Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တော​လည် 24:14

Judson Bible

ယ​ခု​မူ​ကား၊ ငါ့​အ​ဆွေ​အ​မျိုး​တို့​ထံ​သို့ ငါ​သွား​တော့​မည်။ နား​ထောင်​ပါ။ နောင်​ကာ​လ၌ ဤ​လူ​မျိုး​သည် မင်း​ကြီး၏​လူ​မျိုး၌ အ​ဘယ်​သို့ ပြု​မည်​အ​ရာ​ကို မင်း​ကြီး​အား​ကြား​ပြော​ပါ​မည်​ဟု ဗာ​လက်​မင်း​အား​ပြန်​ဆို​ပြီး​မှ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ထို​ရော​အ​ခါ၊ ယာ​ကုပ်​သည် မိ​မိ​သား​တို့​ကို​ခေါ်၍၊ သင်​တို့​သည် စည်း​ဝေး​ကြ​လော့။ နောင်​ကာ​လ​အ​ခါ၊ သင်​တို့​၌ ဖြစ်​လ​တ္တံ့​သော​အ​မှု​အ​ရာ​များ​ကို ငါ​ဟော​ပြော​မည်။

သူ​တို့​သည် တွင်း​ထဲ​မှာ တစ်​စု​တည်း​စု​ဝေး၍ ချည်​နှောင်​ခြင်း၊ ထောင်​ထဲ​မှာ ချုပ်​ထား​ခြင်း​ကို​ခံ​လျက် နေ​ရ​ကြ​လိမ့်​မည်။ များ​စွာ​သော နေ့​ရက်​ကာ​လ​လွန်​ပြီး​မှ၊ စစ်​ကြော​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။

သို့​ရာ​တွင်၊ သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သော မော​ဘ​အ​မျိုး​သား​တို့​ကို နောင်​ကာ​လ၌ ငါ​ဆောင်​ခဲ့​ဦး​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။ ဤ​ရွေ့​ကား၊ မော​ဘ​ခံ​ရ​သော​အ​ပြစ်​တ​ရား​ပေ​တည်း။

သို့​ရာ​တွင်၊ သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သော ဧ​လံ​အ​မျိုး​သား​တို့​ကို နောင်​ကာ​လ၌ ငါ​ဆောင်​ခဲ့​ဦး​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ယ​ခု​မူ​ကား၊ နောင်​ကာ​လ​တွင် သင်၏​အ​မျိုး​သား​ချင်း​တို့၌ ဖြစ်​လ​တ္တံ့​သော အ​မှု​အ​ရာ​တို့​ကို သင်​သည် နား​လည်​စေ​ခြင်း​ငှာ ငါ​ရောက်​လာ​ပြီ။ ဤ​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​သည် တာ​ရှည်​သော​ကာ​လ​နှင့် ဆိုင်​ပေ၏​ဟု ငါ့​အား​ပြော​ဆို၏။

နက်​နဲ​သော အ​ရာ​တို့​ကို ဖွင့်​ပြ၍၊ နောင်​ကာ​လ၌ ဖြစ်​လ​တ္တံ့​သော အ​ရာ​တို့​ကို နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး​အား ကြား​ပြော​တော်​မူ​သော ဘု​ရား​သ​ခင်​တစ်​ဆူ​သည် ကောင်း​ကင်​ဘုံ​မှာ ရှိ​တော်​မူ၏။

ထို​နောက်​မှ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ပြန်​လာ၍၊ သူ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​လည်း​ကောင်း၊ သူ​တို့​ရှင်​ဘု​ရင် ဒါ​ဝိဒ်​ကို​လည်း​ကောင်း​ရှာ၍၊ နောင်​ကာ​လ၌ ကျေး​ဇူး​တော်​ကို​ခံ​အံ့​သော​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ တုန်​လှုပ်​လျက်​ပြေး​ကြ​လိမ့်​မည်။

အို ငါ၏​လူ​မျိုး၊ ရှိ​တ္တိမ်​မြို့​နှင့် ဂိ​လ​ဂါ​လ​မြို့ စပ်​ကြား​မှာ မော​ဘ​မင်း​ကြီး ဗာ​လက်​ကြံ​စည်​သော အ​ကြံ​ကို​လည်း​ကောင်း၊ ဗော​ရ​သား ဗာ​လမ်​ပြန်​ပြော​သော စ​ကား​ကို​လည်း​ကောင်း အောက်​မေ့​လော့။ ထို​သို့ အောက်​မေ့​မိ​လျှင်၊ ထာ​ဝ​ရ​ဘု​ရား၏​ဖြောင့်​မတ်​တော်​မူ​ခြင်း​ကို နား​လည်​လိမ့်​မည်။

ထို​အ​ရာ​ကို ငါ​မြင်၏။ သို့​သော်​လည်း ယ​ခု​မ​ဖြစ်​ရ​သေး။ ထို​အ​ရာ​ကို ငါ​ရှု၏။ သို့​သော်​လည်း ဖြစ်​ရ​သော​အ​ချိန်​မ​နီး​သေး။ ကြယ်​တစ်​လုံး​သည် ယာ​ကုပ်​အ​မျိုး၌ ပေါ်​ထွန်း၍၊ ရာ​ဇ​လှံ​တံ​သည် ဣ​သ​ရေ​လ​အ​မျိုး၌ ထင်​ရှား​လိမ့်​မည်။ မော​ဘ​ပြည်​စွန်း​တိုင်​အောင် ထိ​ခိုက်၍ မ​ငြိမ်​မ​ဝပ် ရုန်း​ရင်း​ခတ်​ပြု​တတ်​သော သူ​အ​ပေါင်း​တို့​ကို ဖျက်​ဆီး​လိမ့်​မည်။

ဗာ​လမ်​သည်​ထ၍ မိ​မိ​နေ​ရာ​အ​ရပ်​သို့​ပြန်​သွား၏။ ဗာ​လက်​မင်း​သည်​လည်း သွား​လေ၏။

ဟော​ဖူး​သော​အ​ချက်​ကား၊ နောင်​ကာ​လ၌ လူ​မျိုး​တ​ကာ​တို့​အ​ပေါ်​သို့ ငါ၏​ဝိ​ညာဉ်​တော်​ကို ငါ​သွန်း​လောင်း​မည်။ သင်​တို့၏​သား​သ​မီး​တို့​သည် ပ​ရော​ဖက်​ဉာဏ်​နှင့် ဟော​ပြော​ရ​ကြ​လိမ့်​မည်။ အ​သက်​ငယ်​သော​သူ​တို့​သည် ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တို့​ကို မြင်​ရ​ကြ​လိမ့်​မည်။ အ​သက်​ကြီး​သော​သူ​တို့​သည်​လည်း နိ​မိတ်​အိပ်​မက်​တို့​ကို မြင်​မက်​ရ​ကြ​လိမ့်​မည်။-

နောင်​ကာ​လ​သည် ခဲ​ယဉ်း​သော ကာ​လ​ဖြစ်​မည်​ဟု သိ​မှတ်​လော့။ အ​ဘယ်​သို့​နည်း ဟူ​မူ​ကား၊-

ပ​ရော​ဖက်​လုပ်​သော ဗော​ရ​သား​ဗာ​လမ်​ကို​လည်း၊ အ​သေ​ခံ​ရ​သော​သူ​တို့​နှင့်​ရော၍ ဣ​သ​ရေ​လ​လူ​တို့​သည် ဓား​နှင့်​ကွပ်​မျက်​ကြ၏။

သင်​သည် ခံ​ရ​မည့်​အ​ရာ တစ်​စုံ​တစ်​ခု​ကို​မျှ မ​ကြောက်​နှင့်။ သင်​တို့​သည် စုံ​စမ်း​ခြင်း​ကို​ခံ​ရ​မည်​အ​ကြောင်း၊ မာရ်​နတ်​သည် သင်​တို့​တွင် အ​ချို့​ကို ထောင်​ထဲ၌ လှောင်​ထား၍၊ သင်​တို့​သည် ဆယ်​ရက်​ပတ်​လုံး ဆင်း​ရဲ​ဒု​က္ခ​ကို ခံ​ရ​ကြ​လိမ့်​မည်။ သေ​သည်​တိုင်​အောင် သ​စ္စာ​စောင့်​လော့။ သို့​ဖြစ်​လျှင်၊ အ​သက်​သ​ရ​ဖူ​ကို ငါ​ပေး​မည်။-

သို့​သော်​လည်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ရုပ်​တု​ရှေ့​မှာ ပူ​ဇော်​သော​ယဇ်​ကောင်​ကို စား​စေ​ခြင်း​ငှာ လည်း​ကောင်း၊ မ​တ​ရား​သော မေ​ထုန်​ကို ပြု​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ထိ​မိ၍ လဲ​စ​ရာ​အ​ရာ​ကို သူ​တို့​ရှေ့၌ ချ​ထား​မည်​အ​ကြောင်း၊ ဗာ​လက်​မင်း​ကို အ​ကြံ​ပေး​သော​သူ​တည်း​ဟူ​သော ဗာ​လမ်၏​အ​ယူ​ကို စွဲ​လမ်း​သော​သူ​တို့​သည် သင်၏​နေ​ရာ၌​ရှိ​ကြ​သည်​ဖြစ်၍၊ သင်၌ အ​နည်း​ငယ်​သော​အ​ပြစ်​တင်​စ​ရာ ရှိ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ