ထိုကြောင့် သင့်နေရာပြည်သို့ ပြေးသွားလော့။ သင့်ကိုချီးမြှောက်မည်ဟု အထက်ကငါအကြံရှိ။ သို့ရာတွင် ထာဝရဘုရားသည် သင်၏ဘုန်းကို မတိုးပွားစေခြင်းငှာ ဆီးတားလေပြီဟု ဆို၏။
ငါသည် ကိုယ်တော်ကို အလွန်ချီးမြှောက်မည်။ ကိုယ်တော်တောင်းသမျှကို ပေးမည်။ သို့ဖြစ်၍ကြွလာပါ။ ဤလူမျိုးကို ငါ့အဖို့ကျိန်ဆဲပါဟု မိန့်တော်မူကြောင်းကို ပြန်ပြောကြ၏။
ဗာလက်မင်းကလည်း၊ ကိုယ်တော်ကိုခေါ်ပင့်စေခြင်းငှာ ငါသည် အထပ်ထပ်စေလွှတ်သည် မဟုတ်လော။ အဘယ်ကြောင့် နှေးပါသနည်း။ ကိုယ်တော်ကို ငါချီးမြှောက်နိုင်သည် မဟုတ်လောဟု ဗာလမ်အားဆိုလျှင်၊
ထိုအခါ ဗာလက်မင်းသည်၊ ဗာလမ်ကိုအမျက်ထွက်၍ လက်ခုပ်တီးလျက်၊ ငါ၏ရန်သူတို့ကို ကျိန်ဆဲစေခြင်းငှာ သင့်ကိုငါခေါ်ခဲ့၏။ သင်သည် သုံးကြိမ်တိုင်အောင် အကြွင်းမဲ့ ကောင်းချီးပေးလေပြီတကား။
ဗာလမ်ကလည်း၊ ဗာလက်မင်းသည် ရွှေငွေနှင့်ပြည့်သော မိမိနန်းတော်ကိုပင် ပေးသော်လည်း၊
ပေတရုက၊ ဘုရားသခင်၏ကျေးဇူးတော်ကို ငွေနှင့်ဝယ်ယူမည်ဟု အကြံရှိသောကြောင့်၊ သင်နှင့်တကွ သင်၏ငွေသည် ပျက်စီးခြင်းသို့ ရောက်ပါစေ။-
ထိုမျှမက ငါ၏ သခင်ယေရှုခရစ်ကိုသိသော ပညာသည် အဘယ်မျှလောက် မြတ်သည်ကို ထောက်၍၊ ခပ်သိမ်းသောအရာတို့ကို ရှုံးစေသောအရာကဲ့သို့ ငါထင်မှတ်၏။-
ငါတို့သည် ကိုယ်ပြုစုသောအရာ မပျောက်မပျက်၊ စုံလင်သောအကျိုးကို ရမည်အကြောင်း၊ သင်တို့သည် ကိုယ်ကိုကိုယ်သတိပြု၍ စောင့်ရှောက်ကြလော့။-