Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တော​လည် 24:13

Judson Bible

ထာ​ဝ​ရ​ဘု​ရား၏​ပ​ညတ်​တော်​ကို လွန်​ကျူး၍ ကောင်း​သော​အ​မှု၊ မ​ကောင်း​သော​အ​မှု​တစ်​စုံ​တစ်​ခု​ကို ကိုယ်​အ​လို​အ​လျောက် ငါ​မ​ပြု​နိုင်။ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သ​မျှ​ကို ငါ​ပြော​ပါ​မည်​ဟု မင်း​ကြီး​စေ​လွှတ်​သော သံ​တ​မန်​တို့​အား ငါ​ပြော​နှင့်​ပြီ​မ​ဟုတ်​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

ဘု​ရား​သ​ခင်၏​လူ​က၊ နန်း​တော်​တစ်​ဝက်​ကို ပေး​သော်​လည်း သင်​နှင့်​အ​တူ ငါ​မ​လိုက်။ ဤ​အ​ရပ်၌ မုန့်​ကို​မ​စား၊ ရေ​ကို​လည်း မ​သောက်​ရ။

မိ​က္ခာ​က၊ ထာ​ဝ​ရ​ဘု​ရား​အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော စ​ကား​ကို​သာ ငါ​ပြန်​ပြော​ရ​မည်​ဟု ဆို၏။

မော​ရှေ​က​လည်း၊ ဤ​အ​မှု​အ​လုံး​စုံ​တို့​ကို ငါ​သည်​အ​လို​လို​မ​ပြု၊ ထာ​ဝ​ရ​ဘု​ရား စေ​ခိုင်း​တော်​မူ၍ ငါ​ပြု​သည်​အ​ကြောင်း​ကို သင်​တို့​သည် အ​ဘယ်​သို့​သိ​ရ​မည်​နည်း ဟူ​မူ​ကား၊

ဗာ​လမ်​က​လည်း၊ ဗာ​လက်​မင်း​သည် ရွှေ​ငွေ​နှင့်​ပြည့်​သော မိ​မိ​နန်း​တော်​ကို​ပင် ပေး​သော်​လည်း၊ ငါ​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​ကို လွန်​ကျူး၍ အ​မှု​အ​ကြီး​အ​ငယ်​တစ်​စုံ​တစ်​ခု​ကို​မျှ ငါ​မ​ပြု​နိုင်။

ည​အ​ချိန်၌ ဘု​ရား​သ​ခင်​သည် ဗာ​လမ်​ရှိ​ရာ​သို့​လာ၍၊ ထို​လူ​တို့​သည် သင့်​ကို​ခေါ်​ခြင်း​ငှာ​လာ​လျှင်၊ သူ​တို့​နှင့်​အ​တူ ထ၍​လိုက်​လော့။ သို့​ရာ​တွင် ငါ​မှာ​ထား​သ​မျှ​အ​တိုင်း​သာ ပြု​ရ​မည်​ဟု မိန့်​တော်​မူ၏။

ဗာ​လမ်​က၊ ယ​နေ့​ည​မှာ ဤ​အ​ရပ်၌​နေ​ကြ​ပါ​ဦး။ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း ငါ​ပြန်​ပြော​မည်​ဟု​ဆို​လျှင်၊ မော​ဘ​အ​ရာ​ရှိ​တို့​သည် ဗာ​လမ်​ထံ​မှာ​နေ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ