တဲတော်ကိုစောင့်သောသူ၊ ထိုအဆွေအမျိုးတို့ကိုရေတွက်၍ အသက်တစ်လကျော်ရှိသော ယောက်ျားပေါင်းကား၊ ရှစ်ထောင်ခြောက်ရာရှိသတည်း။
ကောဟတ်မှဆင်းသက်သော အာမရံအဆွေအမျိုး၊ ဣဇဟာအဆွေအမျိုး၊ ဟေဗြုန်အဆွေအမျိုး၊ ဩဇေလအဆွေအမျိုးတို့သည်၊ ကောဟတ်အမျိုးအနွယ် ဖြစ်ကြ၏။
ကောဟတ်အဆွေအမျိုးတို့သည်၊ တဲတော်တောင်မျက်နှာ၌ နေရာချရမည်။
သူတို့အငန်းအတာဟူမူကား၊ သေတ္တာ၊ စားပွဲ၊ ယဇ်ပလ္လင်များ၊ အမှုတော်ထမ်းစရာတဲတော်တန်ဆာများ၊ အတွင်းကုလားကာ အစရှိသည်တို့ကို ကြည့်ရှုပြုစုရကြမည်။
သူတို့သည် ပရိသတ်စည်းဝေးရာတဲတော်ရှေ့မှာ၊ အာရုန်နှင့် ပရိသတ်အပေါင်းတို့ဆောင်ရသော အမှုတည်းဟူသော တဲတော်အမှုကို ဆောင်ရွက်ရကြမည်။