ထိုသို့ဣသရေလအမျိုး၊ စာရင်းဝင်သူလူပေါင်းကား ခြောက်သိန်းတစ်ထောင်ခုနစ်ရာသုံးဆယ် ရှိသတည်း။
သူတို့သားမြေးတို့ကို မိုးကောင်းကင်ကြယ်ကဲ့သို့ များပြားစေတော်မူ၏။ အကြင်ပြည်ထဲသို့ သူတို့ဝင်၍ သိမ်းယူမည်အကြောင်း၊ သူတို့၏ ဘိုးဘေးတို့အား ကတိထားတော်မူ၏။ ထိုပြည်ထဲသို့ သွင်းတော်မူသဖြင့်၊
ဖြိုဖျက်တော်မူလျှင် အဘယ်သူမျှ တည်ဆောက်ရသောအခွင့် မရှိ။ လူကိုချုပ်ထားတော်မူလျှင် အဘယ်သူမျှ လွှတ်ရသောအခွင့်မရှိ။
မောရှေနှင့် အာရုန်တို့လက်ဖြင့် ကိုယ်တော်၏လူများတို့ကို သိုးစုကဲ့သို့ ပို့ဆောင်တော်မူ၏။
ဣသရေလအမျိုးသားမိန်းမနှင့် သူငယ်ကိုမဆိုဘဲ၊ ယောက်ျားအရေအတွက်အားဖြင့် ခြောက်သိန်းခန့်မျှရှိသောသူတို့သည်၊ ရာမသက်မြို့မှထွက်၍ သုကုတ်အရပ်သို့ ခရီးသွားကြ၏။
အသက်နှစ်ဆယ်မှစ၍ ပိုလွန်သမျှသောသူ စာရင်းဝင်သည်အတိုင်း၊ လူခြောက်သိန်းသုံးထောင် ငါးရာငါးဆယ်တို့သည်၊ အကျပ်တော်အလိုက် ငွေချိန်အကျပ်တစ်ဝက်စီပေးရကြ၏။
အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သောလူပေါင်းကား ခြောက်သိန်းသုံးထောင်ငါးရာငါးဆယ် ရှိသတည်း။
မောရှေကလည်း၊ အကျွန်ုပ်နှင့်ဆိုင်သော လူယောက်ျားပေါင်း ခြောက်သိန်းရှိကြသည်ဖြစ်၍ ကိုယ်တော်က တစ်လစားစရာဖို့ သူတို့အားအမဲသားကို ငါပေးမည်ဟု မိန့်တော်မူပါသည်တကား၊
ထိုသို့နှင့်အညီ၊ အဆွေအမျိုးအလိုက်ရေအတွက်သော ဣသရေလအမျိုးသားတပ် အလုံးအရင်းလူပေါင်းကား၊ ခြောက်သိန်းသုံးထောင်ငါးရာငါးဆယ် ရှိသတည်း။
ထာဝရဘုရားကလည်း၊ ဤသူတို့အား အရေအတွက်ရှိသည်အတိုင်း၊ ခါနန်ပြည်ကိုဝေရမည်။