Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တော​လည် 23:16

Judson Bible

ထာ​ဝ​ရ​ဘု​ရား​သည် ဗာ​လမ်​ကို​ကြို​ဆို၍ သူ၏​နှုတ်၌ စ​ကား​ကို​ထား​လျက်၊ သင်​သည် ဗာ​လက်​မင်း​ထံ​သို့​ပြန်၍ ဤ​သို့​ပြော​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

ည​အ​ချိန်၌ ဘု​ရား​သ​ခင်​သည် ဗာ​လမ်​ရှိ​ရာ​သို့​လာ၍၊ ထို​လူ​တို့​သည် သင့်​ကို​ခေါ်​ခြင်း​ငှာ​လာ​လျှင်၊ သူ​တို့​နှင့်​အ​တူ ထ၍​လိုက်​လော့။ သို့​ရာ​တွင် ငါ​မှာ​ထား​သ​မျှ​အ​တိုင်း​သာ ပြု​ရ​မည်​ဟု မိန့်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​က၊ သူ​တို့​နှင့်​အ​တူ လိုက်​လော့။ သို့​ရာ​တွင် ငါ​မှာ​ထား​သော​စ​ကား​ကို​သာ ဟော​ပြော​ရ​မည်​ဟု ဗာ​လမ်​အား မိန့်​တော်​မူ​သည်​အ​တိုင်း၊ သူ​သည် ဗာ​လက်​မင်း၏​ကျွန်​တို့​နှင့်​အ​တူ လိုက်​သွား​လေ၏။

ဗာ​လမ်​က​လည်း၊ မင်း​ကြီး​ပူ​ဇော်​သော မီး​ရှို့​ရာ​ယဇ်​နား​မှာ ရပ်​လော့။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ကို ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ အ​ခြား​တစ်​ပါး​သို့​သွား​ပါ​မည်​ဟု ဗာ​လက်​မင်း​အား ဆို၏။

ဗာ​လမ်​ပြန်​သော​အ​ခါ၊ ဗာ​လက်​မင်း​သည် မော​ဘ​မှူး​မတ်​တို့​နှင့်​တ​ကွ၊ မိ​မိ​ပူ​ဇော်​သော မီး​ရှို့​ရာ​ယဇ်​နား​မှာ ရပ်​နေ​လျက်၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​ဘယ်​သို့ မိန့်​တော်​မူ​သ​နည်း​ဟု မေး​လေ၏။

ထာ​ဝ​ရ​ဘု​ရား​သည် ဗာ​လမ်​နှုတ်၌ စ​ကား​ကို​ထား​လျက်၊ သင်​သည် ဗာ​လက်​မင်း​ထံ​သို့​ပြန်၍ ဤ​သို့​ပြော​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊

ထာ​ဝ​ရ​ဘု​ရား​သည်၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ကောင်း​ချီး​ပေး​ခြင်း​ငှာ အ​လို​ရှိ​တော်​မူ​ကြောင်း​ကို ဗာ​လမ်​သိ​မြင်​လျှင်၊ ထူး​ဆန်း​သော​အ​တတ်​ကို​ရှာ​ခြင်း​ငှာ အ​ရင်​သွား​သ​ကဲ့​သို့ မ​သွား​ဘဲ၊ တော​သို့​မျက်​နှာ​ပြု​လေ၏။

သူ​တို့ အ​မျိုး​သား​ချင်း​တို့​အ​ထဲ၌ သင်​နှင့်​တူ​သော ပ​ရော​ဖက်​တစ်​ပါး​ကို သူ​တို့​အ​ဖို့ ငါ​ပေါ်​ထွန်း​စေ၍၊ ထို​ပ​ရော​ဖက်​နှုတ်၌ ငါ့​စ​ကား​ကို ငါ​အပ်​သ​ဖြင့် ငါ​မှာ​ထား​သ​မျှ​တို့​ကို သူ​တို့​အား ဆင့်​ဆို​ရ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ