Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တော​လည် 3:16

Judson Bible

မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ မော​ရှေ​သည်​လေ​ဝိ​သား​တို့​ကို ရေ​တွက်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ဣ​သ​ရေ​လ၏​သား​တို့​သည်​ပြု၍၊ ယော​သပ်​သည်​လှည်း​တို့​ကို​လည်း​ကောင်း၊ လမ်း​ခ​ရီး၌ စား​စ​ရိတ်​များ​ကို​လည်း​ကောင်း​ပေး၏။

လေ​ဝိ​သား​တို့​တွင် အ​သက်​တစ်​လ​ကျော်​ရှိ​သော ယောက်ျား​အ​ပေါင်း​တို့​ကို အ​ဆွေ​အ​မျိုး​အ​လိုက် ရေ​တွက်​လော့​ဟု၊

လေ​ဝိ​သား​တို့၏​နာ​မည်​ဟူ​မူ​ကား၊ ဂေ​ရ​ရှုန်၊ ကော​ဟတ်၊ မေ​ရာ​ရိ​တည်း။

ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ မော​ရှေ​သည် လေ​ဝိ​သား​တို့​ကို အ​ဆွေ​အ​မျိုး​အ​လိုက်​ရေ​တွက်၍ အ​သက်​တစ်​လ​ကျော်​ရှိ​သော ယောက်ျား​အ​ပေါင်း​ကား၊ နှစ်​သောင်း​နှစ်​ထောင် ရှိ​သ​တည်း။

ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သော စ​ကား​တော်​အ​တိုင်း ထို​အ​ရွေး​ငွေ​ကို အာ​ရုန်​နှင့် သူ၏​သား​တို့​အား ပေး​လေ၏။

ဂေ​ရ​ရှုန်​သား​များ​အ​မှု​စောင့်​လေ​ရာ​ရာ၊ ဝန်​ထမ်း​လေ​ရာ​ရာ၌၊ အာ​ရုန်​နှင့်​သူ၏​သား​တို့ ခွဲ​ခန့်​စီ​ရင်​သည်​အ​တိုင်း ဆောင်​ရွက်​ရ​ကြ​မည်။

ဤ​သူ​တို့​သည်​မော​ရှေ၌ ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း မော​ရှေ​နှင့်​အာ​ရုန်​သည်​ရေ​တွက်၍ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​အ​မှု​ကို ဆောင်​ရွက်​ရ​သော ကော​ဟတ်​အ​ဆွေ​အ​မျိုး​သား​ပေ​တည်း။

ဤ​သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ မော​ရှေ​နှင့် အာ​ရုန်​သည်​ရေ​တွက်၍ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​အ​မှု​ကို ဆောင်​ရွက်​နေ​ရ​သော ဂေ​ရ​ရှုန်​အ​ဆွေ​အ​မျိုး​သား​ပေ​တည်း။

ဤ​သူ​တို့​သည် မော​ရှေ၌ ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း မော​ရှေ​နှင့်​အာ​ရုန်​သည် ရေ​တွက်​သော မေ​ရာ​ရိ​အ​ဆွေ​အ​မျိုး​သား​ပေ​တည်း။

မော​ရှေ၌​ထာ​ဝ​ရ​ဘု​ရား​ထား​တော်​မူ​သော ပ​ညတ်​တော်​အ​တိုင်း လူ​အ​သီး​အ​သီး​စောင့်​ရ​သော​အ​မှု၊ အ​သီး​အ​သီး​ထမ်း​ရ​သော​ဝန်​တို့​ကို ထောက်၍ မော​ရှေ​ရေ​တွက်​သ​တည်း။

သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အ​မှု​တော်​ကို ဆောင်​ရွက်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​အ​ခွင့်​နှင့် ကောင်း​ချီး​ပေး​စေ​ခြင်း​ငှာ​လည်း​ကောင်း ရွေး​ချယ်​တော်​မူ​သော လေ​ဝိ​သား​ယဇ်​ပု​ရော​ဟိတ်​တို့​သည် ချဉ်း၍ တ​ရား​တွေ့​ခြင်း​အ​မှု၊ ရိုက်​ပုတ်​ခြင်း​အ​မှု ရှိ​သ​မျှ​တို့​ကို စီ​ရင်​ဆုံး​ဖြတ်​ရ​ကြ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ