တောလည် 24:10Judson Bibleထိုအခါ ဗာလက်မင်းသည်၊ ဗာလမ်ကိုအမျက်ထွက်၍ လက်ခုပ်တီးလျက်၊ ငါ၏ရန်သူတို့ကို ကျိန်ဆဲစေခြင်းငှာ သင့်ကိုငါခေါ်ခဲ့၏။ သင်သည် သုံးကြိမ်တိုင်အောင် အကြွင်းမဲ့ ကောင်းချီးပေးလေပြီတကား။ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍၊ ကြွလာပါ။ ဤလူမျိုးသည် ငါ့ထက်အားကြီးသောကြောင့် သူတို့ကို ငါ့အဖို့ကျိန်ဆဲပါ။ သို့ပြုလျှင် သူတို့ကိုငါတိုက်၍ ငါ့ပြည်မှနှင်ထုတ်နိုင်ကောင်း နှင်ထုတ်နိုင်လိမ့်မည်။ ကိုယ်တော်ကောင်းချီးပေးသောသူသည် ကောင်းချီးမင်္ဂလာခံရသည်ကိုလည်းကောင်း၊ ကိုယ်တော်ကျိန်ဆဲသောသူသည် ကျိန်ဆဲအပ်သောသူ ဖြစ်သည်ကိုလည်းကောင်းငါသိသည်ဟု မှာလိုက်လေ၏။