Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တော​လည် 22:36

Judson Bible

ဗာ​လမ်​ရောက်​သော​သ​တင်း​ကို ဗာ​လက်​မင်း​ကြား​လျှင်၊ ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ၊ မော​ဘ​ပြည်​စွန် အာ​နုန်​ချောင်း​နား​မှာ​ရှိ​သော မြို့​တစ်​မြို့​သို့​ထွက်​သွား၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ခေ​ဒေါ​ရ​လော​မာ​နှင့်၊ သူ့​ဘက်​က​နေ​သော​မင်း​ကြီး​တို့​ကို လုပ်​ကြံ​ရာ​မှ အာ​ဗြံ​ပြန်​လာ​သော​အ​ခါ၊ သော​ဒုံ​မင်း​ကြီး​သည် ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ ရှာ​ဝေ​ချိုင့်​တည်း​ဟူ​သော မင်း​ကြီး​ချိုင့်​သို့​ထွက်​သွား၏။

မျှော်​ကြည့်၍၊ မိ​မိ​ရှေ့​မှာ လူ​သုံး​ယောက်​ရပ်​နေ​ကြ​သည်​ကို​မြင်​သော​အ​ခါ၊ ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ တဲ​တံ​ခါး​ဝ​မှ​ပြေး၍ မြေ​သို့​ဦး​ညွှတ်​ချ​လျက်၊

ယော​သပ်​သည်​ရ​ထား​ကို​ပြင်၍ အ​ဘ​ဣ​သ​ရေ​လ​ကို ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ ဂေါ​ရှင်​ပြည်​သို့​သွား၍ အ​ဘ​ရှေ့​သို့​ရောက်​သော်၊ အ​ဘ၏​လည်​ပင်း​ကို​ဖက်​လျက် ကြာ​ကြာ​ငို​လေ​၏။

မော​ရှေ​သည်​ယော​က္ခ​မ​ကို ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ​ထွက်​၍ ဦး​ချ​နမ်း​ရှုပ်​လျက်၊ ကျန်း​မာ​ကြောင်း​ကို တစ်​ယောက်​နှင့် တစ်​ယောက်​မေး​မြန်း​လျက် တဲ​သို့​ဝင်​ကြ​၏။

မိ​မိ​အ​သိုက်​ကို​စွန့်​ပစ်၍ လည်​ရ​သော​ငှက်​ကဲ့​သို့၊ မော​ဘ​သ​မီး​တို့​သည် အာ​နုန်​မြစ်​ကူး​ရာ ကမ်း​နား​မှာ​ရှိ​ကြ​လိမ့်​မည်။

မော​ဘ​သည် စိတ်​ပျက်​လေ၏။ ပြို​လဲ​လျက် ရှိ၏။ ငို​ကြွေး​မြည်​တမ်း​ကြ​လော့။ မော​ဘ​သည် ပျက်​စီး​ကြောင်း​ကို အာ​နုန်​မြို့၌ ကြား​ပြော​ကြ​လော့။

ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​က၊ သူ​တို့​နှင့်​အ​တူ လိုက်​လော့။ သို့​ရာ​တွင် ငါ​မှာ​ထား​သော​စ​ကား​ကို​သာ ဟော​ပြော​ရ​မည်​ဟု ဗာ​လမ်​အား မိန့်​တော်​မူ​သည်​အ​တိုင်း၊ သူ​သည် ဗာ​လက်​မင်း၏​ကျွန်​တို့​နှင့်​အ​တူ လိုက်​သွား​လေ၏။

ဗာ​လက်​မင်း​က​လည်း၊ ကိုယ်​တော်​ကို​ခေါ်​ပင့်​စေ​ခြင်း​ငှာ ငါ​သည် အ​ထပ်​ထပ်​စေ​လွှတ်​သည် မ​ဟုတ်​လော။ အ​ဘယ်​ကြောင့် နှေး​ပါ​သ​နည်း။ ကိုယ်​တော်​ကို ငါ​ချီး​မြှောက်​နိုင်​သည် မ​ဟုတ်​လော​ဟု ဗာ​လမ်​အား​ဆို​လျှင်၊

ရော​မ​မြို့​သား​ညီ​အစ်​ကို​တို့​သည် ငါ​တို့​လာ​ကြောင်း​ကို ကြား​သိ​လျှင်၊ ခ​ရီး​ဦး​ကြို​ပြု​အံ့​သော​ငှာ အ​ချို့​တို့​သည် အ​ပ္ပိ​ဈေး​တိုင်​အောင်​လည်း​ကောင်း၊ အ​ချို့​တို့​သည် သုံး​ဇ​ရပ်​တိုင်​အောင်​လည်း​ကောင်း လာ​ကြ၏။ ပေါ​လု​သည် ထို​သူ​တို့​ကို မြင်​လျှင်၊ ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း၍ စိတ်​သက်​သာ​ခြင်း​သို့ ရောက်​လေ၏။

သင်​တို့​သည် ထ၍​ခ​ရီး​သွား​သ​ဖြင့် အာ​နုန်​မြစ်​ကို​ကူး​ကြ​လော့။ အာ​မော​ရိ​အ​မျိုး၊ ဟေ​ရှ​ဘုန်​ရှင်​ဘု​ရင်​ရှိ​ဟုန်​နှင့် သူ၏​မြေ​ကို သင်​တို့​လက်၌ ငါ​အပ်​သော​ကြောင့်၊ ထို​မြေ​ကို​သိမ်း​စ​ပြု၍ ထို​မင်း​ကို​စစ်​တိုက်​ကြ​လော့။

ထို​အ​ခါ အာ​နုန်​မြစ်​မှ​စ၍ ဟေ​ရ​မုန်​တောင်​တိုင်​အောင်၊ ယော်​ဒန်​မြစ် အ​ရှေ့​ဘက်၌​ရှိ​သော​မြေ​ကို ငါ​တို့​သည်​သိမ်း​ယူ​ကြ၏။

နောက်​တစ်​ဖန် တော​ကို​လျှောက်​လျက်၊ ဧ​ဒုံ​ပြည်​နှင့် မော​ဘ​ပြည်​ကို ဝိုင်း၍ မော​ဘ​ပြည်​အ​ရှေ့​ဘက်​သို့ ရောက်​ပြီး​မှ အာ​နုန်​မြစ်​တစ်​ဖက်၌ တပ်​ချ​ကြ၏။ ထို​အ​ခါ မော​ဘ​ပြည်​နယ်​အ​တွင်း​သို့ မ​ဝင်​ကြ။ အာ​နုန်​မြစ်​သည် မော​ဘ​ပြည်​အ​ပိုင်း​အ​ခြား ဖြစ်​သ​တည်း။

မီး​ရှို့​ရာ​ယဇ်​ပူ​ဇော်​ခြင်း​အ​မှု​ပြီး​သည်​အ​ဆုံး၌ ရှ​မွေ​လ​သည်​လာ၏။ ရှော​လု​သည် ကောင်း​ချီး​ပေး၍ ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ ထွက်​သွား​လျှင်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ