ဗာလမ်က၊ မင်းကြီးထံသို့ ငါလာပါပြီ။ သို့ရာတွင် ငါသည်စကားတခွန်းကိုမျှ ပြောပိုင်သလော။ ငါ့နှုတ်၌ ဘုရားသခင်ထားတော်မူသော စကားကိုသာ ငါပြောပါမည်ဟု ပြန်ပြောပြီးမှ၊
မိက္ခာက၊ ထာဝရဘုရားအသက်ရှင်တော်မူသည်အတိုင်း ထာဝရဘုရား မိန့်တော်မူသော စကားကိုသာ ငါပြန်ပြောရမည်ဟု ဆို၏။
ရှင်ဘုရင်ကလည်း၊ မှန်သောစကားမှတစ်ပါး အခြားသောစကားကို ထာဝရဘုရားအခွင့်နှင့် သင်သည် ငါ့အားမဟောမည်အကြောင်း၊ ငါသည် ဘယ်နှစ်ကြိမ်တိုင်အောင် သင့်အားအကျိန်ပေးရမည်နည်းဟု မေးသော်၊
မိက္ခာက၊ ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ ငါ၏ ဘုရားသခင်မိန့်တော်မူသော စကားကိုသာ ငါပြန်ပြောရမည်ဟု ဆို၏။
ထာဝရဘုရားသည် တစ်ပါးအမျိုးသားတို့၏တိုင်ပင်ခြင်းကိုပယ်တော်မူ၏။ လူစုတို့၏ကြံစည်ခြင်းကိုလည်း ဖျက်ဆီးတော်မူ၏။
အကယ်စင်စစ် လူတို့၏ဒေါသသည် ကိုယ်တော်ကို ချီးမွမ်းလိမ့်မည်။ ကြွင်းသောဒေါသကိုလည်း ခါးပန်းစည်းတော်မူမည်။
လူသည် အထူးထူး အပြားပြား ကြံစည်တတ်၏။ သို့ရာတွင်၊ ထာဝရဘုရား၏ အကြံတော်သည် တည်လိမ့်မည်။
ငါသည် မိစ္ဆာဆရာတို့၏ပုပ္ပနိမိတ်များကို ပယ်ဖျောက်တတ်၏။ ဗေဒင်သမားတို့ကို ရူးသွပ်စေတတ်၏။ ပညာရှိတို့ကိုလှန်၍ သူတို့၏ပညာကို မိုက်စေတတ်၏။
အဦးမှစ၍ အဆုံးတိုင်အောင်လည်းကောင်း၊ ရှေးကာလမှစ၍ မဖြစ်သေးသော အမှုအရာတို့ကိုလည်းကောင်း ဖော်ပြလျက်၊ ငါ့အကြံတည်လိမ့်မည်။ ငါ့အလိုရှိသမျှကို ငါပြည့်စုံစေမည်ဟု ဆိုလျက်၊
သင်သည် ငယ်သောအရွယ်မှစ၍၊ ကြိုးစားအားထုတ်သော နတ်ဝိဇ္ဇာအတတ်နှင့်၊ ပြုစားသောအတတ် အမျိုးမျိုးတို့ကို အမှီပြု၍ တည်နေလော့။ အကျိုးကို ရကောင်းလျှင် ရလိမ့်မည်။ နိုင်ကောင်းလျှင် နိုင်လိမ့်မည်။
ဗာလမ်ကလည်း၊ ဗာလက်မင်းသည် ရွှေငွေနှင့်ပြည့်သော မိမိနန်းတော်ကိုပင် ပေးသော်လည်း၊ ငါကိုးကွယ်သော ဘုရားသခင်ထာဝရဘုရား၏စကားတော်ကို လွန်ကျူး၍ အမှုအကြီးအငယ်တစ်စုံတစ်ခုကိုမျှ ငါမပြုနိုင်။
ဗာလက်မင်းကလည်း၊ ကိုယ်တော်ကိုခေါ်ပင့်စေခြင်းငှာ ငါသည် အထပ်ထပ်စေလွှတ်သည် မဟုတ်လော။ အဘယ်ကြောင့် နှေးပါသနည်း။ ကိုယ်တော်ကို ငါချီးမြှောက်နိုင်သည် မဟုတ်လောဟု ဗာလမ်အားဆိုလျှင်၊
ဗာလက်မင်းနှင့်အတူလိုက်၍ ကိရယဿုဇုတ်မြို့သို့ ရောက်ကြ၏။
ဗာလမ်က၊ ယနေ့ညမှာ ဤအရပ်၌နေကြပါဦး။ ထာဝရဘုရားမိန့်တော်မူသည်အတိုင်း ငါပြန်ပြောမည်ဟုဆိုလျှင်၊ မောဘအရာရှိတို့သည် ဗာလမ်ထံမှာနေကြ၏။
ထာဝရဘုရားသည် ဗာလမ်ကိုကြိုဆို၍ သူ၏နှုတ်၌ စကားကိုထားလျက်၊ သင်သည် ဗာလက်မင်းထံသို့ပြန်၍ ဤသို့ပြောလော့ဟု မိန့်တော်မူသည်အတိုင်း၊
ဗာလမ်က၊ ထာဝရဘုရားမိန့်တော်မူသမျှအတိုင်း ငါပြုရပါမည်ဟု မင်းကြီးအား အရင်ပြောနှင့်ပြီမဟုတ်လောဟု ဗာလက်မင်းအားပြန်ပြော၏။
ထာဝရဘုရား၏ပညတ်တော်ကို လွန်ကျူး၍ ကောင်းသောအမှု၊ မကောင်းသောအမှုတစ်စုံတစ်ခုကို ကိုယ်အလိုအလျောက် ငါမပြုနိုင်။ ထာဝရဘုရားမိန့်တော်မူသမျှကို ငါပြောပါမည်ဟု မင်းကြီးစေလွှတ်သော သံတမန်တို့အား ငါပြောနှင့်ပြီမဟုတ်လော။