နာဒပ်နှင့် အဘိဟုတို့သည် ထာဝရဘုရားရှေ့တော်၌ ထူးခြားသောမီးကို ပူဇော်သောအခါ သေကြ၏။
အာရုန်သည် အမိနဒပ်သမီး၊ နာရှုန်နှမဧလိရှဘနှင့်စုံဖက်၍၊ သူသည် နာဒပ်၊ အဘိဟု၊ ဧလဇာ၊ ဣသမာတို့ကို ဖွားလေ၏။
နာဒပ်နှင့် အဘိဟုသည်၊ သိနာတောတွင် ထာဝရဘုရားရှေ့တော်၌ ထူးခြားသောမီးကိုပူဇော်သောအခါ ထာဝရဘုရားရှေ့တော်၌ သေကြ၏။ သူတို့၌ သားမရှိသည်ဖြစ်၍၊ ဧလာဇာနှင့် ဣသမာသည်၊ အဘအာရုန်ရှေ့မှာ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်ကြ၏။