ဗာလက်မင်းသည်လည်း၊ သိုးနွားတို့ကိုပူဇော်၍ ဗာလမ်နှင့် အရာရှိတို့အားပေးလိုက်လေ၏။
ထိုအခါယာကုပ်သည် တောင်ပေါ်မှာယဇ်ပူဇော်၍၊ ညီအစ်ကိုများကို အစာစားစေခြင်းငှာ ခေါ်ဖိတ်သဖြင့်၊ သူတို့သည်စားသောက်၍၊ တောင်ပေါ်မှာညကိုလွန်စေကြ၏။
အကြောင်းမူကား၊ သူတို့ခြေသည် ဒုစရိုက်ပြုရာသို့ပြေး၍၊ လူအသက်ကို သတ်ခြင်းငှာလျင်မြန်၏။
ဗာလက်မင်းနှင့်အတူလိုက်၍ ကိရယဿုဇုတ်မြို့သို့ ရောက်ကြ၏။
နက်ဖြန်နေ့၌ ဗာလက်မင်းသည် ဗာလမ်ကိုခေါ်၍ ဣသရေလအမျိုးသားအပေါင်းတို့ကို အကုန်အစင်ပြခြင်းငှာ ဗာလဘုရားနှင့်ဆိုင်သော ကုန်းရိုးပေါ်သို့ ပို့ဆောင်လေ၏။
ပိသဂါတောင်ပေါ်၊ ဇောဖိမ်လယ်ပြင်သို့ဆောင်သွား၍ ယဇ်ပလ္လင်ခုနစ်ခုကိုတည်ပြီးမှ၊ ပလ္လင်တစ်ခုတစ်ခုအပေါ်မှာ နွားတစ်ကောင်စီနှင့် သိုးတစ်ကောင်စီကို ပူဇော်လေ၏။
ဗာလက်မင်းသည်ပြုပြီးလျှင်၊ ထိုသူနှစ်ပါးတို့သည် ယဇ်ပလ္လင်တစ်ခုတစ်ခုအပေါ်မှာ နွားတစ်ကောင်စီနှင့် သိုးတစ်ကောင်စီကို ပူဇော်ကြ၏။
ဗာလက်မင်းသည်ပြု၍၊ ယဇ်ပလ္လင်တစ်ခုတစ်ခုအပေါ်မှာ နွားတစ်ကောင်စီနှင့် သိုးတစ်ကောင်စီကို ပူဇော်လေ၏။