တောလည် 3:25Judson Bibleဂေရရှုန်သားတို့အငန်းအတာဟူမူကား၊ ပရိသတ်စည်းဝေးရာ တဲတော်၊ အပေါ်တဲ၊ အပေါ်တဲအဖုံး၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးဝ၌ကာသောကုလားကာ၊ အခန်းကိုကြည့်ပါ။ |
ယဇ်ပုရောဟိတ် လေဝိသားတို့သည်၊ အသီးအသီးစောင့်ရသောအမှုကို အလှည့်သင့်သည်အတိုင်း စောင့်လျက်၊ ထာဝရဘုရား ကျိန်းဝပ်တော်မူသော ဌာနတော်တံခါးအတွင်း၌၊ မီးရှို့ရာယဇ်နှင့် မိတ်သဟာယယဇ်ကိုပူဇော်ခြင်း၊ အမှုတော်မျိုးကို စောင့်ခြင်း၊ ကျေးဇူးတော်ကို ဝန်ခံခြင်း၊ ထောမနာသီချင်းဆိုခြင်းအမှုကို ပြုစေခြင်းငှာ၊ ဟေဇကိခန့်ထားတော်မူ၏။
လေဝိသားတို့အား သက်သေခံချက်တဲတော်ကိုလည်းကောင်း၊ တဲတော်တန်ဆာ ရှိသမျှကိုလည်းကောင်း၊ တဲတော်နှင့်ဆိုင်သမျှတို့ကိုလည်းကောင်းအပ်၍၊ သူတို့သည် တဲတော်နှင့် တဲတော်တန်ဆာအလုံးစုံကို ဆောင်ရွက်ရကြမည်။ တဲတော်မှုကိုလည်း ထမ်းရကြမည်။ တပ်ချသောအခါ တဲတော်ပတ်လည်၌ မိမိတို့နေရာချရကြမည်။
ငါ့သားတိမောသေ၊ သင့်ကိုရည်မှတ်၍ ဟောပြောခဲ့ပြီးသော အနာဂတ္တိစကားကို သင်သည်အမှီပြု၍၊ ယုံကြည်ခြင်းကိုလည်းကောင်း၊ ကိုယ်ကိုကိုယ်သိသော စိတ်ကြည်လင်ခြင်းကိုလည်းကောင်း စွဲလမ်း၍ ကောင်းသောစစ်ကို တိုက်စေခြင်းငှာ၊ ထားခဲ့ပြီးသော ထိုအနာဂတ္တိစကားနှင့်အညီ၊ အထက် ငါဆိုခဲ့ပြီးသော ပညတ်ထားခြင်းအခွင့်ကို သင်၌ ငါအပ်ပေး၏။-