Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တော​လည် 27:21

Judson Bible

ထို​သူ​သည် ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​ရှေ့​မှာ ရပ်​သော​အ​ခါ၊ ယဇ်​ပု​ရော​ဟိတ်​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဥ​ရိမ်​စီ​ရင်​ဆုံး​ဖြတ်​သော တ​ရား​အ​တိုင်း၊ သူ့​အ​တွက်​မေး​မြန်း​ရ​မည်။ သူ​စီ​ရင်​သည်​အ​တိုင်း၊ သူ​နှင့်​အ​တူ ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် ထွက်​ဝင်​ရ​ကြ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း မော​ရှေ​ပြု​လျက်၊ ယော​ရှု​ကို​ခေါ်၍ ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​ရှေ့၊ ပ​ရိ​သတ်​အ​ပေါင်း​တို့​ရှေ့၌ ထား​ပြီး​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

23 ပူးပေါင်းရင်းမြစ်များ  

ထို​နောက် ဒါ​ဝိဒ်​လက်​ထက်၌ သုံး​နှစ်​ပတ်​လုံး အ​စာ​အာ​ဟာ​ရ ခေါင်း​ပါး​ခြင်း​ဖြစ်၍၊ ဒါ​ဝိဒ်​သည် ထာ​ဝ​ရ​ဘု​ရား​ကို မေး​လျှောက်​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​က၊ ဂိ​ဗောင်​လူ​တို့​ကို သတ်​သော​ရှော​လု​နှင့် လူ​အ​သက်​ကို​သတ်​တတ်​သော ရှော​လု​အ​မျိုး​ကြောင့် ဤ​အ​မှု​ရောက်​လေ​ပြီ​ဟု မိန့်​တော်​မူ၏။

ဥ​ရိမ်​နှင့် သု​မိမ်​ပါ​သော ယဇ်​ပု​ရော​ဟိတ် မ​ပေါ်​မီ​တိုင်​အောင် သူ​တို့​သည် အ​လွန်​သန့်​ရှင်း​သော​အ​ရာ​တို့​ကို မ​စား​ရ​ဟု ပြည်​အုပ်​မင်း​စီ​ရင်၏။

ဥ​ရိမ်​နှင့်​သု​မိမ်​ပါ​သော ယဇ်​ပု​ရော​ဟိတ် မ​ပေါ်​မီ​တိုင်​အောင် သူ​တို့​သည် အ​လွန်​သန့်​ရှင်း​သော​အ​ရာ​တို့​ကို မ​စား​ရ​ဟု ပြည်​အုပ်​မင်း​စီ​ရင်၏။

ဗျာ​ဒိတ်​ရင်​ဖုံး​အ​ထဲ၌ ဥ​ရိမ်​နှင့် သု​မိမ်​ကို​သွင်း​ထား​ရ​မည်။ အာ​ရုန်​သည် ထာ​ဝ​ရ​ဘု​ရား ရှေ့​တော်​သို့​ဝင်​သော​အ​ခါ မိ​မိ​နှ​လုံး​အ​ပေါ်​မှာ ဥ​ရိမ်​နှင့် သု​မိမ်​ပါ​သည်​ဖြစ်၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​မှု၌ စီ​ရင်​တော်​မူ​ချက်​ကို ထာ​ဝ​ရ​ဘု​ရား​ရှေ့၊ မိ​မိ​နှ​လုံး​ပေါ်​မှာ​ဆောင်​ရ​မည်။

ရင်​ဖုံး​ကို​လည်း​ဆင်​စေ၍၊ ရင်​ဖုံး​အ​ထဲ၌ ဥ​ရိမ်​နှင့်​သု​မိမ်​ကို သွင်း​ထား​လေ၏။

ယဇ်​ပု​ရော​ဟိတ်၏​နှုတ်​ခမ်း​သည် ပ​ညာ​ကို​စောင့်​ရ​မည်။ သူ၏​နှုတ်၌ လူ​တို့​သည် တ​ရား​တော်​ကို​ရှာ​ရ​ကြ​မည်။ အ​ကြောင်း​မူ​ကား၊ သူ​သည် ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​စေ​လွှတ်​တော်​မူ​သော တ​မန်​ဖြစ်၏။

ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​နား၊ မော​ရှေ​နှင့် ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ၊ မင်း​များ၊ ပ​ရိ​သတ်​များ​အ​ပေါင်း​တို့​ရှေ့​မှာ ရပ်​လျက်၊

ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည်၊ သူ၏​စ​ကား​ကို နား​ထောင်​မည်​အ​ကြောင်း၊ သင်၏​ဘုန်း​အ​သ​ရေ​အ​ချို့​ကို သူ့​အ​ပေါ်၌​တင်​ထား​လော့။

သူ​တို့​အ​မှု​ကို​မော​ရှေ​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ထား​လေ၏။

သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ရှေ့​မှာ​ကူး၍၊ ထို​ပြည်​သား အ​မျိုး​မျိုး​တို့​ကို ဖျက်​ဆီး​တော်​မူ​သ​ဖြင့်၊ သူ​တို့​နေ​ရာ​ကို သင်​တို့​ဝင်​စား​ရ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​တော်​အ​တိုင်း၊ ယော​ရှု​သည်​လည်း သင်​တို့​ရှေ့​မှာ ကူး​ရ​လိမ့်​မည်။

လေ​ဝိ​အ​မျိုး​ကို​ကား၊ သင်၏​သု​မိမ်​နှင့်​ဥ​ရိမ်​သည် မဿာ​အ​ရပ်၌ သင်​စုံ​စမ်း၍၊ မေ​ရိ​ဘ​စမ်း​ရေ​အ​နား​မှာ သင်​ဆန့်​ကျင်​ဘက်​ပြု​သော သင်၏ သန့်​ရှင်း​သူ၌ ရှိ​ပါ​စေ​သော၊

ဣ​သ​ရေ​လ​လူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်၌ အ​ခွင့်​မ​ပန်​ဘဲ ထို​သူ​တို့၏​ရိ​က္ခာ​ကို​စား​ကြ၏။

ယော​ရှု အ​နိ​စ္စ​ရောက်​သော​နောက်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က၊ အ​ကျွန်ုပ်​တို့​တွင် အ​ဘယ်​သူ​သည် ခါ​န​နိ​လူ​တို့​ရှိ​ရာ​သို့ ရှေ့​ဦး​စွာ​ချီ​သွား​ရ​ပါ​မည်​နည်း​ဟု ထာ​ဝ​ရ​ဘု​ရား​အား မေး​လျှောက်​ကြ​လျှင်၊

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဘု​ရား​သ​ခင်၏​အိမ်​တော်​သို့ ထ၍ သွား​ပြီး​လျှင်၊ အ​ကျွန်ုပ်​တို့​တွင် အ​ဘယ်​သူ​သည် ဗင်္ယာ​မိန်​အ​မျိုး​ကို အ​ဦး​ချီ​သွား​ရ​ပါ​မည်​နည်း​ဟု ဘု​ရား​သ​ခင်​ထံ​တော်၌ မေး​လျှောက်​ကြ​သော်၊ ထာ​ဝ​ရ​ဘု​ရား​က၊ ယု​ဒ​သည် အ​ဦး​ချီ​သွား​ရ​မည်​ဟု မိန့်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ သွား၍ ညဉ့်​ဦး​ယံ​တိုင်​အောင် ငို​ကြွေး​လျက်၊ အ​ကျွန်ုပ်​တို့​ညီ ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​ကို တစ်​ဖန် စစ်​တိုက်​ရ​ပါ​မည်​လော​ဟု ထာ​ဝ​ရ​ဘု​ရား​အား မေး​လျှောက်​သော်၊ ထာ​ဝ​ရ​ဘု​ရား​က ချီ​သွား​ကြ​လော့​ဟု မိန့်​တော်​မူ၏။

ရှော​လု​သည် ယဇ်​ပု​ရော​ဟိတ်​နှင့် စ​ကား​ပြော​စဉ်​တွင်၊ ဖိ​လိ​တ္တိ​တပ်၌ အုတ်​အုတ်​ကျက်​ကျက်​သော အ​သံ​တိုး​ပွား​သော​ကြောင့်၊ ရှော​လု​က နေ​ဦး​တော့​ဟု ယဇ်​ပု​ရော​ဟိတ်​အား ဆို​သ​ဖြင့်၊

ရှော​လု​သည် မ​ကောင်း​သော​အ​ကြံ​နှင့် ကြိုး​စား​သည်​ကို ဒါ​ဝိဒ်​သည်​သိ၍၊ ယဇ်​ပု​ရော​ဟိတ် အ​ဗျာ​သာ​အား၊ သင်​တိုင်း​တော်​ကို ယူ​ခဲ့​ပါ​ဟု​ဆို၏။

ထာ​ဝ​ရ​ဘု​ရား​ကို မေး​လျှောက်​သော်​လည်း ထာ​ဝ​ရ​ဘု​ရား​သည် ထူး​တော်​မ​မူ။ အိပ်​မက်​အား​ဖြင့်​လည်း​ကောင်း၊ ဥ​ရိမ်​အား​ဖြင့်​လည်း​ကောင်း၊ ပ​ရော​ဖက်​အား​ဖြင့်​လည်း​ကောင်း ထူး​တော်​မ​မူ။

သင်​တိုင်း​တော်​ကို ငါ့​ထံ​သို့​ဆောင်​ခဲ့​ပါ​လော့​ဟု အ​ဟိ​မ​လက်၏​သား အ​ဗျာ​သာ​ကို ဆို​လျှင်၊ အ​ဗျာ​သာ​သည် သင်​တိုင်း​တော်​ကို ဒါ​ဝိဒ်​ထံ​သို့ ဆောင်​ခဲ့​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ