Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တော​လည် 24:19

Judson Bible

အ​စိုး​ရ​သော​သူ​တစ်​ပါး​သည်၊ ယာ​ကုပ်​အ​မျိုး​ထဲ​က​ထွက်၍၊ ကျန်​ကြွင်း​သော​မြို့​သူ​မြို့​သား​တို့​ကို ဖျက်​ဆီး​လိမ့်​မည်​ဟု မြွက်​ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

ရှိ​လော​မ​ရောက်​မီ​တိုင်​အောင်၊ ရာ​ဇ​လှံ​တံ​သည်​ယု​ဒ​ထံ​မှ​လည်း​ကောင်း၊ မင်း​အာ​ဏာ​သည် သူ၏​အ​မျိုး​အ​နွယ်​ထံ​မှ​လည်း​ကောင်း မ​ရွေ့​ရ။ ရှိ​လော၌​လူ​မျိုး​တို့​သည် ဆည်း​ကပ်​ကြ​လိမ့်​မည်။

ထို​ကာ​လ၌ ယေ​ရှဲ၏​အ​မြစ်​သည် ပေါက်၍၊ လူ​များ​အ​ဖို့​ထူ​သော​အ​လံ ဖြစ်​လိမ့်​မည်။ ထို​အ​လံ၌ တစ်​ပါး​အ​မျိုး​သား​တို့​သည် ဆည်း​ကပ်​ကြ​လိမ့်​မည်။ ကျိန်း​ဝပ်​တော်​မူ​ရာ​အ​ရပ်​သည်​လည်း ဘုန်း​ကြီး​လိမ့်​မည်။

အို ဗက်​လင်​ဧ​ဖ​ရတ်​မြို့၊ အ​စိုး​ရ​သော ယု​ဒ​မြို့​တို့​တွင် သင်​သည် မြို့​ငယ်​မြို့​ယုတ်​ဖြစ်​သော်​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​ကို အုပ်​စိုး​ရ​သော သ​ခင်​သည် ငါ့​အ​ဖို့ သင်၏​အ​ထဲ​မှာ ပေါ်​ထွန်း​လ​တ္တံ့။ ထို​သ​ခင်​သည် ရှေး​ကပ်​က​မ္ဘာ​မှ​စ၍ ပေါ်​ထွန်း​သော​သ​ခင် ဖြစ်၏။

ထို​သ​ခင်​သည် ရပ်၍ ထာ​ဝ​ရ​ဘု​ရား၏ အ​စွမ်း​သ​တ္တိ​နှင့်​လည်း​ကောင်း၊ မိ​မိ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော် တန်​ခိုး​အာ​နု​ဘော်​နှင့်​လည်း​ကောင်း၊ မိ​မိ​သိုး​စု​ကို ကျွေး​မွေး​လိမ့်​မည်။ သူ​တို့​သည်​လည်း တည်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ထို​သ​ခင်​သည် မြေ​ကြီး​စွန်း​တိုင်​အောင် အ​စိုး​ရ၍၊ ရန်​ငြိမ်း​ခြင်း​အ​ကြောင်း ဖြစ်​တော်​မူ​လိမ့်​မည်။

ဧ​ဒုံ​ပြည်​ကို​လည်း သိမ်း​ယူ​လိမ့်​မည်။ စိ​ရ​တောင်​သည်​လည်း ရန်​သူ​လက်​သို့ ရောက်​လိမ့်​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သည် ရဲ​ရင့်​စွာ​ပြု​လိမ့်​မည်။

တစ်​ဖန် အာ​မ​လက်​ပြည်​ကို​ကြည့်​ရှု၍ ပ​ရော​ဖက်​စ​ကား​အား​ဖြင့် မြွက်​ဆို​ပြန်​သည်​ကား၊ အာ​မ​လက်​အ​မျိုး​သည် လူ​မျိုး​တ​ကာ​တို့​ထက် အ​ထွတ်​ဖြစ်​ဖူး​သော်​လည်း၊ အ​ဆုံး၌ ရှင်း​ရှင်း​ပျက်​စီး​ခြင်း​သို့ ရောက်​လိမ့်​မည်​ဟု မြွက်​ဆို၏။

ထို​သူ​တို့​သည် ထာ​ဝ​ရ​အ​ပြစ်​ဒဏ် ခံ​ရာ​သို့​လည်း​ကောင်း၊ ဖြောင့်​မတ်​သော သူ​တို့​မူ​ကား၊ ထာ​ဝ​ရ​အ​သက်​ရှင်​ရာ​သို့​လည်း​ကောင်း သွား​ရ​ကြ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။

ယေ​ရှု​သည် အ​နီး​အ​ပါး​သို့ ချဉ်း​တော်​မူ​ပြီး​လျှင်၊ ကောင်း​ကင်​ဘုံ၌​လည်း​ကောင်း၊ မြေ​ကြီး​ပေါ်၌​လည်း​ကောင်း၊ စီ​ရင်​ပိုင်​သော အ​ခွင့်​တန်​ခိုး​ရှိ​သ​မျှ​တို့​ကို ငါ​ခံ​ရ​ပြီ။-

အ​မတ်​တစ်​ယောက်​သည် မင်း​ကြီး​အ​ရာ​ကို ခံ​လို၍ မိ​မိ​ပြည်​သို့ ပြန်​လာ​မည်​ဟု အ​ကြံ​ရှိ​လျက် ဝေး​သော​ပြည်​သို့ သွား၏။-

ထို​မှ​တစ်​ပါး ငါ၏​အ​အုပ်​အ​ချုပ်​ကို မ​ခံ​လို​သော ငါ့​ရန်​သူ​တို့​ကို ခေါ်​ခဲ့​ကြ။ ငါ့​ရှေ့​မှာ​သတ်​ကြ​ဟု စီ​ရင်​တော်​မူ​သည်​ဟု မိန့်​တော်​မူ၏။

ခ​ရစ်​တော်​သည် ရန်​သူ​အ​ပေါင်း​တို့​ကို ခြေ​ဖ​ဝါး​တော်​အောက်၌ ချ​ထား​တော်​မ​မူ​မီ​တိုင်​အောင် အုပ်​စိုး​တော်​မူ​ရ​မည်။-

သား​တော်​ကို​ကား၊ အို​ဘု​ရား​သ​ခင်၊ ကိုယ်​တော်၏ ပ​လ္လင်​သည် နိ​စ္စ​ထာ​ဝ​ရ​ပ​လ္လင် ဖြစ်​ပါ၏။ ကိုယ်​တော်၏ နိုင်​ငံ​သည် တ​ရား​သ​ဖြင့် စီ​ရင်​သော​နိုင်​ငံ​ဖြစ်​ပါ၏။-

ထို​သ​ခင်​သည် ကောင်း​ကင်​ဘုံ​သို့ ကြွ​တော်​မူ​သည်​ဖြစ်၍၊ ကောင်း​ကင်​တ​မန်​အ​စ​ရှိ​သော အာ​ဏာ​စက် တန်​ခိုး​များ​တို့​ကို အုပ်​စိုး​လျက်၊ ဘု​ရား​သ​ခင်၏ လက်​ယာ​တော်​ဘက်၌ ရှိ​တော်​မူ၏။

ဘု​ရင်​တို့၏​ဘု​ရင်၊ သ​ခင်​တို့၏​သ​ခင်​ဟု ဘွဲ့​နာ​မ​တော်​သည် အ​ဝတ်​တော်၌​လည်း​ကောင်း၊ ပေါင်​တော်၌​လည်း​ကောင်း ရေး​ထား​လျက်​ရှိ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ