ဤသူတို့သည် ရှိမောင်အဆွေအမျိုးဖြစ်၍ လူပေါင်းကား၊ နှစ်သောင်းနှစ်ထောင်နှစ်ရာ ရှိသတည်း။
မိဒျန်မိန်းမနှင့် အသေသတ်ခြင်းကိုခံရသော ဣသရေလလူ၏အမည်ကား၊ ရှိမောင်အမျိုး၌ထင်ရှားသော အဆွေအမျိုးတွင် အကဲအမှူးသာလု၏သား ဇိမရိဖြစ်သတည်း။
ဇေရမှဆင်းသက်သော ဇေရဟိအဆွေအမျိုး၊ ရှောလမှဆင်းသက်သော ရှောလိအဆွေအမျိုးတည်း။
ဘိုးဘအဆွေအမျိုးအလိုက် ဂဒ်၏သားဟူမူကား၊ ဇေဖုန်မှဆင်းသက်သော ဇေဖောနိအဆွေအမျိုး၊ ဟဂ္ဂိမှဆင်းသက်သော ဟဂ္ဂိတ်အဆွေအမျိုး၊ ရှုနိမှဆင်းသက်သော ရှုနိတ်အဆွေအမျိုး၊
ရှိမောင်အမျိုးထဲက တစ်သောင်းနှစ်ထောင်၊ လေဝိ အမျိုးထဲက တစ်သောင်းနှစ်ထောင်၊ ဣသခါအမျိုးထဲက တစ်သောင်းနှစ်ထောင်၊-