တောလည် 28:30Judson Bibleအပြစ်ဖြေခြင်းကိုပြုအံ့သောငှာ၊ ဆိတ်သငယ်တစ်ကောင်ကိုလည်း ပူဇော်ရမည်။ အခန်းကိုကြည့်ပါ။ |
ပရိသတ်အပေါင်းတို့သည် မသိဘဲသတိလစ်၍ မှားယွင်းခြင်းသို့ရောက်လျှင်၊ ပရိသတ်အပေါင်းတို့သည် ထာဝရဘုရားအဖို့ မွှေးကြိုင်သောအနံ့ရှိစေခြင်းငှာ၊ ထုံးဖွဲ့သောထုံးစံရှိသည်အတိုင်း ဘောဇဉ်ပူဇော်သကာ၊ သွန်းလောင်းရာပူဇော်သကာနှင့်တကွ၊ အသက်ပျိုသောနွားထီးဖြင့် မီးရှို့ရာယဇ်ကိုလည်းကောင်း၊ ဆိတ်ဖြင့် အပြစ်ဖြေရာယဇ်ကိုလည်းကောင်း ပူဇော်ရကြမည်။
ထိုကြောင့် ဘုရားသခင့်ရှေ့တော်၌ ပညတ်တရားအားဖြင့် အဘယ်သူမျှ ဖြောင့်မတ်ရာသို့ မရောက်နိုင်ဟု ထင်ရှားလျက်ရှိ၏။ သစ်တိုင်၌ ဆွဲထားခြင်း ခံရသောသူတိုင်း ကျိန်ခြင်းကို ခံရသောသူဖြစ်သည်ဟု ကျမ်းစာလာသည်နှင့် အညီ၊ ခရစ်တော်သည် ငါတို့အတွက်ကြောင့် ကျိန်ခြင်းကို ခံရသောသူဖြစ်၍၊ ငါတို့ကို ပညတ်တရား၏ကျိန်ခြင်းမှ ရွေးနုတ်တော်မူပြီ။-
ခရစ်တော်သည် ကိုယ်ခန္ဓာအားဖြင့် အသေသတ်ခြင်းကိုခံ၍၊ ဝိညာဉ်တော်အားဖြင့် အသက်ရှင်ခြင်းသို့ ရောက်တော်မူသည်ဖြစ်၍ ငါတို့ကို ဘုရားသခင့် အထံတော်သို့ ပို့ဆောင်ခြင်းငှာ၊ ဖြောင့်မတ်တော်မူသောသူသည်၊ မဖြောင့်မတ်သော သူတို့အတွက်၊ ဒုစရိုက်အပြစ်များကြောင့် တစ်ခါခံတော်မူ၏။-