Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တော​လည် 22:8

Judson Bible

ဗာ​လမ်​က၊ ယ​နေ့​ည​မှာ ဤ​အ​ရပ်၌​နေ​ကြ​ပါ​ဦး။ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း ငါ​ပြန်​ပြော​မည်​ဟု​ဆို​လျှင်၊ မော​ဘ​အ​ရာ​ရှိ​တို့​သည် ဗာ​လမ်​ထံ​မှာ​နေ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ဘု​ရား​သ​ခင်၏​လူ​က၊ နန်း​တော်​တစ်​ဝက်​ကို ပေး​သော်​လည်း သင်​နှင့်​အ​တူ ငါ​မ​လိုက်။ ဤ​အ​ရပ်၌ မုန့်​ကို​မ​စား၊ ရေ​ကို​လည်း မ​သောက်​ရ။

မိ​က္ခာ​က၊ ထာ​ဝ​ရ​ဘု​ရား​အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော စ​ကား​ကို​သာ ငါ​ပြန်​ပြော​ရ​မည်​ဟု ဆို၏။

ကိုယ်​တော်​သည် သူ​တို့​ကို စိုက်​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည် အ​မြစ်​ကျ၍​ကြီး​ပွား​လျက် အ​သီး​ကို သီး​ကြ​ပါ၏။ ကိုယ်​တော်​သည် သူ​တို့​နှုတ်​နှင့် နီး၍ နှ​လုံး​နှင့် ဝေး​တော်​မူ၏။

ငါ၏​လူ​ကဲ့​သို့ သင့်​ထံ​သို့​လာ၍၊ ငါ၏​လူ​ကဲ့​သို့ သင့်​ရှေ့​မှာ​ထိုင်​လျက်၊ သင်၏​စ​ကား​ကို ကြား​သော်​လည်း၊ နား​မ​ထောင်​ဘဲ​နေ​ကြ၏။ အ​လွန်​ချစ်​ဖွယ်​သော​လ​က္ခ​ဏာ​ကို နှုတ်​နှင့်​ပြ​သော်​လည်း၊ စိတ်​နှ​လုံး​မူ​ကား လော​ကီ​ဥ​စ္စာ​ကို စွဲ​လမ်း​လျက်​ရှိ၏။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ငါ့​စ​ကား​ကို နား​ထောင်​ကြ​လော့။ သင်​တို့​တွင် ပ​ရော​ဖက်​ရှိ​လျှင်၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် ထို​သူ၌ ထူး​ဆန်း​သော​ရူ​ပါ​ရုံ​အား​ဖြင့် ကိုယ်​ကို​ပြ​မည်။ သို့​မ​ဟုတ် အိပ်​မက်​အား​ဖြင့် ဗျာ​ဒိတ်​ပေး​မည်။

ဗာ​လမ်​က​လည်း၊ ဗာ​လက်​မင်း​သည် ရွှေ​ငွေ​နှင့်​ပြည့်​သော မိ​မိ​နန်း​တော်​ကို​ပင် ပေး​သော်​လည်း၊ ငါ​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​ကို လွန်​ကျူး၍ အ​မှု​အ​ကြီး​အ​ငယ်​တစ်​စုံ​တစ်​ခု​ကို​မျှ ငါ​မ​ပြု​နိုင်။

ဗာ​လမ်​က၊ မင်း​ကြီး​ထံ​သို့ ငါ​လာ​ပါ​ပြီ။ သို့​ရာ​တွင် ငါ​သည်​စ​ကား​တ​ခွန်း​ကို​မျှ ပြော​ပိုင်​သ​လော။ ငါ့​နှုတ်၌ ဘု​ရား​သ​ခင်​ထား​တော်​မူ​သော စ​ကား​ကို​သာ ငါ​ပြော​ပါ​မည်​ဟု ပြန်​ပြော​ပြီး​မှ၊

မော​ဘ​ပြည်​သား​အ​သက်​ကြီး​သူ​တို့​နှင့် မိ​ဒျန်​ပြည်​သား အ​သက်​ကြီး​သူ​တို့​သည် ပြု​စား​ခြင်း​လက်​ဆောင်​ပါ​လျက် သွား၍၊ ဗာ​လမ်​ထံ​သို့​ရောက်​သော​အ​ခါ၊ ဗာ​လက်​မင်း​စ​ကား​ကို ကြား​လျှောက်​လေ၏။

ဘု​ရား​သ​ခင်​သည် ဗာ​လမ်​ရှိ​ရာ​သို့​လာ၍၊ သင်၌​ရှိ​သော ဤ​လူ​တို့​သည် အ​ဘယ်​သူ​နည်း​ဟု မေး​တော်​မူ​လျှင်၊

ဗာ​လမ်​က၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​နှုတ်၌​ထား​တော်​မူ​သော​စ​ကား​ကို ပြော​ရ​အောင် ငါ​သ​တိ​မ​ပြု​ရ​သ​လော​ဟု ပြန်​ဆို၏။

ဗာ​လမ်​က​လည်း၊ မင်း​ကြီး​ပူ​ဇော်​သော မီး​ရှို့​ရာ​ယဇ်​နား​မှာ ရပ်​လော့။ ငါ​သည် အ​ခြား​တစ်​ပါး​သို့​သွား​ပါ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​ကြို​ဆို​ခြင်း​ငှာ ကြွ​လာ​ကောင်း ကြွ​လာ​တော်​မူ​လိမ့်​မည်။ ငါ့​အား​ပြ​တော်​မူ​သ​မျှ​ကို မင်း​ကြီး​အား ငါ​ကြား​ပြော​ပါ​မည်​ဟု ဗာ​လက်​မင်း​အား​ဆို​ပြီး​မှ ကုန်း​တစ်​ခု​ပေါ်​သို့ တက်​သွား၏။

ထာ​ဝ​ရ​ဘု​ရား၏​ပ​ညတ်​တော်​ကို လွန်​ကျူး၍ ကောင်း​သော​အ​မှု၊ မ​ကောင်း​သော​အ​မှု​တစ်​စုံ​တစ်​ခု​ကို ကိုယ်​အ​လို​အ​လျောက် ငါ​မ​ပြု​နိုင်။ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သ​မျှ​ကို ငါ​ပြော​ပါ​မည်​ဟု မင်း​ကြီး​စေ​လွှတ်​သော သံ​တ​မန်​တို့​အား ငါ​ပြော​နှင့်​ပြီ​မ​ဟုတ်​လော။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ