Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တော​လည် 29:39

Judson Bible

ထို​သို့​သ​စ္စာ​က​တိ​ရှိ၍ ပြု​သော​ပူ​ဇော်​သ​ကာ၊ အ​လို​လို​ပြု​သော​ပူ​ဇော်​သ​ကာ၊ မီး​ရှို့​ရာ​ပူ​ဇော်​သ​ကာ၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ၊ မိတ်​သ​ဟာ​ယ​ပူ​ဇော်​သ​ကာ​မှ​တစ်​ပါး၊ ချိန်း​ချက်​သော​ပွဲ​တို့၌ ထာ​ဝ​ရ​ဘု​ရား​အား ထပ်၍​ပူ​ဇော်​ရ​မည်​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

ပ​ညတ်​တ​ရား​တော်​အ​တိုင်း ဥ​ပုသ်​နေ့၊ လ​ဆန်း​နေ့၊ ဓ​မ္မ​ပွဲ​နေ့၊ အ​စဉ်​မ​ပြတ်​ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ မီး​ရှို့​ရာ​ယဇ်​မျိုး​တို့​ကို ပူ​ဇော်​ရ​ကြ​မည်။

အ​ရှေ့​တံ​ခါး​မှူး၊ လေ​ဝိ​သား ဣ​မ​န​သား​ကော​ရ​သည်၊ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​အား လှူ​ဒါန်း​ပူ​ဇော်​သော​ဥ​စ္စာ၊ အ​လွန်​သန့်​ရှင်း​သော ဥ​စ္စာ​များ​ကို ဝေ​ဖန်​ရ​သော​အ​မှု​အုပ် ဖြစ်၏။

ထာ​ဝ​ရ​ဘု​ရား၏ ပ​ည​တ္တိ​ကျမ်း၌ ရေး​ထား​သည်​အ​တိုင်း၊ နေ့​ရက်​အ​စဉ် နံ​နက်​အ​ချိန်၊ ညဉ့်​ဦး​ချိန်၊ ဥ​ပုသ်​နေ့၊ လ​ဆန်း​နေ့၊ ဓ​မ္မ​ပွဲ​နေ့​တွင် မီး​ရှို့​ရာ​ယဇ်​ပူ​ဇော်​စ​ရာ​ဖို့၊ ဘ​ဏ္ဍာ​တော်​ထဲ​က ဥ​စ္စာ​တစ်​ဖို့​ကို ထုတ်၍​လှူ​တော်​မူ၏။

ကျမ်း​စာ​လာ​သည်​အ​တိုင်း၊ သ​ကေ​နေ​ပွဲ​ကို​လည်း​ခံ၍ တ​ရား​နှင့်​အ​ညီ နေ့​တိုင်း​ပြု​သင့်​သော​ဝတ်​ကို ပြု​လျက်၊ နေ့​တိုင်း​မီး​ရှို့​ရာ​ယဇ်​တို့​ကို အ​ရေ​အ​တွက်​နှင့် ပူ​ဇော်​ကြ၏။

ထို​နောက်​မှ အ​မြဲ​ပူ​ဇော်​ရ​သော​ယဇ်၊ လ​ဆန်း​နေ့၌​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သန့်​ရှင်း​စေ​သော ဓ​မ္မ​ပွဲ​နေ့၌​လည်း​ကောင်း၊ ပူ​ဇော်​ရ​သော​ယဇ်၊ ထာ​ဝ​ရ​ဘု​ရား​အား အ​လို​လို​ပူ​ဇော်​သ​ကာ​ကို ဆောင်​ခဲ့​သော​သူ အ​သီး​အ​သီး​အ​ဖို့ ပူ​ဇော်​ရ​သော​ယဇ်​တို့​ကို ပူ​ဇော်​လျက်​နေ​ကြ၏။

မြဲ​သော​ဘော​ဇဥ်​ပူ​ဇော်သ​ကာ၊ မြဲ​သော​မီး​ရှို့​ရာ​ယဇ်၊ ဓ​မ္မ​ပွဲ၊ သန့်​ရှင်း​သော​အ​သုံး​အ​ဆောင်၊ ဣ​သ​ရေ​လ​အ​မျိုး၏ အ​ပြစ်​ဖြေ​ရာ​ယဇ် အ​စ​ရှိ​သော ငါ​တို့၏​ဘု​ရား​သ​ခင် အိမ်​တော်​အ​မှု​အ​လုံး​စုံ​ကို ဆောင်​ရွက်​စ​ရာ​ဖို့၊ လူ​တိုင်း​တစ်​နှစ်​လျှင် ငွေ​တစ်​ကျပ်​သုံး​စု​တစ်​စု​စီ ပေး​ရ​မည်​အ​ကြောင်း ကိုယ်​အ​ဖို့ စီ​ရင်​ထုံး​ဖွဲ့​ကြ၏။

ငါ့​ဝိ​ညာဉ်​သည် သင်​တို့​လ​ဆန်း​နေ့​များ​နှင့်၊ သင်​တို့​ပွဲ​များ​ကို​မုန်း​၏။ ငါ့​ကို​နှောင့်​ယှက်​စ​ရာ​ဖြစ်​၏။ သည်း​ခံ​ခြင်း​အား​ဖြင့် ငါ​ပင်​ပန်း​၏။

သင်​တို့​သည် စီ​ရင်​ရ​သော ဓ​မ္မ​စည်း​ဝေး​ခြင်း​တည်း​ဟူ​သော ငါ​ထာ​ဝ​ရ​ဘု​ရား၏ ပွဲ​တော်​များ​ဟူ​မူ​ကား၊

ထို​နေ့၌ အ​ဘယ်​အ​လုပ်​ကို​မျှ မ​လုပ်​ရ။ သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကိုယ်​အ​ပြစ်​ဖြေ​ခြင်း​ကို ပြု​ရ​သော​နေ့​ဖြစ်၏။

ထာ​ဝ​ရ​ဘု​ရား​အား​ပြု​ရ​သော မိတ်​သ​ဟာ​ယ​ယဇ်​ပူ​ဇော်​ခြင်း​တ​ရား​ဟူ​မူ​ကား၊

မီး​ရှို့​ရာ​ယဇ်​နှင့် ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​တို့​ကို ဆက်​ကပ်​သော်​လည်း ငါ​လက်​မ​ခံ။ ဆူ​ဝ​သော​တိ​ရ​စ္ဆာန်​တို့​ကို မိတ်​သ​ဟာ​ယ​ယဇ် ပူ​ဇော်​သော်​လည်း ငါ​သည် ပ​မာ​ဏ​မ​ပြု။

အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ဆိတ်​တစ်​ကောင်​ကို​လည်း​ကောင်း၊ အ​စဉ်​အ​မြဲ​ပြု​သော မီး​ရှို့​ရာ​ယဇ်​နှင့် ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​မှ​တစ်​ပါး၊ ထပ်၍​ပူ​ဇော်​ရ​မည်။

ထို​သို့​မော​ရှေ​သည်၊ မိ​မိ​အား ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သ​မျှ​တို့​ကို၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​လေ၏။

ဤ​ရွေ့​ကား၊ သ​စ္စာ​ပြု​သော​နာ​ဇ​ရိ​လူ​သည် အ​လို​အ​လျောက် တတ်​နိုင်​သ​မျှ​မှ​တစ်​ပါး မိ​မိ​ခြား​နား​ခြင်း​အ​တွက် ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ရ​သော ပူ​ဇော်​သ​ကာ​နှင့်​ဆိုင်​သော တ​ရား​ပေ​တည်း။ သ​စ္စာ​ပြု​သည်​အ​တိုင်း ခြား​နား​ခြင်း​တ​ရား​နှင့်​အ​ညီ ပြု​ရ​မည်​ဟု မိန့်​တော်​မူ၏။

သင်​တို့​သည် စား​သော်​လည်း​ကောင်း၊ သောက်​သော်​လည်း​ကောင်း၊ မည်​သည့်​အ​မှု​ကို ပြု​သော်​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏ ဘုန်း​တော်​ကို ထောက်၍ ခပ်​သိမ်း​သော​အ​မှု​ကိ​စ္စ​ကို ပြု​ကြ​လော့။-

ထို​အ​ရပ်​သို့ သင်​တို့​သည် မီး​ရှို့​ရာ​ယဇ်​အ​စ​ရှိ​သော​ယဇ်​များ၊ ဆယ်​ဖို့​တစ်​ဖို့ ပူ​ဇော်​သ​ကာ၊ ချီ​မြှောက်​ရာ​ပူ​ဇော်​သ​ကာ၊ သ​စ္စာ​က​တိ​နှင့် ဆိုင်​သော​ပူ​ဇော်​သ​ကာ၊ အ​လို​လို​ပြု​သော​ပူ​ဇော်​သ​ကာ​မှ​စ၍၊ သိုး​နွား​တွင် အ​ဦး​ဖွား​သော​သား​ငယ်​တို့​ကို ဆောင်​ခဲ့​ရ​ကြ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ