ကောဟတ်မှဆင်းသက်သော အာမရံအဆွေအမျိုး၊ ဣဇဟာအဆွေအမျိုး၊ ဟေဗြုန်အဆွေအမျိုး၊ ဩဇေလအဆွေအမျိုးတို့သည်၊ ကောဟတ်အမျိုးအနွယ် ဖြစ်ကြ၏။
ကောဟတ်သားကား အာမရံ၊ ဣဇဟာ၊ ဟေဗြုန်၊ ဩဇေလ၊ ပေါင်းလေးယောက်တည်း။
အာမရံအမျိုး၊ ဣဇဟာအမျိုး၊ ဟေဗြုန်အမျိုး၊ ဩဇေလအမျိုးအချို့ ပါကြ၏။
ဟေဗြုန်အမျိုးဖြစ်သော သူရဲကြီးဟာရှဘိနှင့် သူ၏ညီ တစ်ထောင်ခုနစ်ရာတို့သည်၊ ယော်ဒန်မြစ် အနောက်ဘက်မှာနေသော ဣသရေလလူတို့တွင် မင်းအရာရှိဖြစ်၍၊ ထာဝရဘုရား၏အမှုတော်နှင့် ရှင်ဘုရင်အမှု အမျိုးမျိုးတို့ကို စောင့်ရကြ၏။
တောင်ဘက်သို့မျက်နှာပြုသော ဤအခန်းကား၊ အိမ်တော်အမှုကိုဆောင်သော ယဇ်ပုရောဟိတ် နေစရာဖို့၊
မိမိအဆွေအမျိုးအလိုက် ကောဟတ်သားတို့၏နာမည်ကား၊ အာမရံ၊ ဣဇဟာ၊ ဟေဗြုန်၊ ဩဇေလတည်း။
တဲတော်နှင့် ယဇ်ပလ္လင်ပတ်လည်ဝင်းကုလားကာ၊ ဝင်းတံခါးဝ၌ ကာသောကုလားကာ၊ ကြိုးများအစရှိသည်တို့ကို ကြည့်ရှုပြုစုရကြမည်။
တဲတော်ကိုစောင့်သောသူ၊ ထိုအဆွေအမျိုးတို့ကိုရေတွက်၍ အသက်တစ်လကျော်ရှိသော ယောက်ျားပေါင်းကား၊ ရှစ်ထောင်ခြောက်ရာရှိသတည်း။
လေဝိအမျိုး၊ ကောဟတ်အနွယ်သားတို့တွင် အသက်သုံးဆယ်လွန်၍ ငါးဆယ်မမီ၊ ပရိသတ်စည်းဝေးရာ တဲတော်အမှုကိုဆောင်ခြင်းငှာ၊ အလုံးအရင်းဝင်သောသူအပေါင်းတို့ကို၊ ဘိုးဘအဆွေအမျိုးအလိုက် စာရင်းယူလော့။
ကြွင်းသောကောဟတ်သားတို့သည် ဧဖရိမ်ခရိုင်၊ ဒန်ခရိုင်၊ မနာရှေခရိုင်ဝက်ထဲက ဆယ်မြို့ကိုရကြ၏။