Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တော​လည် 26:55

Judson Bible

သို့​ရာ​တွင် ထို​ပြည်​ကို စာ​ရေး​တံ​ချ၍ ဝေ​ရ​မည်။ ဘိုး​ဘ​အ​မျိုး​အ​နွယ်​အ​လိုက် အ​မွေ​ခံ​ရ​ကြ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

စာ​ရေး​တံ​တို့​ကို အိတ်​ထဲ၌​လောင်း​လျက်​ရှိ​ရာ​တွင်၊ ခွဲ​ဝေ​စီ​ရင်​ခြင်း​အ​မှု​ကို ထာ​ဝ​ရ​ဘု​ရား​ပိုင်​တော်​မူ၏။

စာ​ရေး​တံ​ပြု​ခြင်း​အား​ဖြင့် အ​ငြင်း​အ​ခုံ​ငြိမ်း၍၊ အား​ကြီး​သော​သူ​တို့​အ​မှု​ကို ဆုံး​ဖြတ်​တတ်၏။

အ​မျိုး​သား​ချင်း အ​မွေ​ခံ​ဖို့​လည်း​ကောင်း၊ သင်​တို့​တွင်​နေ၍ သား​သ​မီး​ဖွား​မြင်​သော တစ်​ပါး​အ​မျိုး​သား​ချင်း အ​မွေ​ခံ​ဖို့​လည်း​ကောင်း စာ​ရေး​တံ​ချ၍ မြေ​ကို​ဝေ​ရ​မည်။ ထို​တစ်​ပါး​အ​မျိုး​သား​တို့​ကို ပြည်၌​ဖွား​မြင်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​ကဲ့​သို့ မှတ်​ရ​မည်။ သူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် အ​တူ မြေ​ကို အ​မွေ​ခံ​ရ​ကြ​လိမ့်​မည်။

စာ​ရေး​တံ​ကျ​သည်​အ​တိုင်း မြေ​ကို​ဝေ၍ အ​နည်း​အ​များ​အ​လိုက် ပိုင်​ရ​ကြ​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။

သင်​တို့​အ​ဆွေ​အ​မျိုး​တို့​အား စာ​ရေး​တံ​ချ၍ ထို​မြေ​ကို​ဝေ​ရ​မည်။ လူ​များ​လျှင်​များ​သော​မြေ၊ လူ​နည်း​လျှင် နည်း​သော​မြေ​ကို ပေး​ရ​မည်။ အ​သီး​အ​သီး​တို့​သည် စာ​ရေး​တံ​ကျ​သည်​အ​တိုင်း၊ ဘိုး​ဘ​အ​မျိုး​အ​နွယ်​အ​လိုက် အ​မွေ​ခံ​ရ​ကြ​မည်။

မော​ရှေ​က​လည်း၊ ဤ​ရွေ့​ကား၊ သင်​တို့​သည် စာ​ရေး​တံ​ချ၍ အ​မွေ​ခံ​ရ​သော​ပြည်၊ ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ အ​မျိုး​ကိုး​မျိုး​နှင့် အ​မျိုး​တစ်​ဝက်၌ ဝေ​ပေး​ရ​သော​ပြည် ဖြစ်​သ​တည်း။

အ​ကျွန်ုပ်​တို့​သ​ခင်​သည် စာ​ရေး​တံ​ချ​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ခါ​နာန်​ပြည်​ကို အ​မွေ​ပေး​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ အ​ကျွန်ုပ်​တို့​အစ်​ကို ဇ​လော​ဖဒ်၏​အ​မွေ​မြေ​ကို သူ၏​သ​မီး​တို့​အား ပေး​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​တော်​ရှိ​ပါ၏။

စာ​ရေး​တံ​ချ​ကြ​သ​ဖြင့် မဿိ​သည် စာ​ရေး​တံ​ကို​ရ၍၊ တစ်​ကျိပ်​တစ်​ပါး​သော​တ​မန်​တော်​တို့​နှင့် ရေ​တွက်​ဝင်​ခြင်း​သို့ ရောက်​လေ၏။

အ​လင်း၌​နေ​သော သန့်​ရှင်း​သူ​တို့၏​အ​မွေ​ကို ငါ​တို့​သည် ဆက်​ဆံ​ဝင်​စား​ထိုက်​မည်​အ​ကြောင်း ကျေး​ဇူး​ပြု​တော်​မူ၏။-

ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​ကို မိန့်​တော်​မူ​သ​မျှ​အ​တိုင်း၊ ယော​ရှု​သည် ထို​ပြည်​တစ်​လျှောက်​လုံး​ကို သိမ်း​ယူ၍ ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ် အ​သီး​အ​သီး​တို့​အား အ​မွေ​ပေး​သ​ဖြင့်၊ တစ်​ပြည်​လုံး​စစ်​ငြိမ်း​လေ၏။

ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​ဖြင့် မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​ကိုး​မျိုး​နှင့် တစ်​ဝက်​တို့​သည် စာ​ရေး​တံ​ပြု၍ အ​မွေ​ခံ​ရ​ကြ၏။

ယော​သပ်​အ​မျိုး​သား​တို့​က​လည်း၊ အ​ကျွန်ုပ်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော ကောင်း​ချီး​မင်္ဂ​လာ​ကို​ခံ​ရ​သ​ဖြင့် အ​မျိုး​ကြီး​ဖြစ်၍၊ ကိုယ်​တော်​သည် တစ်​ဖို့​တစ်​ခ​ရိုင်​တည်း​ကို​သာ အ​ဘယ်​ကြောင့်​ပေး​ပါ​သ​နည်း​ဟု ယော​ရှု​အား​မေး​လျှောက်​ကြ​သော်၊

ပြည်​ကို ခု​နစ်​ပိုင်း​ပိုင်း​ခြား​ပြီး​မှ၊ ပြည်​ပုံ​ကို ငါ့​ထံ​သို့​ဆောင်​ခဲ့၍၊ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ သင်​တို့​အ​ဖို့ စာ​ရေး​တံ​ပြု​မည်။

ဒု​တိ​ယ​တစ်​ကြိမ်​စာ​ရေး​တံ​ပြု၍၊ ရှိ​မောင်​အ​မျိုး​သား​တို့​သည် အ​ဆွေ​အ​မျိုး​အ​လိုက် ယု​ဒ​အ​မွေ​မြေ​အ​တွင်း၌ အ​မွေ​ခံ​ရ​ကြ၏။

တ​တိ​ယ​တစ်​ကြိမ် စာ​ရေး​တံ​ပြု၍ ဇာ​ဗု​လုန်​အ​မျိုး​သား​တို့​သည် အ​ဆွေ​အ​မျိုး​အ​လိုက် အ​မွေ​ခံ​ရ​ကြ၏။ သူ​တို့​အ​မွေ​မြေ​အ​ပိုင်း​အ​ခြား​သည် စာ​ရိဒ်​မြို့​မှ​ထွက်၍၊

စ​တု​တ္ထ​တစ်​ကြိမ် စာ​ရေး​တံ​ပြု၍ ဣ​သ​ခါ​အ​မျိုး​သား​တို့​သည် အ​ဆွေ​အ​မျိုး​အ​လိုက် အ​မွေ​ခံ​ရ​ကြ၏။

ပ​ဥ္စ​မ​တစ်​ကြိမ် စာ​ရေး​တံ​ပြု၍ အာ​ရှာ​အ​မျိုး​သား​တို့​သည် အ​ဆွေ​အ​မျိုး​အ​လိုက်​အ​မွေ​ခံ​ရ​ကြ၏။

ဆ​ဋ္ဌ​မတစ်​ကြိမ် စာ​ရေး​တံ​ပြု၍ နဿ​လိ​အ​မျိုး​သား​တို့​သည် အ​ဆွေ​အ​မျိုး​အ​လိုက် အ​မွေ​ခံ​ရ​ကြ၏။

သ​တ္တ​မ​တစ်​ကြိမ် စာ​ရေး​တံ​ပြု၍ ဒန်​အ​မျိုး​သား​တို့​သည် အ​ဆွေ​အ​မျိုး​အ​လိုက် အ​မွေ​ခံ​ရ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ