Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 3:10

Judson Bible

အာ​ရုန်​နှင့် သူ၏​သား​တို့​ကို​လည်း ခန့်​ထား၏။ သူ​တို့​သည် ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို​စောင့်​ရ​ကြ​မည်။ သူ၏​အ​မျိုး​မှ​တစ်​ပါး အ​ခြား​သော​သူ​သည် ချဉ်း​ကပ်​လျှင် အ​သေ​သတ်​ခြင်း​ကို​ခံ​ရ​မည်​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

25 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည် ဩ​ဇ​ကို​အ​မျက်​ထွက်၍ သူ၏​အ​ပြစ်​ကြောင့် ဘု​ရား​သ​ခင်​ဒဏ်​ခတ်​တော်​မူ​သ​ဖြင့်၊ သူ​သည် သေ​တ္တာ​တော်​နား​မှာ သေ​လေ၏။

ယေ​ရော​ဗောင်​သည်​လည်း၊ မြင့်​သော​အ​ရပ်​ပေါ်​မှာ အိမ်​ကို​ဆောက်၍၊ လေ​ဝိ​သား​မ​ဟုတ်​သော သာ​မ​ည​လူ​တို့​ကို ယဇ်​ပု​ရော​ဟိတ်​အ​ရာ၌ ခန့်​ထား​လေ၏။

ယေ​ရု​ရှ​လင်​မြို့၌ ဗိ​မာန်​တော်​ကို ရှော​လ​မုန်​မ​တည်​မီ ကာ​လ​ပတ်​လုံး၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တည်​ရာ​အ​ရပ်၌ သီ​ချင်း​ဆို​လျက် အ​မှု​တော်​ကို စောင့်​ကြ၏။ ဗိ​မာန်​တော်​ကို​တည်​ပြီး​သော​နောက်၊ မိ​မိ​တို့​အ​လှည့်​အ​တိုင်း စောင့်​ရ​သော​အ​မှု​ကို စောင့်​လျက်​နေ​ကြ၏။

ငါ​က​လည်း၊ ငါ​ကဲ့​သို့​သော​သူ​သည် ပြေး​ရ​မည်​လော။ ငါ​နှင့်​တူ​သော​သူ​သည် အ​သက်​ချမ်း​သာ​ခြင်း​ငှာ ဗိ​မာန်​တော်​ထဲ​သို့ ဝင်​ရ​မည်​လော။ ငါ​မ​ဝင်​ဟု ပြန်​ပြော၏။

ခါး​ပန်း​ကို​လည်း​စည်း၍၊ ဦး​ထုပ်​ကို​လည်း​ဆောင်း​စေ​ပြီး​လျှင်၊ သူ​တို့​သည် ထာ​ဝ​ရ​ပ​ညတ်​တော်​အ​တိုင်း ယဇ်​ပု​ရော​ဟိတ်​အ​ရာ​ကို​ဆိုင်​ရ​မည်။ ထို​သို့ အာ​ရုန်​နှင့်​သူ၏​သား​တို့​ကို၊ ယဇ်​ပု​ရော​ဟိတ်​အ​ရာ၌ ခန့်​ထား​ရ​မည်။

ငါ၏​သန့်​ရှင်း​ရာ​ဌာ​န​ကို မ​စောင့်။ ထို​ဌာ​န၌ စောင့်​သော​သူ​တို့​ကို ကိုယ်​အ​လို​အ​လျောက်​ခန့်​ထား​ကြ​ပြီ။

တစ်​ပါး​အ​မျိုး​သား​သည် သန့်​ရှင်း​သော​အ​ရာ​ကို​မ​စား​ရ။ ယဇ်​ပု​ရော​ဟိတ်၌ တည်း​နေ​သော ဧည့်​သည်​မ​စား​ရ။ သူ​ငှား​လည်း​မ​စား​ရ။

တဲ​တော်​ကို ယူ​သွား​ချိန်​ရောက်​သော​အ​ခါ၊ လေ​ဝိ​သား​တို့​သည်​ရုပ်​သိမ်း​ရ​မည်။ နေ​ရာ​ချ​ချိန်​ရောက်​သော​အ​ခါ ထူ​ထောင်​ပြန်​ရ​မည်။ လေ​ဝိ​အ​မျိုး​သား​မှ​တစ်​ပါး အ​ခြား​သော​အ​မျိုး​သား​သည် ချဉ်း​ကပ်​လျှင်၊ အ​သေ​သတ်​ခြင်း​ကို​ခံ​ရ​မည်။

သင့်​ကို​လည်း​ကောင်း၊ သင့်​ညီ​အစ်​ကို လေ​ဝိ​သား​အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ အ​နီး​အ​ပါး၌ နေ​ရာ​ချ​တော်​မူ​သော​ကျေး​ဇူး​တော်​ကို မ​ထီ​မဲ့​မြင်​ပြု၍၊ ယဇ်​ပု​ရော​ဟိတ်​အ​ရာ​ကို​လည်း ရှာ​ကြ​သည်​တ​ကား။

နံ့​သာ​ပေါင်း​ကို​မီး​ရှို့၍ ပူ​ဇော်​သော​သူ​နှစ်​ရာ​ငါး​ဆယ်​တို့​ကို​လည်း၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​က မီး​ထွက်၍ လောင်​လေ၏။

ထို​သို့ အာ​ရုန်​အ​မျိုး​မ​ဟုတ်။ အ​ခြား​တစ်​ပါး​သော​အ​မျိုး​သား​သည်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ နံ့​သာ​ပေါင်း​ကို​မီး​ရှို့၍ ပူ​ဇော်​သော​အား​ဖြင့်၊ ကော​ရ​နှင့် သူ၏​အ​ပေါင်း​အ​သင်း​ကဲ့​သို့ မ​ဖြစ်​စေ​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​ဖြင့် မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ထို​လင်​ပန်း​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား သ​တိ​ပေး​ရာ​နိ​မိတ်​ဖြစ်​ရ​ကြ၏။

လေ​ဝိ​သား​တို့​သည် သင့်​ကို​လည်း​ကောင်း၊ တဲ​တော်​ရှိ​သ​မျှ​ကို​လည်း​ကောင်း စောင့်​ရ​ကြ​မည်။ သို့​ရာ​တွင် သင်​တို့​နှင့်​သူ​တို့​သည် သေ​ဘေး​လွတ်​မည်​အ​ကြောင်း၊ သူ​တို့​သည် တဲ​တော်​တန်​ဆာ၊ ယဇ်​ပ​လ္လင်​တန်​ဆာ​များ​ကို မ​ချဉ်း​ကပ်​ရ​ကြ။

ထို​ကြောင့် သင်​နှင့် သင်၏​သား​တို့​သည် ယဇ်​ပ​လ္လင်​နှင့်​ဆိုင်​သော​အ​မှု၊ ကု​လား​ကာ​အ​တွင်း၌ ဆောင်​ရွက်​စ​ရာ​အ​မှု ရှိ​သ​မျှ​တို့​ကို၊ ယဇ်​ပု​ရော​ဟိတ်​ပြု၍ ဆောင်​ရွက်​ရ​ကြ​မည်။ သင်​တို့​အား​ကျေး​ဇူး​ပြု၍ ယဇ်​ပု​ရော​ဟိတ်​အ​ရာ​ကို ငါ​ပေး​ပြီ။ မ​ဆိုင်​သော​သူ​သည် အ​နီး​အ​ပါး​သို့​ချဉ်း​ကပ်​လျှင်၊ အ​သေ​သတ်​ခြင်း​ကို​ခံ​ရ​မည်​ဟု မိန့်​တော်​မူ၏။

တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊

မော​ရှေ​နှင့် အာ​ရုန်​မှ​စ၍ အာ​ရုန်၏​သား​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ဖို့၊ သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို​စောင့်​လျက်၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​အ​ရှေ့​မျက်​နှာ၌ နေ​ရာ​ချ​ရ​မည်။ သူ​တို့​အ​မျိုး​မှ​တစ်​ပါး၊ အ​ခြား​သော​သူ​သည်​ချဉ်း​ကပ်​လျှင် အ​သေ​သတ်​ခြင်း​ကို​ခံ​ရ​မည်။

ဓ​မ္မ​ဆ​ရာ​အ​ရာ​ရှိ​လျှင်၊ ဓ​မ္မ​ဆ​ရာ၏​အ​မှု​ကို ဆောင်​ရွက်​ကြ​ကုန်​အံ့။ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​သော​သူ​သည် ထို​အ​မှု​ကို​ဆောင်​ရွက်​စေ။-

ထို​ကြောင့်၊ သင်​တို့​သည် တစ်​ကျွန်း​တစ်​နိုင်​ငံ​သား မ​ဟုတ်၊ ဧည့်​သည်​လည်း မ​ဟုတ်၊ သန့်​ရှင်း​သူ​တို့၏ အ​မျိုး​သား​ချင်း ဖြစ်​ကြ၏။ ဘု​ရား​သ​ခင်​အိမ်​တော်​သား​လည်း ဖြစ်​ကြ၏။-

အ​ကြောင်း​မူ​ကား၊ သူ​မှ​စ၍ သား​စဉ်​မြေး​ဆက်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အ​ခွင့်​နှင့် အ​မှု​တော်​ကို အ​စဉ်​ဆောင်​ရွက်​စေ​ခြင်း​ငှာ၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်၏​အ​မျိုး​အ​နွယ်​အ​ပေါင်း​တို့​တွင် သူ့​ကို​ရွေး​ကောက်​တော်​မူ​ပြီ။

ပ​ညတ်​တ​ရား​အ​တိုင်း ပူ​ဇော်​သ​ကာ​ကို ဆက်​ကပ်​သော ယဇ်​ပု​ရော​ဟိတ်​များ ရှိ​ကြ​သည်​ဖြစ်၍၊ ထို​သ​ခင်​သည် မြေ​ကြီး​ပေါ်​မှာ​ရှိ​နေ​လျှင် ယဇ်​ပု​ရော​ဟိတ်​မ​လုပ်​ရ။-

ထို​လူ​မိ​က္ခာ​သည် ဘု​ရား​ကျောင်း​ရှိ၍၊ သင်​တိုင်း​တော်​နှင့် တေ​ရပ်​ရုပ်​တု​ကို လုပ်​ပြီး​မှ၊ မိ​မိ​သား​တစ်​ယောက်​ကို မိ​မိ​ယဇ်​ပု​ရော​ဟိတ်​အ​ရာ၌ ခန့်​ထား​လေ၏။

ဗက်​ရှေ​မက်​မြို့​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ သေ​တ္တာ​တော်​ထဲ​သို့ ကြည့်​ရှု​မိ​သော​ကြောင့်၊ လူ​ခု​နစ်​ဆယ်​နှင့် လူ​ငါး​သောင်း​တို့​သည် ဒဏ်​ခတ်​တော်​မူ​ခြင်း​ကို ခံ​ရ​ကြ၏။ ထို​သို့ ထာ​ဝ​ရ​ဘု​ရား​သည် ကြီး​စွာ​သော လုပ်​ကြံ​ခြင်း​အား​ဖြင့် ဒဏ်​ပေး​တော်​မူ​သော​ကြောင့်၊ လူ​များ​တို့​သည် ငို​ကြွေး​မြည်​တမ်း​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ