ဗာလမ်သည်ထ၍ မိမိနေရာအရပ်သို့ပြန်သွား၏။ ဗာလက်မင်းသည်လည်း သွားလေ၏။
ထိုကြောင့် သင့်နေရာပြည်သို့ ပြေးသွားလော့။ သင့်ကိုချီးမြှောက်မည်ဟု အထက်ကငါအကြံရှိ။ သို့ရာတွင် ထာဝရဘုရားသည် သင်၏ဘုန်းကို မတိုးပွားစေခြင်းငှာ ဆီးတားလေပြီဟု ဆို၏။
ယခုမူကား၊ ငါ့အဆွေအမျိုးတို့ထံသို့ ငါသွားတော့မည်။ နားထောင်ပါ။ နောင်ကာလ၌ ဤလူမျိုးသည် မင်းကြီး၏လူမျိုး၌ အဘယ်သို့ ပြုမည်အရာကို မင်းကြီးအားကြားပြောပါမည်ဟု ဗာလက်မင်းအားပြန်ဆိုပြီးမှ၊
ဣသရေလအမျိုးသားတို့သည် ရှိတ္တိမ်အရပ်၌ နေသောအခါ၊ အချို့တို့သည် မောဘမိန်းမတို့နှင့် မတရားသောမေထုန်ကိုပြုကြ၏။
အသေသတ်ခြင်းကို ခံရသောသူတို့တွင် ဧဝိ၊ ရေကင်၊ ဇုရ၊ ဟုရ၊ ရေဘတည်းဟူသော မိဒျန်မင်းကြီးငါးပါးပါကြ၏။ ဗောရသားဗာလမ်ကိုလည်း ဓားနှင့်သတ်ကြ၏။
ပရောဖက်လုပ်သော ဗောရသားဗာလမ်ကိုလည်း၊ အသေခံရသောသူတို့နှင့်ရော၍ ဣသရေလလူတို့သည် ဓားနှင့်ကွပ်မျက်ကြ၏။