ဤသူတို့သည်ယုဒအဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သောလူပေါင်းကား၊ ခုနစ်သောင်းခြောက်ထောင်ငါးရာ ရှိသတည်း။
အိုယုဒ၊ သင်သည်ညီအစ်ကိုတို့ ချီးမွမ်းရသောသူဖြစ်၏။ သင်၏လက်သည် သင်၏ရန်သူလည်ပင်းပေါ်မှာ ရှိလိမ့်မည်။ အဘ၏သားတို့သည် သင့်ရှေ့မှာဦးညွှတ်ချကြလိမ့်မည်။
ယုဒသည်လည်း ညီအစ်ကိုတို့တွင်လွန်ကဲ၍ သူ၏အမျိုးထဲက မင်းဖြစ်တတ်သော်လည်း၊ သားဦးအရာကိုမရ၊ ယောသပ်ရ၏။
ထာဝရဘုရားသည် သင်တို့နှင့် သင်တို့သားမြေးတို့၌ မင်္ဂလာကိုတိုးပွားစေတော်မူမည်။
ဖာရဇ်၏သား၊ ဟေဇရုံမှဆင်းသက်သော ဟေဇေရောနိအဆွေအမျိုး၊ ဟာမုလမှဆင်းသက်သော ဟာမုလိအဆွေအမျိုးတည်း။
အကြောင်းမူကား၊ ငါတို့သခင်သည် ယုဒအမျိုးထဲ၌ ပေါ်ထွန်းသည်ဟု ထင်ရှားလျက်ရှိ၏။ ထိုအမျိုးသည် ယဇ်ပုရောဟိတ်အရာနှင့် စပ်ဆိုင်သည်ဟု မောရှေသည် တစ်ခွန်းကိုမျှမပြော။