အသက်တစ်လလွန်၍ စာရင်းဝင်သော လေဝိသားယောက်ျားပေါင်းကား၊ နှစ်သောင်းသုံးထောင် ရှိသတည်း။ သူတို့သည် ဣသရေလအမျိုးသားတို့နှင့်အတူ အမွေမခံရသောကြောင့်၊ ရောနှော၍စာရင်း မဝင်ရကြ။
လေဝိသားတို့သည်၊ ဘိုးဘအမျိုးအလိုက် စာရင်းမဝင်ရသည်အမှုမှာ၊
လေဝိသားတို့ကို၊ ဣသရေလအမျိုးသားတို့နှင့် ရောနှော၍မရေတွက်ရ။ စာရင်းထဲ၌မသွင်းရ။
ဤရွေ့ကား၊ မောရှေနှင့် ယဇ်ပုရောဟိတ်ဧလာဇာတို့သည်၊ မောဘလွင်ပြင်၊ ယော်ဒန်မြစ်နား၊ ယေရိခေါမြို့တစ်ဖက်၌စာရင်းယူသော ဣသရေလအမျိုးသားပေတည်း။
ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ မောရှေသည် လေဝိသားတို့ကို အဆွေအမျိုးအလိုက်ရေတွက်၍ အသက်တစ်လကျော်ရှိသော ယောက်ျားအပေါင်းကား၊ နှစ်သောင်းနှစ်ထောင် ရှိသတည်း။
ဂေရရှုန်သားများအမှုစောင့်လေရာရာ၊ ဝန်ထမ်းလေရာရာ၌၊ အာရုန်နှင့်သူ၏သားတို့ ခွဲခန့်စီရင်သည်အတိုင်း ဆောင်ရွက်ရကြမည်။
လေဝိအမျိုးအား အမွေကိုမပေး။ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားအား မီးဖြင့်ပူဇော်သောယဇ်တို့သည် အမိန့်တော်ရှိသည်အတိုင်း သူတို့အမွေဖြစ်သတည်း။
လေဝိအမျိုးအား အမွေကိုမပေး။ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားသည် အမိန့်တော်ရှိသည်အတိုင်း သူတို့အမွေဖြစ်တော်မူသတည်း။
မောရှေသည် ဣသရေလအမျိုးနှစ်မျိုးနှင့် တစ်ဝက်တို့အား၊ ယော်ဒန်မြစ်အရှေ့ဘက်၌ အမွေပေးနှင့်ပြီ။ လေဝိသားတို့အား အခြားသောအမျိုးနှင့်ရော၍ အမွေမပေး။