Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တော​လည် 23:9

Judson Bible

ကျောက်​ပေါ်​က သူ့​ကို​ငါ​မြင်၏။ တောင်​ပေါ်​က သူ့​ကို​ငါ​ကြည့်​ရှု၏။ ထို​လူ​မျိုး​သည် တစ်​မျိုး​တည်း​နေ၍ အ​ခြား​တစ်​ပါး​သော​လူ​မျိုး​တို့​နှင့် မ​ရော​နှော​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

အ​ကြောင်း​မူ​ကား၊ သူ​တို့​သ​မီး​များ​ကို ကိုယ်​ဖို့​လည်း​ကောင်း၊ ကိုယ်​သား​ဖို့​လည်း​ကောင်း၊ သိမ်း​ယူ​သ​ဖြင့်၊ သန့်​ရှင်း​သော​အ​မျိုး​သည် ဤ​ပြည်​သား​ရင်း​အ​မျိုး​နှင့် ရော​နှော​လျက်​ရှိ၍၊ အ​ကြီး​အ​ကဲ​နှင့် မင်း​အ​ရာ​ရှိ​တို့​သည်၊ ဤ​ဒု​စ​ရိုက်​အ​မှု​ကို အ​ဦး​ပြု​ကြ​ပြီ​တ​ကား​ဟု ကြား​ပြော​ကြ၏။

တစ်​ဖန် ဟာ​မန်​သည် ရှင်​ဘု​ရင်​အာ​ရွှေ​ရု​ထံ​တော်​သို့ ဝင်၍၊ အ​ခြား​တစ်​ပါး​သော လူ​မျိုး​အ​ပေါင်း​တို့​နှင့် ကျင့်​ရာ​ထုံး​တမ်း​မ​တူ၊ အ​ရှင်​မင်း​ကြီး စီ​ရင်​တော်​မူ​ချက်​တို့​ကို နား​မ​ထောင်၊ နိုင်​ငံ​တော်​အ​တွင်း၊ တိုင်း​သူ​ပြည်​သား အ​မျိုး​မျိုး​တို့​တွင် အ​ရပ်​ရပ်​ကွဲ​ပြား​လျက်​နေ​သော လူ​မျိုး​တစ်​မျိုး​ရှိ​ပါ၏။ ထို​အ​မျိုး​ကို အ​ခွင့်​ပေး​တော်​မူ​ရာ၌ ကျေး​ဇူး​တော်​မ​ရှိ​ပါ။

အ​ကျွန်ုပ်​နှင့် ကိုယ်​တော်၏​လူ​တို့​သည် ရှေ့​တော်၌​မျက်​နှာ​ရ​သော​အ​ကြောင်း​သည် အ​ဘယ်​သို့​ထင်​ရှား​ပါ​မည်​နည်း။ အ​ကျွန်ုပ်​တို့​နှင့် ကြွ​သွား​တော်​မူ​သော​အား​ဖြင့်​သာ ထင်​ရှား​ပါ​မည်​မ​ဟုတ်​လော။ ထို​သို့ အ​ကျွန်ုပ်​နှင့် ကိုယ်​တော်၏​လူ​တို့​သည် မြေ​ကြီး​ပေါ်​မှာ​ရှိ​သ​မျှ​သော​လူ​တို့​နှင့် ခြား​နား​ရ​ပါ​မည်​ဟု လျှောက်​ဆို​လျှင်၊

ငါ့​ကျွန်​ယာ​ကုပ် မ​ကြောက်​နှင့်။ သင်​နှင့်​အ​တူ ငါ​ရှိ၏။ သင့်​ကို ငါ​နှင်​ထုတ်​သော တိုင်း​နိုင်​ငံ​ရှိ​သ​မျှ​တို့​ကို ငါ​သည်​ဆုံး​စေ​သော်​လည်း၊ သင့်​ကို​မ​ဆုံး​စေ။ သို့​ရာ​တွင်၊ ရှင်း​ရှင်း​အ​ပြစ်​မ​လွှတ်​ဘဲ အ​တော်​အ​တန်​ဆုံး​မ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထ​ကြ​လော့။ ငြိမ်​ဝပ်​စွာ​နေ၍ စိုး​ရိမ်​စ​ရာ​မ​ရှိ​သော​လူ​မျိုး၊ မြို့​တံ​ခါး​နှင့်​ကန့်​လန့်​ကျင်​ကို မ​သုံး​တတ်၊ အ​ပေါင်း​အ​ဖော်​မ​ရှိ၊ တ​ခြား​စီ​နေ​တတ်​သော လူ​မျိုး​နေ​ရာ​သို့​သွား​ကြ​လော့။

တစ်​ဖန် ငါ​အ​မိန့်​တော်​ရှိ​သ​ဖြင့် ဆန်​ကို ဆန်​ခါ​နှင့် ချ​သ​ကဲ့​သို့၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ခပ်​သိမ်း​သော​အ​မျိုး​တို့​တွင် ဆန်​ခါ​နှင့် ငါ​ချ​မည်။ ဆန်​တစ်​စေ့​မျှ မြေ​သို့​မ​ကျ​ရ။

ကိုယ်​တော်၏ လူ​တည်း​ဟူ​သော အ​ပေါင်း​အ​ဖော်​မ​ရှိ​ဘဲ၊ တော​တွင် က​ရ​မေ​လ​တောင်​ပေါ်​မှာ နေ​ရ​သော အ​မွေ​တော်​သိုး​စု​ကို သိုး​ထိန်း​နှင်​တံ​နှင့် ထိန်း​တော်​မူ​ပါ။ ရှေး​ကာ​လ၌ ရှိ​သ​ကဲ့​သို့၊ ဗာ​ရှန်​ပြည်​နှင့် ဂိ​လဒ်​ပြည်၌ ကျက်​စား​သော အ​ခွင့်​ကို ပေး​တော်​မူ​ပါ။

ထို​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​ပြန်​သည်​ကား၊ သင်​တို့​သည် ထို​သူ​တို့​အ​ထဲ​မှ​ထွက်၍ အ​သီး​အ​ခြား နေ​ကြ​လော့။ မ​စင်​ကြယ်​သော​အ​ရာ​ကို လက်​နှင့်​မျှ မ​တို့​ကြ​နှင့်။ ထို​သို့​ပြု​လျှင် သင်​တို့​ကို ငါ​သည် လက်​ခံ​မည်။-

အ​မြင့်​ဆုံး​သော​ဘု​ရား​သည် အာ​ဒံ၏​အ​မျိုး​အ​နွယ်​ဖြစ်​သော လူ​မျိုး​တို့​ကို ပိုင်း​ခြား၍ အ​မွေ​မြေ​ကို​ဝေ​ပေး​သော​အ​ခါ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အ​ရေ​အ​တွက်​ကို ထောက်​ရှု၍၊ လူ​မျိုး​တို့​နေ​ရာ​အ​ပိုင်း​အ​ခြား​ကို စီ​ရင်​တော်​မူ၏။

ဣ​သ​ရေ​လ​အ​မျိုး​သည် ဘေး​လွတ်၍ တစ်​မျိုး​တည်း နေ​ရ​လိမ့်​မည်။ ယာ​ကုပ်​အ​နွယ်​သည် စ​ပါး၊ စ​ပျစ်​ရည်​နှင့်​ပြည့်​စုံ​သော​ပြည်၌ နေ​ရာ​ကျ၍၊ မိုး​နှင်း​ရည်​လည်း စက်​စက်​ကျ​လိမ့်​မည်။

ထို​သ​ခင်​ယေ​ရှု​ခ​ရစ်​သည် ခပ်​သိမ်း​သော​ဒု​စ​ရိုက်​မှ ငါ​တို့​ကို ရွေး​နုတ်​ခြင်း​ငှာ​လည်း​ကောင်း၊ ကောင်း​သော အ​ကျင့်​ဘက်၌ စိတ်​အား​ကြီး၍၊ ပိုင်​ထိုက်​တော်​မူ​သော အ​မျိုး​ကို မိ​မိ​အ​ဖို့ စင်​ကြယ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ကိုယ်​ကို​ကိုယ် စွန့်​ကြဲ​တော်​မူ​ပြီ။-

သင်​တို့​မူ​ကား၊ မှောင်​မိုက်​ထဲ​မှ အံ့​ဖွယ်​သော အ​လင်း​တော်​သို့ ခေါ်​သွင်း​တော်​မူ​သော​သူ၏ ဂုဏ်​ကျေး​ဇူး​များ​ကို ဖော်​ပြ​စေ​ခြင်း​ငှာ၊ ရွေး​ချယ်​တော်​မူ​သော​အ​မျိုး ဖြစ်​ကြ၏။ မင်း​စည်း​စိမ်​ရှိ​သော ယဇ်​ပု​ရော​ဟိတ်​မျိုး၊ သန့်​ရှင်း​သော​လူ​မျိုး၊ ပိုင်​ထိုက်​တော်​မူ​သော အ​ပေါင်း​အ​သင်း ဖြစ်​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ