ဤသူတို့သည် ဗင်္ယာမိန်အဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သောလူပေါင်းကား လေးသောင်းငါးထောင်ခြောက်ရာ ရှိသတည်း။
ဗင်္ယာမိန်သား။ ဗေလ၊ ဗေခါ၊ အာရှဗေလ၊ ဂေရ၊ နေမန်၊ ဧဟိ၊ ရောရှ၊ မုပိမ်၊ ဟုပိမ်၊ အာရဒ။
ဗေလသားအာရဒမှဆင်းသက်သော အာရဒိအဆွေအမျိုး၊ နေမန်မှ ဆင်းသက်သော နေမနိအဆွေအမျိုးတည်း။
ဘိုးဘအဆွေအမျိုးအလိုက် ဒန်၏သားဟူမူကား၊ ရှုဟံမှဆင်းသက်သော ရှုဟမိအဆွေအမျိုးတည်း။ ဤသူတို့သည် ဒန်အဆွေအမျိုးဖြစ်၍၊
ထိုအခါ ဂိဗာမြို့သား ယောက်ျားကောင်း ခုနစ်ရာမှတစ်ပါး အမြို့မြို့အရွာရွာကလာသော ဗင်္ယာမိန် အမျိုးသားအရေအတွက်ကား၊ ဓားလက်နက်စွဲကိုင်သောသူ နှစ်သောင်းခြောက်ထောင်တည်း။