Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တော​လည် 23:13

Judson Bible

ဗာ​လက်​မင်း​က​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို တစ်​ပြိုင်​နက်​မ​မြင်​ရ​ဘဲ တစ်​ပိုင်း​ကို​မျှ​သာ​ကြည့်​မြင်​ရာ၊ အ​ခြား​သော​အ​ရပ်​သို့ ငါ​နှင့်​အ​တူ​လိုက်​ပါ​လော့။ ထို​အ​ရပ်၌ သူ​တို့​ကို ငါ့​အ​ဖို့ ကျိန်​ဆဲ​ပါ​ဟု​ဆို​လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ရှု​ရိ​ရှင်​ဘု​ရင်၏​ကျွန်​တို့​က​လည်း၊ သူ​တို့၏​ဘု​ရား​သည် တောင်​ကို​သာ​အ​စိုး​ရ​သော​ဘု​ရား​ဖြစ်၏။ ထို​ကြောင့် သူ​တို့​သည် ငါ​တို့​ကို​နိုင်​ပါ၏။ ငါ​တို့​သည် လွင်​ပြင်၌ တစ်​ခါ​တိုက်​ကြ​ကုန်​အံ့။ ထို​သို့​တိုက်​လျှင် စင်​စစ်​နိုင်​ကြ​လိမ့်​မည်။

ဘု​ရား​သ​ခင်၏ လူ​တစ်​ယောက်​သည် ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​ထံ​သို့ လာ၍ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ရှု​ရိ​လူ​တို့​က ထာ​ဝ​ရ​ဘု​ရား​သည် တောင်​ကို​သာ​အ​စိုး​ရ​သော ဘု​ရား​ဖြစ်၏။ လွင်​ပြင်​ကို​အ​စိုး​ရ​သော ဘု​ရား​မ​ဟုတ်​ဟု ဆို​မိ​သော​ကြောင့်၊ ထို​ကြီး​စွာ​သော အ​လုံး​အ​ရင်း​အ​ပေါင်း​ကို သင့်​လက်​သို့​ငါ​အပ်​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​တို့​သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ​ကြောင်း​ကို ဆင့်​ဆို၏။

သူ​သည် ကျိန်​ဆဲ​ခြင်း​ကို နှစ်​သက်​သည်​နှင့်​အ​ညီ၊ သူ့​အ​ပေါ်​သို့ ရောက်​ပါ​စေ။ ကောင်း​ချီး​မင်္ဂ​လာ​ကို အ​လို​မ​ရှိ​သည်​အ​တိုင်း သူ​နှင့်​ဝေး​ပါ​စေ။

အို ငါ၏​လူ​မျိုး၊ ရှိ​တ္တိမ်​မြို့​နှင့် ဂိ​လ​ဂါ​လ​မြို့ စပ်​ကြား​မှာ မော​ဘ​မင်း​ကြီး ဗာ​လက်​ကြံ​စည်​သော အ​ကြံ​ကို​လည်း​ကောင်း၊ ဗော​ရ​သား ဗာ​လမ်​ပြန်​ပြော​သော စ​ကား​ကို​လည်း​ကောင်း အောက်​မေ့​လော့။ ထို​သို့ အောက်​မေ့​မိ​လျှင်၊ ထာ​ဝ​ရ​ဘု​ရား၏​ဖြောင့်​မတ်​တော်​မူ​ခြင်း​ကို နား​လည်​လိမ့်​မည်။

နက်​ဖြန်​နေ့၌ ဗာ​လက်​မင်း​သည် ဗာ​လမ်​ကို​ခေါ်၍ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို အ​ကုန်​အ​စင်​ပြ​ခြင်း​ငှာ ဗာ​လ​ဘု​ရား​နှင့်​ဆိုင်​သော ကုန်း​ရိုး​ပေါ်​သို့ ပို့​ဆောင်​လေ၏။

သို့​ဖြစ်၍၊ ကြွ​လာ​ပါ။ ဤ​လူ​မျိုး​သည် ငါ့​ထက်​အား​ကြီး​သော​ကြောင့် သူ​တို့​ကို ငါ့​အ​ဖို့​ကျိန်​ဆဲ​ပါ။ သို့​ပြု​လျှင် သူ​တို့​ကို​ငါ​တိုက်၍ ငါ့​ပြည်​မှ​နှင်​ထုတ်​နိုင်​ကောင်း နှင်​ထုတ်​နိုင်​လိမ့်​မည်။ ကိုယ်​တော်​ကောင်း​ချီး​ပေး​သော​သူ​သည် ကောင်း​ချီး​မင်္ဂ​လာ​ခံ​ရ​သည်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​ကျိန်​ဆဲ​သော​သူ​သည် ကျိန်​ဆဲ​အပ်​သော​သူ ဖြစ်​သည်​ကို​လည်း​ကောင်း​ငါ​သိ​သည်​ဟု မှာ​လိုက်​လေ၏။

ဗာ​လမ်​က၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​နှုတ်၌​ထား​တော်​မူ​သော​စ​ကား​ကို ပြော​ရ​အောင် ငါ​သ​တိ​မ​ပြု​ရ​သ​လော​ဟု ပြန်​ဆို၏။

ပိ​သ​ဂါ​တောင်​ပေါ်၊ ဇော​ဖိမ်​လယ်​ပြင်​သို့​ဆောင်​သွား၍ ယဇ်​ပ​လ္လင်​ခု​နစ်​ခု​ကို​တည်​ပြီး​မှ၊ ပ​လ္လင်​တစ်​ခု​တစ်​ခု​အ​ပေါ်​မှာ နွား​တစ်​ကောင်​စီ​နှင့် သိုး​တစ်​ကောင်​စီ​ကို ပူ​ဇော်​လေ၏။

မော​ဘ​ရှင်​ဘု​ရင် ဇိ​ဖော်၏​သား​ဗာ​လက်​သည် ထ၍ ဣ​သ​ရေ​လ​အ​မျိုး​ကို စစ်​တိုက်​သ​ဖြင့်၊ သင်​တို့​ကို ကျိန်​ဆဲ​စေ​ခြင်း​ငှာ၊ ဗော​ရ၏​သား​ဗာ​လမ်​ကို​ခေါ်​သော​အ​ခါ၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ