တစ်ဖန် ပရောဖက်စကားအားဖြင့် မြွက်ဆိုပြန်သည်ကား၊ အလိုလေ့၊ ဤအမှုကို ဘုရားသခင်စီရင်တော်မူသောအခါ၊ အဘယ်သူသည် အသက်ချမ်းသာရလိမ့်မည်နည်း။
ရှုရိရှင်ဘုရင်၏ဗိုလ်ချုပ်မင်းနေမန်သည် မိမိသခင်ထံမှာ မျက်နှာရသောသူ၊ ဘုန်းကြီးသောသူဖြစ်၏။ အကြောင်းမူကား၊ ရှုရိပြည်သည် ထိုသူအားဖြင့် အောင်ရသောအခွင့်ကို ထာဝရဘုရားပေးတော်မူပြီ။ ထိုသူသည် ခွန်အားကြီးသော စစ်သူရဲဖြစ်၏။ သို့ရာတွင် နူနာစွဲ၏။
လာတော်မူသောနေ့ရက်ကို အဘယ်သူသည် မတိမ်းမရှောင်ဘဲ နေလိမ့်မည်နည်း။ ပေါ်ထွန်းတော်မူသောအခါ အဘယ်သူသည် ခံရပ်လိမ့်မည်နည်း။ ထိုသခင်သည် ငွေစစ်သောသူ၏မီး၊ ခဝါသည်သုံးသော ဆပ်ပြာကဲ့သို့ ဖြစ်တော်မူမည်။
အကယ်စင်စစ် ယာကုပ်အမျိုးကို၊ ထူးဆန်းသောအတတ်အားဖြင့် မနိုင်ရာ။ ဣသရေလအမျိုးကို အဘယ်သူမျှ မပြုစားရာ။ ဘုရားသခင်သည် အဘယ်သို့ပြုတော်မူပြီတကားဟု ယခုကာလကိုထောက်၍ ယာကုပ်အမျိုး၊ ဣသရေလအမျိုးကို ရည်ဆောင်လျက် ဆိုလေ့ရှိလိမ့်မည်။
သို့သော်လည်း အာရှုရိမင်းသည် သိမ်းယူ၍မသွားမီတိုင်အောင်၊ ကေနိအမျိုးသည် အမျက်ကိုခံရလိမ့်မည်ဟု မြွက်ဆို၏။
သင်္ဘောတို့သည်လည်း ခိတ္တိမ်ပြည်မှလာ၍အာရှုရိပြည်ကိုလည်းကောင်း၊ ဟေဗာပြည်ကိုလည်းကောင်း နှောင့်ယှက်ကြလိမ့်မည်။ သူတို့သည်လည်း ရှင်းရှင်းပျက်စီးကြလိမ့်မည်ဟု မြွက်ဆိုပြီးမှ၊