Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တော​လည် 26:65

Judson Bible

အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည်​တော၌ အ​မှန်​သေ​ရ​ကြ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ပြီ။ ယေ​ဖု​န္နာ၏​သား​ကာ​လက်​နှင့် နုန်၏​သား​ယော​ရှု​မှ​တစ်​ပါး၊ အ​ရင်​လူ​တစ်​ယောက်​မျှ မ​ကြွင်း​မ​ကျန်​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

ပြစ်​မှား​သော​သူ​တို့​သည် ပယ်​ရှင်း​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်​သော​သူ​တို့​မူ​ကား၊ ပြည်​တော်​ကို အ​မွေ​ခံ​ရ​ကြ​လိမ့်​မည်။

ဣ​သ​ရေ​လ​အ​မျိုး​သား​မိန်း​မ​နှင့် သူ​ငယ်​ကို​မ​ဆို​ဘဲ၊ ယောက်ျား​အ​ရေ​အ​တွက်​အား​ဖြင့် ခြောက်​သိန်း​ခန့်​မျှ​ရှိ​သော​သူ​တို့​သည်၊ ရာ​မ​သက်​မြို့​မှ​ထွက်၍ သု​ကုတ်​အ​ရပ်​သို့ ခ​ရီး​သွား​ကြ​၏။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​နှင့် အာ​ရုန်​အား မိန့်​တော်​မူ​သည်​ကား၊

သင်​တို့​မူ​ကား၊ ဤ​တော၌​သေ၍ အ​သေ​ကောင်​ဖြစ်​လျက်၊ နေ​ရစ်​ရ​ကြ​လိမ့်​မည်။

အ​ကယ်​စင်​စစ် ငါ့​တစ်​ဖက်၌​စည်း​ဝေး​သော ဤ​ပ​ရိ​သတ်​ဆိုး​အ​ပေါင်း​တို့​ကို ထို​သို့​ငါ​ပြု၍ သူ​တို့​သည် ဤ​တော၌ သေ​ကြေ​ပျောက်​ပျက်​ကြ​လိမ့်​မည်​ဟု ငါ​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

ထို​ပြည်​ကို​စူး​စမ်း၍ သွား​သော​လူ​တို့​တွင် နုန်၏​သား​ယော​ရှု​နှင့် ယေ​ဖု​န္န၏​သား​ကာ​လက်​တို့​သာ အ​သက်​ချမ်း​သာ​ရ​ကြ၏။

အ​ကျွန်ုပ်​တို့၏​အ​ဘ​သည် တော၌​သေ​ပါ၏။ ထာ​ဝ​ရ​ဘု​ရား​တစ်​ဖက်၌ စု​ဝေး​သော​အ​ပေါင်း​အ​သင်း၊ ကော​ရ၏​အ​ပေါင်း​အ​သင်း၌ မ​ပါ။ မိ​မိ​အ​ပြစ်​ကြောင့် သေ​ပါ၏။ သူ၌​သား​ယောက်ျား မ​ရှိ​ပါ။

ရွေး​ရ​သော​မင်း​တို့၏​အ​မည်​ကား၊ ယု​ဒ​အ​မျိုး​သား​ထဲ​က ယေ​ဖု​န္နာ​သား ကာ​လက်။

သို့​ဖြစ်၍၊ လဲ​သော​သူ​တို့၌ ပြင်း​စွာ စီ​ရင်​တော်​မူ​ခြင်း​ကို​လည်း​ကောင်း၊ ကျေး​ဇူး​တော်၌​သင်​သည် တည်​နေ​လျှင်၊ သင်၌​ပြု​တော်​မူ​သော ကျေး​ဇူး​တော်​ကို​လည်း​ကောင်း၊ ဤ​နှစ်​ပါး​ကို အောက်​မေ့​လော့။ ကျေး​ဇူး​တော်၌ မ​တည်​မ​နေ​လျှင်၊ သင်​သည်​လည်း ခုတ်​ပစ်​ခြင်း​ကို ခံ​ရ​မည်။-

ထို​သူ​သည် ထာ​ဝ​ရ​ဘု​ရား​နောက်​တော်​သို့ လုံး​လုံး​လိုက်​သော​ကြောင့် မြင်​ရ၏။ သူ​နင်း​သော​ပြည်​ကို သူ​မှ​စ၍ သူ၏​သား​မြေး​တို့​အား ငါ​ပေး​မည်​ဟု ကျိန်​ဆို​တော်​မူ၏။

ထို​သို့ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို ပေး​ရ​သော​အ​ကြောင်း​ဟူ​မူ​ကား၊ အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​လာ​သော စစ်​သူ​ရဲ​ယောက်ျား​အ​ပေါင်း​တို့​သည် တော၌​သေ​ကြ၏။

ထို​ကြောင့် သင်​တို့​သည် သိ​နှင့်​သော်​လည်း ငါ​သည် သ​တိ​ပေး၍ ပြော​ချင်​သော အ​ကြောင်း​အ​ရာ​ဟူ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​လူ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ ကယ်​လွှတ်​တော်​မူ​ပြီး​လျှင်၊ မ​ယုံ​ကြည်​သော သူ​တို့​ကို တစ်​ဖန် ဖျက်​ဆီး​တော်​မူ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ