ထာဝရဘုရားကလည်း၊ ဤသူတို့အား အရေအတွက်ရှိသည်အတိုင်း၊ ခါနန်ပြည်ကိုဝေရမည်။
ထိုသို့ဣသရေလအမျိုး၊ စာရင်းဝင်သူလူပေါင်းကား ခြောက်သိန်းတစ်ထောင်ခုနစ်ရာသုံးဆယ် ရှိသတည်း။
မောရှေကလည်း၊ ဤရွေ့ကား၊ သင်တို့သည် စာရေးတံချ၍ အမွေခံရသောပြည်၊ ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ အမျိုးကိုးမျိုးနှင့် အမျိုးတစ်ဝက်၌ ဝေပေးရသောပြည် ဖြစ်သတည်း။
ထာဝရဘုရားသည် မောရှေကို မိန့်တော်မူသမျှအတိုင်း၊ ယောရှုသည် ထိုပြည်တစ်လျှောက်လုံးကို သိမ်းယူ၍ ဣသရေလအမျိုးအနွယ် အသီးအသီးတို့အား အမွေပေးသဖြင့်၊ တစ်ပြည်လုံးစစ်ငြိမ်းလေ၏။
ထာဝရဘုရားသည် မောရှေအားဖြင့် မှာထားတော်မူသည်အတိုင်း၊ ဣသရေလအမျိုးကိုးမျိုးနှင့် တစ်ဝက်တို့သည် စာရေးတံပြု၍ အမွေခံရကြ၏။