Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တော​လည် 23:26

Judson Bible

ဗာ​လမ်​က၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သ​မျှ​အ​တိုင်း ငါ​ပြု​ရ​ပါ​မည်​ဟု မင်း​ကြီး​အား အ​ရင်​ပြော​နှင့်​ပြီ​မ​ဟုတ်​လော​ဟု ဗာ​လက်​မင်း​အား​ပြန်​ပြော၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

မိ​က္ခာ​က၊ ထာ​ဝ​ရ​ဘု​ရား​အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော စ​ကား​ကို​သာ ငါ​ပြန်​ပြော​ရ​မည်​ဟု ဆို၏။

မိ​က္ခာ​က၊ ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ ငါ၏ ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သော စ​ကား​ကို​သာ ငါ​ပြန်​ပြော​ရ​မည်​ဟု ဆို၏။

ဗာ​လမ်​က​လည်း၊ ဗာ​လက်​မင်း​သည် ရွှေ​ငွေ​နှင့်​ပြည့်​သော မိ​မိ​နန်း​တော်​ကို​ပင် ပေး​သော်​လည်း၊ ငါ​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​ကို လွန်​ကျူး၍ အ​မှု​အ​ကြီး​အ​ငယ်​တစ်​စုံ​တစ်​ခု​ကို​မျှ ငါ​မ​ပြု​နိုင်။

ဗာ​လမ်​က၊ မင်း​ကြီး​ထံ​သို့ ငါ​လာ​ပါ​ပြီ။ သို့​ရာ​တွင် ငါ​သည်​စ​ကား​တ​ခွန်း​ကို​မျှ ပြော​ပိုင်​သ​လော။ ငါ့​နှုတ်၌ ဘု​ရား​သ​ခင်​ထား​တော်​မူ​သော စ​ကား​ကို​သာ ငါ​ပြော​ပါ​မည်​ဟု ပြန်​ပြော​ပြီး​မှ၊

ဗာ​လမ်​ပြန်​သော​အ​ခါ၊ ဗာ​လက်​မင်း​သည် မော​ဘ​မှူး​မတ်​တို့​နှင့်​တ​ကွ၊ မိ​မိ​ပူ​ဇော်​သော မီး​ရှို့​ရာ​ယဇ်​နား​မှာ ရပ်​နေ​လျက်၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​ဘယ်​သို့ မိန့်​တော်​မူ​သ​နည်း​ဟု မေး​လေ၏။

ဗာ​လက်​မင်း​က​လည်း၊ သူ​တို့​ကို အ​လျှင်း​မ​ကျိန်​ဆဲ​ပါ​နှင့်။ ကောင်း​ချီး​ကို​လည်း အ​လျှင်း​မ​ပေး​ပါ​နှင့်​ဟု ဗာ​လမ်​အား​ဆို​လျှင်၊

တစ်​ဖန် ဗာ​လက်​မင်း​က၊ လာ​ပါ​တော့။ အ​ခြား​သော​အ​ရပ်​သို့ ဆောင်​သွား​ပါ​မည်။ ထို​အ​ရပ်၌ သူ​တို့​ကို​ငါ့​အ​ဖို့ ကျိန်​ဆဲ​စေ​ခြင်း​ငှာ ဘု​ရား​သ​ခင်​အ​လို​တော် ရှိ​ကောင်း​ရှိ​တော်​မူ​လိမ့်​မည်​ဟု ဗာ​လမ်​အား​ဆို​လျက်၊

ဗာ​လမ်​က​လည်း၊ မင်း​ကြီး​ပူ​ဇော်​သော မီး​ရှို့​ရာ​ယဇ်​နား​မှာ ရပ်​လော့။ ငါ​သည် အ​ခြား​တစ်​ပါး​သို့​သွား​ပါ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​ကြို​ဆို​ခြင်း​ငှာ ကြွ​လာ​ကောင်း ကြွ​လာ​တော်​မူ​လိမ့်​မည်။ ငါ့​အား​ပြ​တော်​မူ​သ​မျှ​ကို မင်း​ကြီး​အား ငါ​ကြား​ပြော​ပါ​မည်​ဟု ဗာ​လက်​မင်း​အား​ဆို​ပြီး​မှ ကုန်း​တစ်​ခု​ပေါ်​သို့ တက်​သွား၏။

ပေ​တ​ရု​နှင့် အ​ခြား​သော တ​မန်​တော်​တို့​က​လည်း၊ လူ၏​စ​ကား​ထက် ဘု​ရား​သ​ခင်၏​စ​ကား​တော်ကို နား​ထောင်​သင့်​ပါ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ