Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တော​လည် 23:12

Judson Bible

ဗာ​လမ်​က၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​နှုတ်၌​ထား​တော်​မူ​သော​စ​ကား​ကို ပြော​ရ​အောင် ငါ​သ​တိ​မ​ပြု​ရ​သ​လော​ဟု ပြန်​ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

သင်​သည်​သူ​နှင့်​စ​ကား​ပြော၍၊ သူ​ပြော​စ​ရာ​စ​ကား​ကို​ပေး​ရ​မည်။ သင်၏​နှုတ်၌​လည်း​ကောင်း၊ သူ၏​နှုတ်၌​လည်း​ကောင်း​ငါ​ရှိ၍၊ သင်​တို့​သည် အ​ဘယ်​သို့​ပြု​ရ​မည်​ကို သွန်​သင်​မည်။

ထို​သို့​သော​သူ၏ စ​ကား​သည် ချို​သော်​လည်း မ​ယုံ​နှင့်။ သူ၏​စိတ်​နှ​လုံး​ထဲ​မှာ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​ရာ​ခု​နစ်​ပါး​ရှိ၏။

ည​အ​ချိန်၌ ဘု​ရား​သ​ခင်​သည် ဗာ​လမ်​ရှိ​ရာ​သို့​လာ၍၊ ထို​လူ​တို့​သည် သင့်​ကို​ခေါ်​ခြင်း​ငှာ​လာ​လျှင်၊ သူ​တို့​နှင့်​အ​တူ ထ၍​လိုက်​လော့။ သို့​ရာ​တွင် ငါ​မှာ​ထား​သ​မျှ​အ​တိုင်း​သာ ပြု​ရ​မည်​ဟု မိန့်​တော်​မူ၏။

ဗာ​လမ်​က၊ မင်း​ကြီး​ထံ​သို့ ငါ​လာ​ပါ​ပြီ။ သို့​ရာ​တွင် ငါ​သည်​စ​ကား​တ​ခွန်း​ကို​မျှ ပြော​ပိုင်​သ​လော။ ငါ့​နှုတ်၌ ဘု​ရား​သ​ခင်​ထား​တော်​မူ​သော စ​ကား​ကို​သာ ငါ​ပြော​ပါ​မည်​ဟု ပြန်​ပြော​ပြီး​မှ၊

ဗာ​လက်​မင်း​က​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို တစ်​ပြိုင်​နက်​မ​မြင်​ရ​ဘဲ တစ်​ပိုင်း​ကို​မျှ​သာ​ကြည့်​မြင်​ရာ၊ အ​ခြား​သော​အ​ရပ်​သို့ ငါ​နှင့်​အ​တူ​လိုက်​ပါ​လော့။ ထို​အ​ရပ်၌ သူ​တို့​ကို ငါ့​အ​ဖို့ ကျိန်​ဆဲ​ပါ​ဟု​ဆို​လျက်၊

ကောင်း​ချီး​ပေး​ရ​မည်​အ​ကြောင်း၊ အ​မိန့်​တော်​ကို​ငါ​ခံ​ရ​ပြီ။ ဘု​ရား​သ​ခင် ကောင်း​ချီး​ပေး​တော်​မူ​ပြီ။ ထို​ကောင်း​ချီး​ကို ငါ​မ​ဖျက်​နိုင်။

ဗာ​လမ်​က၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သ​မျှ​အ​တိုင်း ငါ​ပြု​ရ​ပါ​မည်​ဟု မင်း​ကြီး​အား အ​ရင်​ပြော​နှင့်​ပြီ​မ​ဟုတ်​လော​ဟု ဗာ​လက်​မင်း​အား​ပြန်​ပြော၏။

ဗာ​လမ်​က​လည်း၊ မင်း​ကြီး​ပူ​ဇော်​သော မီး​ရှို့​ရာ​ယဇ်​နား​မှာ ရပ်​လော့။ ငါ​သည် အ​ခြား​တစ်​ပါး​သို့​သွား​ပါ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​ကြို​ဆို​ခြင်း​ငှာ ကြွ​လာ​ကောင်း ကြွ​လာ​တော်​မူ​လိမ့်​မည်။ ငါ့​အား​ပြ​တော်​မူ​သ​မျှ​ကို မင်း​ကြီး​အား ငါ​ကြား​ပြော​ပါ​မည်​ဟု ဗာ​လက်​မင်း​အား​ဆို​ပြီး​မှ ကုန်း​တစ်​ခု​ပေါ်​သို့ တက်​သွား၏။

ထာ​ဝ​ရ​ဘု​ရား၏​ပ​ညတ်​တော်​ကို လွန်​ကျူး၍ ကောင်း​သော​အ​မှု၊ မ​ကောင်း​သော​အ​မှု​တစ်​စုံ​တစ်​ခု​ကို ကိုယ်​အ​လို​အ​လျောက် ငါ​မ​ပြု​နိုင်။ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သ​မျှ​ကို ငါ​ပြော​ပါ​မည်​ဟု မင်း​ကြီး​စေ​လွှတ်​သော သံ​တ​မန်​တို့​အား ငါ​ပြော​နှင့်​ပြီ​မ​ဟုတ်​လော။

အ​ကြောင်း​မူ​ကား ထို​သို့​သော​သူ​တို့​သည် ငါ​တို့​သ​ခင်​ခ​ရစ်​တော်၏ အ​မှု​ကို​မ​ဆောင်​ရွက်​ဘဲ​လျက်၊ မိ​မိ​တို့​ဝမ်း၏​အ​မှု​ကို​သာ ဆောင်​ရွက်၍၊ လော​က​ဝတ်​စ​ကား​နှင့် ချော့​မော့​သော​စ​ကား​အား​ဖြင့် စိတ်​ကောင်း​သော​သူ​တို့​ကို လှည့်​ဖြား​တတ်​ကြ၏။-

သူ​တို့​သည် ဘု​ရား​သ​ခင်​ကို သိ​ယောင်​ဆောင်​သော်​လည်း၊ အ​ကျင့်​အား​ဖြင့်​ဘု​ရား​သ​ခင်​ကို ငြင်း​ပယ်​ကြ၏။ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော​သူ၊ နား​မ​ထောင်​သော​သူ၊ ကောင်း​သော​အ​မှု​တစ်​ခု​ကို​မျှ ပြု​တတ်​သော​ဉာဏ် မ​ရှိ​သော​သူ​ဖြစ်​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ