Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တော​လည် 23:2

Judson Bible

ဗာ​လက်​မင်း​သည်​ပြု​ပြီး​လျှင်၊ ထို​သူ​နှစ်​ပါး​တို့​သည် ယဇ်​ပ​လ္လင်​တစ်​ခု​တစ်​ခု​အ​ပေါ်​မှာ နွား​တစ်​ကောင်​စီ​နှင့် သိုး​တစ်​ကောင်​စီ​ကို ပူ​ဇော်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

ပွဲ​နေ့​ခု​နစ်​ရက်​ပတ်​လုံး ထာ​ဝ​ရ​ဘု​ရား​အား မီး​ရှို့​ရာ​ယဇ်​ကို နွား​ထီး​ခု​နစ်​ကောင်၊ အ​ပြစ်​မ​ပါ​သော​သိုး​ထီး ခု​နစ်​ကောင်​ကို​လည်း​ကောင်း၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ဆိတ်​သ​ငယ် တစ်​ကောင်​ကို​လည်း​ကောင်း နေ့​တိုင်း​ပူ​ဇော်​ရ​မည်။

ထို​အ​ခါ ဗာ​လမ်​က၊ ဤ​အ​ရပ်၌​ငါ့​အ​ဖို့ ယဇ်​ပ​လ္လင်​ခု​နစ်​ခု​ကို တည်​လော့။ နွား​ထီး​ခု​နစ်​ကောင်၊ သိုး​ထီး​ခု​နစ်​ကောင်​တို့​ကို ပြင်​ဆင်​လော့​ဟု ဗာ​လက်​မင်း​အား​ဆို​သည်​အ​တိုင်း၊

ပိ​သ​ဂါ​တောင်​ပေါ်၊ ဇော​ဖိမ်​လယ်​ပြင်​သို့​ဆောင်​သွား၍ ယဇ်​ပ​လ္လင်​ခု​နစ်​ခု​ကို​တည်​ပြီး​မှ၊ ပ​လ္လင်​တစ်​ခု​တစ်​ခု​အ​ပေါ်​မှာ နွား​တစ်​ကောင်​စီ​နှင့် သိုး​တစ်​ကောင်​စီ​ကို ပူ​ဇော်​လေ၏။

ဗာ​လမ်​က​လည်း၊ ဤ​အ​ရပ်၌ ငါ့​အ​ဖို့ ယဇ်​ပ​လ္လင်​ခု​နစ်​ခု​ကို​တည်​လော့။ နွား​ထီး​ခု​နစ်​ကောင်၊ သိုး​ထီး​ခု​နစ်​ကောင်​တို့​ကို​ပြင်​ဆင်​လော့​ဟု ဗာ​လက်​မင်း​အား​ဆို​သည်​အ​တိုင်း၊

ဗာ​လမ်​က​လည်း၊ မင်း​ကြီး​ပူ​ဇော်​သော မီး​ရှို့​ရာ​ယဇ်​နား​မှာ ရပ်​လော့။ ငါ​သည် အ​ခြား​တစ်​ပါး​သို့​သွား​ပါ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​ကြို​ဆို​ခြင်း​ငှာ ကြွ​လာ​ကောင်း ကြွ​လာ​တော်​မူ​လိမ့်​မည်။ ငါ့​အား​ပြ​တော်​မူ​သ​မျှ​ကို မင်း​ကြီး​အား ငါ​ကြား​ပြော​ပါ​မည်​ဟု ဗာ​လက်​မင်း​အား​ဆို​ပြီး​မှ ကုန်း​တစ်​ခု​ပေါ်​သို့ တက်​သွား၏။

ဗာ​လက်​မင်း​သည်​ပြု၍၊ ယဇ်​ပ​လ္လင်​တစ်​ခု​တစ်​ခု​အ​ပေါ်​မှာ နွား​တစ်​ကောင်​စီ​နှင့် သိုး​တစ်​ကောင်​စီ​ကို ပူ​ဇော်​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ