ​နှင့် ဆိုင်​သော​အ​လုံး​အ​ရင်း​သည် နေ​ရာ​ကျ၍ အ​မိ​န​ဒပ်​သား​နာ​ရှုန်​သည် ယု​ဒ​အ​မျိုး​သား​တို့​တွင် ဗိုလ်​လုပ်​ရ​မည်။

အာ​ရုန်​နှင့် သူ၏​သား​တို့​ကို​လည်း ခန့်​ထား၏။ သူ​တို့​သည် ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို​စောင့်​ရ​ကြ​မည်။ သူ၏​အ​မျိုး​မှ​တစ်​ပါး အ​ခြား​သော​သူ​သည် ချဉ်း​ကပ်​လျှင် အ​သေ​သတ်​ခြင်း​ကို​ခံ​ရ​မည်​ဟု မိန့်​တော်​မူ၏။

ဂေ​ရ​ရှုန်​အ​ဆွေ​အ​မျိုး​တို့​သည် တဲ​တော်​အ​နောက်​မက်​နှာ၌ နေ​ရာ​ချ​ရ​မည်။

ကော​ဟတ်​အ​ဆွေ​အ​မျိုး​တို့​သည်၊ တဲ​တော်​တောင်​မျက်​နှာ၌ နေ​ရာ​ချ​ရ​မည်။

မေ​ရာ​ရိ​အ​ဆွေ​အ​မျိုး​သူ​ကြီး​ကား၊ အ​ဘိ​ဟဲ​လ​သား​ဇု​ရေ​လ​တည်း။ ဤ​သူ​တို့​သည် တဲ​တော်​မြောက်​မျက်​နှာ၌ နေ​ရာ​ချ​ရ​မည်။

ခြေ​စွပ်​များ၊ တံ​သင်​များ၊ ကြိုး​များ​တို့​ကို​လည်း​ကောင်း ကြည့်​ရှု​ပြု​စု​ရ​ကြ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ