တောလည် 25:4Judson Bibleထာဝရဘုရားကလည်း၊ ငါသည်ပြင်းစွာသော အမျက်တော်ကို ဣသရေလအမျိုးမှလွဲစေခြင်းငှာ၊ ဣသရေလမင်းအပေါင်းတို့ကိုခေါ်၍၊ ပြစ်မှားသောသူတို့ကို ဘုရားရှေ့မှာထင်ရှားစွာ ဆွဲထားလော့ဟု မောရှေအားမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ငါတို့သည် ပျက်စီးခြင်းနှင့် ကင်းလွတ်မည်အကြောင်း၊ ဘုရားသခင်သည်ပြောင်းလဲ၍ နောင်တရသဖြင့်၊ ပြင်းစွာသော အမျက်တော်ကို ငြိမ်းစေတော်မူမည် မမူမည်ကို အဘယ်သူပြောနိုင်သနည်းဟု မင်းကြီးအာဏာ၊ မှူးမတ်အာဏာနှင့် နိနေဝေတစ်မြို့လုံးတွင် သတင်းကြားပြော၍ ကြော်ငြာစေတော်မူ၏။
အခြားတစ်ပါးသောဘုရားထံသို့ သွား၍ ဝတ်ပြုကြစို့ဟု ပြောဆိုလျက်၊ သူတို့မြို့သူမြို့သားတို့ကို သွေးဆောင်ကြောင်းကို၊ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်နေစရာဖို့ပေးတော်မူသော မြို့တစ်စုံတစ်မြို့၌ သင်သည် သတင်းကြားလျှင်၊ ထိုအမှုကို စေ့စေ့မေးမြန်း စစ်ကြောရမည်။
အသေကောင်ကို သစ်တိုင်၌ တစ်ညလုံးမထားရ။ ထိုနေ့ချင်းတွင် မြေ၌ဆက်ဆက်မြှုပ်ရမည်။ သစ်တိုင်၌ ဆွဲထားခြင်းကို ခံရသောသူသည် ကျိန်ခြင်းကို ခံရသောသူဖြစ်၏။ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်အမွေခံစရာဖို့ ပေးတော်မူသောပြည်သည် မညစ်ညူးစေမည်အကြောင်း ထိုသို့ပြုရမည်။