ပိသဂါတောင်ပေါ်၊ ဇောဖိမ်လယ်ပြင်သို့ဆောင်သွား၍ ယဇ်ပလ္လင်ခုနစ်ခုကိုတည်ပြီးမှ၊ ပလ္လင်တစ်ခုတစ်ခုအပေါ်မှာ နွားတစ်ကောင်စီနှင့် သိုးတစ်ကောင်စီကို ပူဇော်လေ၏။
ရွှေကို အိတ်ထဲကများစွာထုတ်လျက်၊ ငွေကိုလည်း ချိန်ခွင်နှင့်ချိန်လျက်၊ ပန်းထိမ်သမားကိုငှား၍ ဘုရားကို လုပ်စေပြီးမှ၊ ပျပ်ဝပ်ကိုးကွယ်ကြသည် တကား။
ဂိလဒ်ပြည်၌ အပြစ်ရှိ၏။ ပြည်သူပြည်သားတို့သည် အကျိုးနည်း ရှိကြပြီ။ ဂိလဂါလမြို့၌ နွားတို့ကို ယဇ်ပူဇော်၍၊ ယဇ်ပလ္လင်တို့သည် ထွန်ကြောင်းတွင် မြေအပုံပုံ ရှိသကဲ့သို့ များကြ၏။
ဗာမုတ်အရပ်မှ မောဘချိုင့်သို့လည်းကောင်း၊ ယေရှိမုန်မြို့ကို မျက်နှာပြုသော ပိသဂါတောင်ထိပ်သို့လည်းကောင်း ခရီးသွားကြ၏။
ဗာလက်မင်းကလည်း၊ ဣသရေလအမျိုးသားအပေါင်းတို့ကို တစ်ပြိုင်နက်မမြင်ရဘဲ တစ်ပိုင်းကိုမျှသာကြည့်မြင်ရာ၊ အခြားသောအရပ်သို့ ငါနှင့်အတူလိုက်ပါလော့။ ထိုအရပ်၌ သူတို့ကို ငါ့အဖို့ ကျိန်ဆဲပါဟုဆိုလျက်၊
ဗာလမ်ကလည်း၊ မင်းကြီးပူဇော်သော မီးရှို့ရာယဇ်နားမှာ ရပ်လော့။ ငါသည် ထာဝရဘုရားကို ခရီးဦးကြိုပြုခြင်းငှာ အခြားတစ်ပါးသို့သွားပါမည်ဟု ဗာလက်မင်းအား ဆို၏။
ဗာလမ်ကလည်း၊ ဤအရပ်၌ ငါ့အဖို့ ယဇ်ပလ္လင်ခုနစ်ခုကိုတည်လော့။ နွားထီးခုနစ်ကောင်၊ သိုးထီးခုနစ်ကောင်တို့ကိုပြင်ဆင်လော့ဟု ဗာလက်မင်းအားဆိုသည်အတိုင်း၊
ပိသဂါတောင်ထိပ်ပေါ်သို့ တက်ပြီးလျှင်၊ အရှေ့၊ အနောက်၊ တောင်၊ မြောက် လေးမျက်နှာသို့မျှော်၍ ထိုပြည်ကိုကြည့်ရှုလော့။ ယော်ဒန်မြစ်ကို မကူးရ။
ထိုနောက်၊ မောရှေသည် မောဘလွင်ပြင်မှသွား၍ ယေရိခေါမြို့တစ်ဖက်၊ နေဗောတောင်၊ ပိသဂါထိပ်ပေါ်သို့ တက်သဖြင့်၊ ထာဝရဘုရားသည် ဒန်မြို့တိုင်အောင်၊ ဂိလဒ်ပြည်တစ်လျှောက်လုံး၊
ယော်ဒန်မြစ်အရှေ့ဘက် လွင်ပြင်နှင့်တကွ လွင်ပြင်နှင့်ဆိုင်သောအိုင်နား၊ အာဇုတ်ပိသဂါမြို့တိုင်အောင်လည်းကောင်း သိမ်းယူကြ၏။