Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တော​လည် 27:13

Judson Bible

သို့​ပြီး​မှ၊ သင်၏​အစ်​ကို​အာ​ရုန်​သည် မိ​မိ​လူ​မျိုး​စည်း​ဝေး​ရာ​သို့ သွား​သ​ကဲ့​သို့၊ သင်​သည်​လည်း​သွား​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ဣ​ရှ​မေ​လ​သည် အ​သက်​တစ်​ရာ​သုံး​ဆယ်​ခု​နစ်​နှစ်​ရှိ​သော်၊ အ​သက်​ချုပ်၍​သေ​သ​ဖြင့်၊ မိ​မိ​လူ​မျိုး​စည်း​ဝေး​ရာ​သို့​ရောက်​လေ​၏။

အ​သက်​ချုပ်၍ အ​နိ​စ္စ​ဖြစ်​သ​ဖြင့်၊ မိ​မိ​လူ​မျိုး​စည်း​ဝေး​ရာ​သို့ ရောက်​လေ​၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​သော​နောက်၊ သ​က္က​ရာဇ်​လေး​ဆယ်၊ ပ​ဥ္စ​မ​လ ပ​ထ​မ​နေ့​ရက်၌ ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​တော်​ရှိ​သည်​တိုင်း၊ ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်​သည် ဟော​ရ​တောင်​ပေါ်​သို့​တက်၍ အ​နိ​စ္စ​ရောက်​လေ၏။

သင်​တို့​အ​တွက် ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​လည်း​အ​မျက်​တော်​ထွက်၍၊ သင်​သည် ထို​ပြည်​သို့​မ​ဝင်​စား​ရ။

ငါ​သည် တောင်​ပေါ်​မှာ အ​ရင်​နေ​သော​ကာ​လ​နှင့်​အ​မျှ၊ အ​ရက်​လေး​ဆယ်​ပတ်​လုံး တစ်​ဖန်​နေ​ပြန်၍၊ ထို​အ​ခါ၌​လည်း ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​မ​ဖျက်​ဆီး​မည်​အ​ကြောင်း၊ ငါ့​စ​ကား​ကို​နား​ထောင်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​သည် သေ​ရ​သော​အ​ချိန်​နီး​ပြီ။ ယော​ရှု​ကို​ခေါ်၍ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​သို့ ချဉ်း​ကပ်​လော့။ သူ့​ကို​ငါ​မှာ​ထား​မည်​ဟု မော​ရှေ​အား မိန့်​တော်​မူ​သည်​အ​တိုင်း၊ မော​ရှေ​နှင့် ယော​ရှု​သည်​သွား၍ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​သို့ ချဉ်း​ကပ်​ကြ၏။

တစ်​ဖန် မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ဘိုး​ဘေး​တို့​နှင့် အိပ်​ပျော်​သော​အ​ခါ၊ ဤ​လူ​မျိုး​သည်​ထ၍ ယ​ခု​သွား​သော​ပြည်၌​နေ​သော တစ်​ပါး​အ​မျိုး​သား ကိုး​ကွယ်​သော​ဘု​ရား​တို့​နှင့် မှား​ယွင်း၍ ငါ့​ကို​စွန့်​လျက်၊ ငါ​ဖွဲ့​ထား​သော ပ​ဋိ​ညာဉ်​တ​ရား​ကို ဖျက်​လိမ့်​မည်။

သင့်​အစ်​ကို​အာ​ရုန်​သည် ဟော​ရ​တောင်​ပေါ်​မှာ​သေ၍ မိ​မိ​လူ​မျိုး​စည်း​ဝေး​ရာ​သို့ ရောက်​သ​ကဲ့​သို့၊ သင်​သည်​လည်း တက်​သွား​သော ဤ​တောင်​ပေါ်​မှာ​သေ၍၊ သင်၏​လူ​မျိုး​စည်း​ဝေး​ရာ​သို့​ရောက်​လော့။

သို့​ဖြစ်၍ ဤ​ပြည်၌​ငါ​သေ​ရ​မည်၊ ယော်​ဒန်​မြစ်​ကို မ​ကူး​ရ။ သင်​တို့​သည်​ကူး၍ ထို​ကောင်း​မွန်​သော​ပြည်​ကို ဝင်​စား​ကြ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ