ဇေရမှဆင်းသက်သော ဇေရဟိအဆွေအမျိုး၊ ရှောလမှဆင်းသက်သော ရှောလိအဆွေအမျိုးတည်း။
ရှိမောင်သား။ ယေမွေလ၊ ယာမိန်၊ ဩဟဒ်၊ ယာခိန်၊ ဇောဟာ၊ ခါနာန်အမျိုး မိန်းမ၏သားရှောလ။
အဋ္ဌမလတွင် အဋ္ဌမဗိုလ်မင်းကား ဇာရအမျိုး၊ ဟုသိရှအနွယ်ဖြစ်သော သိဗေကဲ၊ တပ်သားပေါင်း နှစ်သောင်းလေးထောင်တည်း။
ဒသမလတွင် ဒသမဗိုလ်မင်းကား ဇာရအမျိုး၊ နေတောဖာသိအနွယ်ဖြစ်သော မဟာရဲ၊ တပ်သားပေါင်း နှစ်သောင်းလေးထောင်တည်း။
ဘိုးဘအဆွေအမျိုးအလိုက် ရှိမောင်၏သားဟူမူကား၊ ယေမွေလမှ ဆင်းသက်သော ယေမွေလိအဆွေအမျိုး၊ ယာမိန်မှဆင်းသက်သော ယာမိနိအဆွေအမျိုး၊ ယာခိန်မှဆင်းသက်သော ယာခိနိအဆွေအမျိုး၊
ဤသူတို့သည် ရှိမောင်အဆွေအမျိုးဖြစ်၍ လူပေါင်းကား၊ နှစ်သောင်းနှစ်ထောင်နှစ်ရာ ရှိသတည်း။
ယုဒအမျိုးကို ဆောင်ခဲ့သဖြင့်၊ ဇေရိအဆွေအမျိုးကို မှတ်တော်မူ၏။ ဇေရိအဆွေအမျိုး အိမ်ထောင်စုံ အသီးအသီးတို့ကို ဆောင်ခဲ့သဖြင့် ဇာဗဒိအိမ်ထောင်ကို မှတ်တော်မူ၏။