Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တော​လည် 28:28

Judson Bible

နွား​တစ်​ကောင်​လျှင် ဆီ​ရော​သော​မုန့်​ညက်​သုံး​ဩ​မဲ၊ သိုး​တစ်​ကောင်​လျှင် နှစ်​ဩ​မဲ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

မော​ရှေ​ပ​ည​တ္တိ​ကျမ်း၌​ပါ​သည်​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​အား မီး​ရှို့​ရာ​ယဇ်​တို့​ကို ပူ​ဇော်​ခြင်း၊ ဒါ​ဝိဒ်​စီ​ရင်​သည်​အ​တိုင်း၊ ရွှင်​လန်း​စွာ​သီ​ချင်း​ဆို​ခြင်း​အ​မှု​ကို ပြု​စေ​ခြင်း​ငှာ၊ ဗိ​မာန်​တော်၌ ဒါ​ဝိဒ်​ခွဲ​ထား​သော ယဇ်​ပု​ရော​ဟိတ်​လေ​ဝိ​သား​တို့​သည် ဗိ​မာန်​တော်​မှု​များ​ကို ဆောင်​ရွက်​မည်​အ​ကြောင်း၊ ယော​ယ​ဒ​စီ​ရင်​လေ၏။

ထာ​ဝ​ရ​ဘု​ရား၏ ပ​ည​တ္တိ​ကျမ်း၌ ရေး​ထား​သည်​အ​တိုင်း၊ နေ့​ရက်​အ​စဉ် နံ​နက်​အ​ချိန်၊ ညဉ့်​ဦး​ချိန်၊ ဥ​ပုသ်​နေ့၊ လ​ဆန်း​နေ့၊ ဓ​မ္မ​ပွဲ​နေ့​တွင် မီး​ရှို့​ရာ​ယဇ်​ပူ​ဇော်​စ​ရာ​ဖို့၊ ဘ​ဏ္ဍာ​တော်​ထဲ​က ဥ​စ္စာ​တစ်​ဖို့​ကို ထုတ်၍​လှူ​တော်​မူ၏။

ထို​အ​ခါ ယော​ဇ​ဒက်​သား​ယော​ရှု​နှင့် သူ၏​ညီ​အစ်​ကို ယဇ်​ပု​ရော​ဟိတ်​များ၊ ရှာ​လ​သေ​လ​သား ဇေ​ရု​ဗ​ဗေ​လ​နှင့် သူ၏​ညီ​အစ်​ကို​များ​တို့​သည် ထ၍ ဘု​ရား​သ​ခင်၏​လူ မော​ရှေ​ရေး​ထား​သော ပ​ည​တ္တိ​ကျမ်း​စာ၌​ပါ​သည် အ​တိုင်း၊ မီး​ရှို့​ရာ​ယဇ်​တို့​ကို ပူ​ဇော်​လို​သော​ငှာ၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင့်​ယဇ်​ပ​လ္လင်​ကို တည်​ကြ၏။

မော​ဘ​ပြည်၌ မြင့်​သော​အ​ရပ်​ပေါ်​မှာ ပူ​ဇော်​သော​သူ၊ မိ​မိ​ဘု​ရား​တို့​အား နံ့​သာ​ပေါင်း​ကို မီး​ရှို့​သော​သူ​တို့​ကို ငါ​ပြတ်​စေ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

မင်း​သား​သည်​လည်း ပွဲ​သ​ဘင်​နေ့၊ လ​ဆန်း​နေ့၊ ဥ​ပုသ်​နေ့၊ ဣ​သ​ရေ​လ​အ​မျိုး ပ​ရိ​သတ်​စည်း​ဝေး​သော နေ့​ရက်​အ​စဉ်​အ​တိုင်း မီး​ရှို့​ရာ​ယဇ်၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​တို့​ကို ပူ​ဇော်​ရ​မည်။ ဣ​သ​ရေ​လ​အ​မျိုး၏​အ​ပြစ်​ကို ဖြေ​ခြင်း​ငှာ အ​ပြစ်​ဖြေ​ရာ​ယဇ်၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ မီး​ရှို့​ရာ​ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ်​ကို​လည်း ပူ​ဇော်​ရ​မည်။

အ​ဋ္ဌ​မ​နေ့၌​လည်း၊ အ​ပြစ်​မ​ရှိ၊ အ​ခါ​လည်​သော သိုး​သ​ငယ်​အ​ထီး​နှစ်​ကောင်၊ အ​မ​တစ်​ကောင်​ကို​လည်း​ကောင်း၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ဖို့၊ ဆီ​ရော​သော​မုန့်​ညက်​သုံး​ဩ​မဲ​နှင့် ဆီ​တစ်​လော​ဃ​ကို​လည်း​ကောင်း​ယူ​ပြီး​လျှင်၊

ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မွှေး​ကြိုင်​သော​အ​နံ့​နှင့် မီး​ရှို့​ရာ​ယဇ်​ဖို့ အ​သက်​ပျို​သော နွား​ထီး​နှစ်​ကောင်၊ သိုး​ထီး​တစ်​ကောင်၊ အ​ခါ​လည်​သော သိုး​သ​ငယ်​ခု​နစ်​ကောင်​တို့​ကို ပူ​ဇော်​ရ​မည်။

သိုး​သ​ငယ်​ခု​နစ်​ကောင်​စေ့​အောင်၊ တစ်​ကောင်​လျှင်​တစ်​ဩ​မဲ​စီ​နှင့် ဘော​ဇဉ်​ပူ​ဇော်​သ​ကာ ပြု​ရ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ